NCA လက်မှတ်ထိုးရှစ်ဖွဲ့နှင့် UNFC တို့ ရက်ပိုင်းအတွင်း တွေ့ဆုံမည်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုး ရှစ် ဖွဲ့နှင့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ(UNFC) တို့ မကြာမီရက်ပိုင်း အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။


NCA လက်မှတ်ရေးထိုးရှစ် ဖွဲ့နှင့် စက်တင်ဘာ ၈ ရက်ဝန်း ကျင်တွင် တွေ့ဆုံမည်ဟု ကြားသိရကြောင်း UNFC ဗဟိုအလုပ်အမှု ဆောင် ဗိုလ်ချုပ်ဘီထူးကပြော ကြားသည်။

NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ် မှူးကြီး ခွန်ဥက္ကာက ‘‘UNFC ဥက္ကဋ္ဌဖြစ်တဲ့ လူက မွန်ဒုဥက္ကဋ္ဌကိုး။ သူ က မွန်ပြည်မှာ ရောက်နေတော့ မနက်ဖြန် (စက်တင်ဘာ) ၇ ရက် ရောက်ရင်တော့ တွေ့ဆုံမှုက၈ ရက်နေ့ဖြစ်နိုင်တာပေါ့။ ကျွန်တော်တို့ တာဝန်ပေးပြီးသားအဖွဲ့ ရှိတယ်လေ။ အဲဒီအဖွဲ့နဲ့ တွေ့ပေါ့။ ဆွေးနွေးတဲ့ သဘောထက် ကို ဖလှယ်တဲ့ သဘောက ပိုများ ပါတယ်’’ဟု ပြောသည်။

UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့(DPN) နှင့် NCA လက်မှတ်ထိုးရှစ်ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (PPWT) တို့၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ထား သည်။

ယင်းအစည်းအဝေးတွင် DPN ဘက်က အစိုးရ၏ ငြိမ်း ချမ်းရေးကော်မရှင်နှင့် ဆွေးနွေးခဲ့ သည့် အခြေအနေများကို လက် မှတ်ထိုးရှစ်ဖွဲ့ထံ ပြန်လည်ရှင်းပြ ခဲ့သည်။ ထို့အပြင် နိုင်ငံရေးဆွေး နွေးရေးမူဘောင် ပြန်လည်သုံး သပ်ခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC)တို့နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ သည်။

UNFC အဖွဲ့ဝင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအ နက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့် တောင်းဆိုထား၍ လက်ရှိတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ရခိုင် အမျိုးသားကောင်စီ (ANC)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့သာ ကျန်ရှိတော့ သည်။

UNFC အဖွဲ့ဝင် အဖွဲ့အ စည်းများ NCA လက်မှတ်ထိုးနိုင် ရေး အစိုးရနှင့် ခြောက်ကြိမ် မြောက် တရားဝင်ဆွေးနွေးထား ပြီး ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲ ကို ယခုလအတွင်း ရန်ကုန်မြို့၌ ပြုလုပ်ရန် စီစဉ်ထားသည်။