မြန်မာသံရုံးများ လုံခြုံရေး အစိုးရက အချက်သုံးချက်ညွှန်ကြား

ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ ပြည်ပနိုင်ငံအချို့တွင် ဆန့် ကျင်ဆန္ဒပြနေသောကြောင့် ပြည်ပရှိ မြန်မာသံရုံးများလုံခြုံရေး အချက် သုံးချက်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။

‘‘နံပါတ် (၁)  သံရုံးလုံခြုံရေး၊ နံပါတ် (၂) သံရုံးဝန်ထမ်းတွေလုံခြုံရေး၊ နံပါတ် (၃) သံရုံးမှာရှိတဲ့ သတင်းအချက်အလက်တွေ လုံခြုံရေးပေါ့။ သံရုံးတွေကလည်း ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တော့ လုပ်ဆောင်နေတယ်။ အဓိကဘာလဲဆိုတော့ သံရုံးတွေကို ကာ ကွယ်ဖို့က သက်ဆိုင်ရာအိမ်ရှင်တွေရဲ့တာဝန်ပဲ။ အထူးသဖြင့် ဆန္ဒပြခံ နေရတဲ့သံရုံးတွေ သတိထားဖို့လိုတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်မောင်တောဒေသတွင်ဖြစ်ပွားနေသည့် အကြမ်းဖက် မှုများနှင့်ပတ်သက်၍ ရုရှား၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာ သံရုံးများကို အစ္စလာမ်ဘာသာဝင်များက ဆန္ဒပြကန့်ကွက်ခဲ့ပြီး အင်ဒိုနီး ရှားနှင့် မလေးရှားတို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ လုံခြုံရေးအထူးဂရုစိုက် သွားလာနေထိုင်ကြရန် သက်ဆိုင်ရာ သံရုံးအသီးသီးက သတိပေး နှိုးဆော်ထားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျကာတာမြို့ရှိ မြန်မာသံရုံးကို မီး လောင်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွား ခဲ့ပြီး နောက်တစ်ရက် စက်တင် ဘာ ၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက အထက်ပါ အတိုင်း သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

ပြည်ပနိုင်ငံများ၊ အထူးသ ဖြင့် အစ္စလာမ် ဘာသာဝင်များ အများစုနေထိုင်သည့် နိုင်ငံများ၌ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ဆန္ဒ ပြမှုများ  အဆက်မပြတ်ဖြစ်ပွားနေ သောကြောင့် အင်ဒိုနီးရှားနိုင်ငံ တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံ သားများအနေဖြင့် မိမိတို့၏လုံခြုံ ရေးကို အထူးဂရုစိုက်သွားလာနေ ထိုင်ကြရန်နှင့် အရေးကြီးကိစ္စရပ် များရှိပါက မြန်မာသံရုံးဖုန်းနံပါတ် များသို့ ဆက်သွယ်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးထုတ်ပြန်ချက်တွင် တာဝန်ရှိသူ များ၏ အမည်များ၊  ဖုန်းနံပါတ်များဖော်ပြထားသည်။

‘‘ဖြစ်စဉ်ဖြစ်ပြီး မိနစ်အနည်း ငယ်အတွင်းမှာပဲ လုံခြုံရေးတွေ ထပ်ချတယ်။ လူကြီးတွေ ရောက် လာပြီး အခင်းဖြစ်တဲ့နေရာတွေ ကြည့်ပြီးတော့ နောက်ထပ်လုံခြုံ ရေးတွေ ထပ်ချပေးထားပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရော အစိုးရ လူကြီးတွေကပါ သံရုံးကို ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိပါ တယ်။ ကျွန်တော်တို့ကတော့ သ တိဝီရိယနဲ့နေဖို့ပေါ့နော်။ အဲဒါ လေးပြောချင်တာပါ’’ ဟု အင်ဒို နီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူး ဦးကျော်စိုးသိန်းက ပြော ကြားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာ သံရုံးသို့ တရားဝင်ဆက်သွယ်သ တင်းပေးပို့ထားသည့် မြန်မာနိုင်ငံ သား ၁၀၀ ခန့်ရှိကြောင်း သံမှူး ဦးကျော်စိုးသိန်းက ပြောသည်။

 စက်တင်ဘာ ၄ ရက်က မြန်မာသံရုံးကို မီးလောင်ဗုံးဖြင့် ပစ်ပေါက်သူနှင့် ပတ်သက်ပြီး ‘‘ဖမ်းမိတယ်လို့ မသိရသေးဘူး။ ကျွန်တော်တို့တော့ ဘာမှမပြော သေးဘူး။ ဖမ်းမိပြီဆိုရင်တော့ ကျွန်တော်တို့တော့ အကြောင်း ကြားမှာပါ’’ ဟု သံမှူး ဦးကျော်စိုး သိန်းက ပြောသည်။

ရခိုင်ပြည်နယ် မောင်တော ဒေသတွင် ဖြစ်ပွားနေသည့် ကိစ္စ နှင့်ပတ်သက်ပြီး စက်တင်ဘာ ၂ ရက်က အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာ သံရုံးရှေ့၌ တက်ကြွလှုပ်ရှားသူ တစ်စု စုဝေးဆန္ဒပြကာ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ထံမှ နိုဗယ်ငြိမ်းချမ်း ရေးဆု ရုပ်သိမ်းရန် နိုဗယ်ဆုချီး မြှင့်ရေး ကော်မတီကို တိုက်တွန်း ခဲ့သည်။

စက်တင်ဘာ ၃ ရက်က ဂျကာတာမြို့ မြို့လယ်ကောင် တွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ် ပွားခဲ့ပြီး အစ္စလာမ်မစ်အဖွဲ့များ နှင့် တက်ကြွလှုပ်ရှားသူ ဒါဇင်နှင့် ချီသော လူများက ဘင်္ဂါလီများ အပေါ် အကြမ်းဖက်နှိမ်နင်းမှုအ တွက် လူ့အခွင့်အရေးချိုးဖောက်မှု များကို ဖြေရှင်းရာ၌ အင်ဒိုနီးရှား အစိုးရ ပါဝင်ရေး တောင်းဆိုခဲ့ သည်။

သြဂုတ် ၃၀ ရက်တွင် မလေး ရှားနိုင်ငံရှိ ဘင်္ဂါလီ ၁,၅၀၀ ကျော် က မြန်မာသံရုံး အနီး၌ ဆန္ဒပြ ကန့်ကွက်ခဲ့ပြီး မြန်မာအစိုးရကို ဆန္ဒပြတောင်းဆိုသော ဘင်္ဂါလီ ၄၄ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

သြဂုတ် ၂၉ ရက်တွင်မလေး ရှားနိုင်ငံ မာလာကာမြို့၌ မြန်မာ လုပ်သားနှစ်ဦး ဓားဖြင့်တိုက်ခိုက် ခံရ၍ မာကာကာ ဆေးရုံတွင်အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရ သည်။ ယင်းတိုက်ခိုက်ခံရမှုသည် မြန်မာပြည်တွင် ဖြစ်ပွားနေသောအရေးနှင့် သက်ဆိုင်မှုရှိနိုင် ကြောင်း မလေးရှားရောက် မြန်မာလုပ်သားများကို ကူညီပေးနေ သော ရွှေ့ပြောင်းအလုပ်သမား ကူညီမှုအဖွဲ့မှ ကိုချစ်ကောင်းက ပြောသည်။

မလေးရှားတွင် မြန်မာနိုင်ငံ သားများ မကြာခဏ တိုက်ခိုက်ခံ နေရပြီး မောင်တောအကြမ်းဖက် ခံရမှုမဖြစ်ပွားမီ သြဂုတ် ၂၁ ရက် က ကျင်းပသည့် အိမ်ရှင်မလေး ရှားအသင်းနှင့် မြန်မာယူ-၂၂ အ မျိုးသား ဘောလုံးအသင်းတို့၏ ပွဲ စဉ်သို့ သွားရောက်အားပေးသော မလေးရှားရောက် မြန်မာနိုင်ငံ သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦး ခန့် ဒဏ်ရာရရှိခဲ့သည်။

ထိုစဉ်ကလည်း မလေးရှား ရောက် မြန်မာလုပ်သားများ အား ကစားပြိုင်ပွဲများသို့ သွားရောက် ကြည့်ရှုရာတွင် သတိဝီရိယဖြင့် သွားလာနေထိုင်ရန် မလေးရှား ဆိုင်ရာ မြန်မာသံရုံးက သြဂုတ် ၂၃ ရက်၌ သတိပေးနှိုးဆော်ခဲ့ရ သည်။

ထို့အပြင် ရုရှားနိုင်ငံရှိ မြန်မာ သံရုံးကိုလည်း ယင်းနိုင်ငံရှိ ရာနှင့် ချီသော အစ္စလာမ်ဘာသာဝင် များက စက်တင်ဘာ ၃ ရက်တွင် ဆန္ဒပြကန့်ကွက်ခဲ့ကာ သံရုံးအ နီး၌  ဝတ်ပြုဆုတောင်းခဲ့ကြသည်။

မောင်တောဒေသအတွင်း တစ်ကျော့ပြန် အကြမ်းဖက်တိုက် ခိုက်မှု ဖြစ်စဉ်များကြောင့် သြဂုတ် ၂၅ ရက်ကစ၍ လုံခြုံရေးတပ်ဖွဲ့ ဝင် ၁၃ ဦး၊ ဝန်ထမ်းနှစ်ဦး စုစု ပေါင်း ၁၅ ဦး ကျဆုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ထား သည်။

ယင်းအကြမ်းဖက်မှုဖြစ်စဉ် အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေစိုးမိုးရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်မှုကြောင့် အကြမ်းဖက်သမား ၃၇၀ ကျော် အသေဖမ်းဆီးရမိပြီး ကိုးဦးအရှင် ဖမ်းမိထားကြောင်း အစိုးရက သ တင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် သံတမန် ထူထောင်ထားသည့်နိုင်ငံ ၁၁၈ နိုင်ငံရှိပြီး နိုင်ငံတကာတွင် မြန်မာ သံရုံး ၃၄ ခုရှိသည်။