ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင်

THE DARK TOWER

ရုပ်ရှင်ကြည့်ရင်း အပန်းဖြေမယ့် ပရိသတ်တွေအတွက် ညွှန်းပေး မှာကတော့ ဒီတစ်ပတ်ရုံတင်မယ့် အမေရိကန် စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်း The Dark Tower ပါ။ စာရေးဆရာကြီး စတီဗင်ကင်းရဲ့ ဝတ္ထုစီးရီးကို ဒါရိုက်တာနီကိုလတ် အာဆယ်က ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။

နယူးယောက်မှာနေတဲ့ (၁၁) နှစ်အရွယ် ကောင်လေးဂျိတ်ချိန် ဘာဟာ ထူးခြားတဲ့ စိတ်စွမ်းအင် ကို ပိုင်ဆိုင်သူဖြစ်ပြီး ကမ္ဘာကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ Man in Black ဆိုသူနဲ့ အဲဒီလူကို ချေ မှုန်းမယ့် သေနတ်သမားကို စိတ် အာရုံကနေ မြင်မြင်နေပါတယ်။

ဂျိတ်ရဲ့အမေ၊ ပထွေးနဲ့ စိတ်ရောဂါကုဆရာဝန်တို့ကတော့ ဂျိတ်ဒီလိုတွေမြင်နေတာဟာ ပြီး ခဲ့တဲ့နှစ်က ဂျိတ်ရဲ့အဖေဆုံးသွား ပြီးနောက်မှာ စိတ်ထိခိုက်ပြီးဖြစ် တာလို့ ယူဆခဲ့ပါတယ်။

 တစ်ရက်မှာတော့  ဂျိတ်ဟာ သူ့အာရုံထဲမှာ မြင်နေတဲ့အ ဆောက်အအုံတစ်ခုဆီကိုသွားခဲ့ ပြီး အဲဒီကနေတစ်ဆင့် စကြဝဠာ အလယ်မှာရှိတဲ့ Dark Tower ရဲ့ နေရာတစ်ခုဖြစ်တဲ့ Mid World ကို သွားခဲ့ပါတယ်။ အဲဒီမှာ သူမြင်မြင်နေတဲ့ သေနတ်သမားရိုလန် ဒက်စ်ချိန်းနဲ့ ဆုံခဲ့ပါတယ်။

Man in Black လို့ခေါ်တဲ့ ဝေါလ်တာပါဒစ်ဟာ စိတ်စွမ်းအင် ရှိတဲ့ ကလေးတွေကိုဖမ်းပြီး သူတို့ ရဲ့ စွမ်းအားတွေနဲ့ Dark Tower ကို ဖျက်ဆီးဖို့ ကြိုးစားနေသလို လူယောင်ဆောင်ထားတဲ့ သူ့ရဲ့ မိစ္ဆာတပည့်တွေကိုလည်း အဖျက် အမှောင့်လုပ်ငန်းတွေအတွက် စေခိုင်းထားခဲ့ပါတယ်။

ဝေါလ်တာရဲ့ ကမ္ဘာဖျက်အ ကြံအစည်နဲ့ လှုပ်ရှားမှု၊ ရိုလန်နဲ့ ဂျိတ်တို့ရဲ့ အဖျက်အမှောင့်တား ဆီးရေး ဆောင်ရွက်မှုတို့ အားပြိုင် တဲ့ဇာတ်ကွက်တွေက ပရိသတ် တွေကို ဆွဲဆောင်ဦးမှာ ဖြစ်ပါ တယ်။နောက်ဆုံးမှာတော့ ဝေါလ် တာဟာ ဂျိတ်ကိုဖမ်းဆီးဖို့အတွက် သူ့တပည့်မိစ္ဆာတွေကို ခိုင်းစေခဲ့ ပြီး ဂျိတ်ရဲ့စွမ်းအင်ကို သူ့အဖျက် လုပ်ငန်းမှာသုံးဖို့ လုပ်ဆောင်တဲ့ အခါမှာ ဂျိတ်ကိုရိုလန်က အချိန် မီကယ်ဆယ်နိုင်ပါ့မလား၊ Dark Tower ရဲ့ အနာဂတ်က ဘယ်လို အဆုံးသတ်မှာလဲ၊ ရိုလန်နဲ့ ဝေါလ်တာ ထိပ်တိုက်တွေ့တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ တော့ ဆက်ကြည့်ဖို့ညွှန်းလိုက်ပါ တယ်။

စက်တင်ဘာ ၁ ရက်ကစလို့ ရုပ်ရှင်ရုံတင်ပြတော့မယ့် ဒီဇာတ် ကားမှာ ရိုလန်ဒက်စ်ချိန်းအဖြစ် အက်ဒရစ်အယ်လ်ဘာ၊ ဝေါလ် တာပါဒစ်အဖြစ် မက်သရူးမက် ကော်တနေ၊ ဂျိတ်ချိန်ဘာအဖြစ် တော်မ်တေလာတို့က  သရုပ် ဆောင်ထားပါတယ်။         ။

Top News