အခမဲ့ဖျော်ဖြေပွဲတွေ ရှိတဲ့နေရာ

- ဒီတစ်ပတ် အားလပ်ရက်မှာ အ ပန်းဖြေဥယျာဉ်တွေဆီသွားပြီး အ ပန်းဖြေလိုသူတွေအတွက် အခမဲ့ ဖျော်ဖြေရေးအစီအစဉ်တွေရှိတဲ့ နေရာတွေကို စုစည်းဖော်ပြလိုက် ပါတယ်။

 ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတု အခြေအနေအပေါ် မူတည်ပြီး ညနေတိုင်းမှာ ရေပန်း ရုပ်ရှင် ပြသမှာဖြစ်ပြီး စနေနေ့ မြန်မာ့ရိုးရာအကတင်ဆက်မှု အစီအစဉ်တွေနဲ့ ဖျော်ဖြေမှာ ဖြစ်ပါ တယ်။ ဓမ္မစေတီလမ်း ဝင်ပေါက် အနီးမှာရှိတဲ့ ဧရိယာမှာလည်း စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး ပေါက္ကံညဈေး ပြုလုပ်မှာ ဖြစ်ပါ တယ်။

 ဦးဥတ္တမပန်းခြံ  Happy World ကလေးကစားကွင်းမှာ တော့ စနေ၊ တနင်္ဂနွေအားလပ် ရက်တွေမှာ မျက်လှည့်တင်ဆက် မှုတွေ၊ အကအဖွဲ့တွေရဲ့ တင် ဆက်မှုတွေကို နံနက် ၁၁ နာရီက နေစပြီး အခမဲ့ဖျော်ဖြေမှာ ဖြစ်ပါ တယ်

-အပန်းဖြေ ဥယျာဉ်တွေကို မသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုမိုး ရှင်းပွဲလေးတွေကို ဖော်ပြလိုက်ပါ တယ်။

မြန်မာပလာဇာမှာတော့ ဒီ တစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက် စလုံး Beauty Show ပြုလုပ်မှာ ဖြစ်ပါတယ်။

စိန်ဂေဟာ (ပြည်လမ်း)မှာ တော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး သီတင်းကျွတ်အကြို လျှပ်စစ်ပစ္စည်းများ ဈေးရောင်းပွဲ တော်ပြုလုပ်မှာ ဖြစ်ပါတယ်။

Junction City Shopping Mall ဒုတိယထပ်မှာရှိတဲ့ ပရိုမိုး ရှင်းဧရိယာမှာတော့ ဒီတစ်ပတ် တနင်္ဂနွေညနေမှာ LUX-POND'S-sunsillk နှင့်အတူ MissUniverse with Beauty Fair ကျင်းပမှာ ဖြစ်ပါတယ်။

Gallery 65 မှာတော့ ဒီတစ် ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Monsoon Melodies 2017-Art Exhibition ပြုလုပ်မှာ ဖြစ်ပါတယ်။

တပ်မတော်ခန်းမမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ် ရက်စလုံး Yangon ICT Expo 2017 ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုဗိုတယ် ဟိုတယ်မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ် ရက်စလုံး ကွန်ဒိုအထူးအရောင်း ပြပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

Top News