ဝိတ်မတက်အောင် ဘယ်လိုအိပ်မလဲ

ကိုယ်အလေးချိန် လျှော့ချဖို့ဆို တာ လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်တာကြောင့် ပုံမှန်လေ့ ကျင့်ခန်းယူရုံသာမက နေထိုင်စား သောက်မှုပိုင်းကိုပါ ဂရုတစိုက် ထိန်းသိမ်းလုပ်ဆောင်ဖို့လိုပါ တယ်။ ကိုယ်အလေးချိန်လျှော့ချ နေသူတွေကို အထောက်အကူ ဖြစ်စေမယ့် အိပ်ရာမဝင်ခင် လုပ် ဆောင်သင့်တဲ့ အလေ့အထလေး တွေကို ဖော်ပြလိုက်ပါတယ်။

ညမအိပ်ခင်မှာ စိတ်တည် ငြိမ်အေးချမ်းဖို့အတွက် လာဗင်ဒါ ရေနွေးကြမ်းလေးသောက်ပေး တယ်ဆိုရင် နှစ်ခြိုက်စွာ အိပ်စက် ဖို့အတွက် အထောက်အကူပြုပါ တယ်။

နောက်တစ်ချက်ကတော့ ည ၇ နာရီနောက်ပိုင်းမှာ အစား မစားဖို့အချက်ပဲဖြစ်ပြီး အဲဒီလိုမှ မလုပ်နိုင်ဘူးဆိုရင် မအိပ်ခင် အ နည်းဆုံး သုံးနာရီလောက်မတိုင် ခင်မှာ ဘာမှမစားဖို့ ထိန်းချုပ်ရ မှာ ဖြစ်ပါတယ်။

အိပ်တဲ့အခါမှာလည်း မီး ထွန်းပြီး အိပ်တာထက်စာရင် အ ခန်းကို လုံးဝအမှောင်ချပြီး အိပ် စက်တာက ဝိတ်ချချင်သူတွေအ တွက် ပိုသင့်တော်တယ်လို့ ဆိုပါ တယ်။

ညမအိပ်ခင်လေးမှာ နွားနို့ ပူပူလေးတစ်ခွက်သောက်ပြီး အိပ် ဖို့လိုအပ်ပြီး ဒီလိုလုပ်ခြင်းအား ဖြင့် မနက်အထိ ဗိုက်ပြည့်နေစေ တဲ့အတွက် ဝိတ်မတက်အောင် ထိန်းပြီးသားဖြစ်စေပါတယ်။

အခန်းတွင်း အပူချိန်ကို လည်း ခပ်နွေးနွေးအနေအထားနဲ့ အိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း အပူချိန်ကြောင့် အဆီတွေကို လောင်ကျွမ်းစေပါတယ်။

—Ref: wellnessbin