ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးကို လက်ခံတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအကြီးအကဲ မစ္စတာငုယင်ဖူးကျောင့်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ − Myanmar State Counsellor Office)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအုပ်ချုပ်ရေးမှူး မစ္စတာငုယင်ဖူးကျောင့်ကို သြဂုတ် ၂၅ ရက် နံနက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံခဲ့ သည်။


တွေ့ဆုံစဉ် အာဆီယံဒေသ တွင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

အဆိုပါဗီယက်နမ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ အထွေ ထွေအတွင်းရေးမှူးသည် သြဂုတ် ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ စ တင်ရောက်ရှိပြီး ယင်းနေ့မွန်းလွဲ ၌ နိုင်ငံတော် သမ္မတဦးထင်ကျော် က သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

သမ္မတအိမ်တော်၌ ယဉ် ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ ပ ညာရေး၊ အကောက်ခွန် ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန်အ ကူအညီပေးမှုဆိုင်ရာ စသည့်နှစ် နိုင်ငံ နားလည်မှု စာချွန်လွှာလက် မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့သည်။

မစ္စတာငုယင်ဖူးကျောင့်၏ မြန်မာနိုင်ငံခရီးစဉ်သည် ယနေ့ (သြဂုတ် ၂၆ ရက်) တွင် ပြီးဆုံး မည်ဖြစ်သည်။