အားလပ်ရက်မှာ ဖတ်စရာ

မျိုးဆက်တစ်ခုကို တွေ့ရှိခြင်း
ဓာတ်ပုံ− စိုင်းဇော်

လူပုဂ္ဂိုလ်အတ္ထုပ္ပတ္တိကို အ ခြေခံပြီး ၀တ္ထုရှည်ရေးသားရာမှာ ဆရာ(ဦး)သိန်းဖေမြင့်ရဲ့ ‘အရှေ့ ကနေ၀န်းထွက်သည့်ပမာ’ ဟာ အလွန်ထင်ရှားသလို လူအတော် များများလည်း ဖတ်ဖူးကြပါ တယ်။ ဒီလိုပဲ လူပုဂ္ဂိုလ်အတ္ထုပ္ပတ္တိ ကိုအခြေခံကာ ကျောင်းသားနိုင်ငံ ရေးလှုပ်ရှားမှုရုပ်ပုံလွှာကားချပ် ကို ထည့်သွင်းရေးသားခဲ့တဲ့ဆရာ ဒဂုန်တာရာရဲ့ ‘ဒို့ခေတ်ကို ရောက် ရမည်မှာ မလွဲပါ’၊ ဆရာကျော် အောင်ရဲ့ ‘သမဂ္ဂအလံတော် အောက်ဝယ်’၊ ဆရာနတ်နွယ်ရဲ့ ‘အပြာနှင့်အ၀ါ’၊ ဆရာမောင်သာ ရရဲ့ ‘ကျည်တုပ်ခံဝံ့ မခံဝံ့’၊ ဆရာ မင်းကျော်ရဲ့ ‘ငါတို့ခေတ်နှင့်အ ပြိုင်’၊ ဆရာအောင်ပြည့်ရဲ့ ‘ပြို မှာလေလား မိုးရဲ့’ ၀တ္ထုတို့ဟာ အောင်မြင်ထင်ရှားခဲ့ပါတယ်။ ဒီ ဘက်ခေတ်မှာဆိုရင် ကွယ်လွန် သူ(ဦး)တင်မောင်ဝင်းရဲ့ ‘နိုင်ငံ ရေးသမားနှင့် နိုင်ငံရေး’၊ မောင် ရှင်စောရဲ့ ‘နှင်းရိပ်ပြာမှောင်’၊ မသီတာ(စမ်းချောင်း)ရဲ့ ‘စမ်း ချောင်း အင်းစိန် ဟားဗတ်’၊ အောင်ဒင်ရဲ့ ‘နွေတစ်ညမှ အစပြု ၍’၊ အောင်ထွန်းရဲ့ ‘ပန်းဒေါင်းပျို တို့၏ ကြိုးကြာတွန်သံများ’ အစရှိ တဲ့ဝတ္ထုတွေဟာ တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု နောက်ခံ ၀တ္ထုရှည်တွေ ဖြစ်လာပါတယ်။ တကယ့်အဖြစ်အပျက်ကို အခြေ ခံပြီး ကိုယ်တွေ့နဲ့ပေါင်းစပ်ကာ ပြင်ပသက်ရှိ လူပုဂ္ဂိုလ်တချို့အကြောင်း ထည့်သွင်းရေးထားတဲ့ ဒီဝတ္ထုတွေဟာ ၀တ္ထုဟန် အတ္ထုပ္ပတ္တိတွေပါပဲ။ ဒီလိုမျိုး စာ အုပ်တွေကသာ သူတို့ရဲ့ စာပေ မှတ်တိုင်အဖြစ် စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း ဖော် ပြပါဝတ္ထုဟန်အတ္ထုပ္ပတ္တိတစ်အုပ် ထွက်လာပါတယ်။ ဒါကတော့ သောမတ်စ်ဖရီးမင်းရဲ့စာအုပ်ကို ကမ္ဘာပြားပြီ အမည်နဲ့ဘာသာပြန် ဆိုကာ အမျိုးသားစာပေဆုရထား တဲ့ စာရေးဆရာကျော်ဝင်းရဲ့အား ထုတ်မှုစာအုပ်ပါပဲ။ နိုင်ငံရေးသီ အိုရီတွေ၊ အိုင်ဒီအိုလိုဂျီတွေမိတ် ဆက်ရေးသားလေ့ရှိတဲ့ ဆရာ ကျော်ဝင်းဟာ ရသတိမ်းညွှတ်သူ တစ်ဦးဖြစ်တယ်ဆိုတာ လူသိ နည်းပါတယ်။ ဆရာကျော်ဝင်း ရေးသားတဲ့ စာတွေကို တီးမိ ခေါက်မိဖတ်မိရင် တကယ်တော့ သူဟာ ရသကို ပိုပြီးတိမ်းညွှတ် တယ်ဆိုတာ ရိပ်မိနိုင်ပါတယ်။ ရုရှားအောက်တိုဘာတော်လှန် ရေးပုံရိပ်ဟာ ဂေါ်ကီမဟုတ်ဘဲ အီလျာအာရင်ဘတ်သာဖြစ်တယ် လို့ ရေးသားဖူးတဲ့ ဆရာကျော်ဝင်း ဟာ အာရင်ဘတ်ရဲ့အရေးအဖွဲ့ တွေကို အတော်လေးနှစ်ခြိုက်စွဲ လမ်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ဘာသာပြန်ပဲ ဖြစ်ဖြစ်၊ ပင်ကိုရေးပဲဖြစ်ဖြစ်ဖတ် ရတဲ့အခါ အာရင်ဘတ် အ ကြောင်း၊ ဒါမှမဟုတ်အာရင်ဘတ် ရဲ့ စာသားတွေကိုမကြာခဏကိုး ကားရေးသားလေ့ရှိတာ တွေ့ရပါမယ်။

 ယခု ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု အမည်ရှိတဲ့စာ အုပ်ကတော့ ဆရာကျော်ဝင်းရဲ့ ငယ်ဘ၀ဖြတ်သန်းမှု၊ ကျောင်း သားလှုပ်ရှားမှုထဲ ပါဝင်လာပြီး နိုင်ငံရေးမှော်တောအတွင်း ဆင်း သက်ကာ ဖြတ်သန်းခဲ့ရပုံတွေကို အခြေခံရေးထားပါတယ်။ ပုံသွင်း ခြင်းလို့ ခြုံငုံအမည်ပေးထားတဲ့ ယခုစာအုပ်ဟာ (ပထမပိုင်း)ဖြစ် ပြီး ဆက်လက်ပြီးတော့လှုပ်ရှား ခြင်းနဲ့ ပြောင်းလဲခြင်းဆိုတဲ့အပိုင်း နှစ်ပိုင်းထွက်ဦးမယ်သိရလို့ စုစု ပေါင်းသုံးအုပ်အထိ အခန်းဆက် ရေးသားမယ့် ၀တ္ထုဟန်အတ္ထုပ္ပတ္တိ လို့ခန့်မှန်းရပါတယ်။ ယခုစာ အုပ်မှာဆိုရင် အောင်ဝင်းဆိုတဲ့ လူငယ်တစ်ဦးကို အဓိကဇာတ် ကောင်အဖြစ် ဇာတ်အိမ်တည် ကာ ၁၉၆၈ ကနေ ၁၉၇၆ အထိ  စာရေးသူရဲ့ မန္တလေးဆေးတက္က သိုလ်ကျောင်းသားဘ၀နောက်ခံ ကိုဖတ်ရပါမယ်။ ဆက်လက်ပြီး ၁၉၇၆ ကနေ ၁၉၈၄ အထိနဲ့ ၁၉၈၄ ကနေ ၁၉၉၃ အထိ ဆစ် ပိုင်းကာ ထွက်လာဦးမှာပါ။ ဒါ ကြောင့် ယခုဝတ္ထုဟာကျောင်း သားလူငယ်တစ်ယောက်ရဲ့ (၂၅) နှစ်တာဖြတ်သန်းမှုဆိုရင်လည်း မမှားပါဘူး။

ဒါကြောင့် အားလပ်ရက်မှာ ဗဟုသုတလည်းရစေ၊ ပေါ့ပေါ့ပါး ပါးနဲ့ဖတ်နိုင်ပြီး လူငယ်တစ် ယောက်ရဲ့အတွေ့အကြုံတွေကို လည်း သိစေဖို့ ညွှန်းဆိုလိုက်ပါ တယ်။ စာရေးဆရာက ပျောက် ဆုံးသွားသော မျိုးဆက်တစ်ခုလို့ အမည်ပေးထားပေမယ့် စာဖတ် သူအတွက်တော့ မျိုးဆက်တစ်ခု ကို တွေ့ရှိခြင်းလို့ဆိုရမှာပါ။ ယခု စာအုပ်ကို တကောင်းစာပေက တန်ဖိုး ၈,၀၀၀ ကျပ်နဲ့ထုတ်ဝေပြီး အိမ်တိုင်ရာရောက်ဖတ်လိုသူတွေ ဖုန်း ၀၉-၂၅၀၀၉၁၉၁၃ နဲ့ facebook/Wedistribution ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Top News