ပြည်ဈေးကြီးရှိ စားသောက်ကုန် ပစ္စည်းများကို FDA စစ်ဆေး

FDA တာဝန်ရှိသူများ ပြည်ဈေးကြီးအတွင်း စစ်ဆေးနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ပြည်ဈေးကြီးရှိ စား သောက်ကုန်များတွင် အန္တရာယ် ရှိ ဓာတုဆေးပစ္စည်းများ ပါ ၀င်ခြင်း ရှိ၊ မရှိ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)နှင့် စားသုံးသူရေးရာဦးစီး ဌာန(DOCA)တို့က ဩဂုတ် ၂၃ ရက်တွင် စစ်ဆေးခဲ့သည်။

 စားသုံးသူများအတွက် အန္တရာယ်ရှိနိုင်သည်ဟု ယူဆ သော စားသောက်ကုန်ပစ္စည်း ၂၅ မျိုးကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှူး ဒေါက်တာနီနီအေး က ပြောသည်။

‘‘အခုစစ်ဆေးတဲ့ စား သောက်ကုန်အမျိုးအစားတွေမှာ နှစ်ဆယ့်သုံးမျိုးကတော့ အန္တ ရာယ်ရှိနိုင်တာမတွေ့ရဘူး။ ကျန် တာကိုတော့ နေပြည်တော်မှာ ပို့ စစ်ဆေးရဦးမယ်။ ဒါကလည်း သံ သယရှိတဲ့အရေအတွက်သာ စစ် ဆေးတာမို့ ဈေးကြီးတစ်ခုလုံးက စားသောက်ကုန်ပစ္စည်းတွေအား လုံးကိုခြုံငုံပြီး အန္တရာယ်မရှိဘူးလို့ ပြောလို့မရပါဘူး’’ ဟု ၎င်းက ဆို သည်။ ခေါက်ဆွဲ၊ ပဲပြား၊ ငါးပိ၊ ကွမ်းသီး၊ ဂျယ်လီမုန့်နှင့် အသင့် စားသုံးနိုင်သော မုန့်များ၊ အသား ခြောက်များစသည့်စားသုံးကုန် ပစ္စည်းများတွင် ဓာတုပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန တာ ၀န်ရှိသူများက ပြောသည်။

ပြည်ဈေးကြီးရှိ စားသောက် ကုန်ပစ္စည်းများကို စစ်ဆေးရာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာနက ခွင့်မပြု သည့် အသင့်စား မုန့်များ ရောင်းချနေသည်ကို တွေ့ရပြီး ဆက်လက်ရောင်းချခြင်းမပြုရန် မှာကြားခဲ့ကြောင်း၊ တစ်ပတ်လျှင် တစ်ကြိမ်ခန့်ထပ်မံစစ်ဆေးမည် ဖြစ်ပြီး ဆက်လက်ရောင်းချပါက ပစ္စည်းများသိမ်းခြင်း၊ အမျိုးသား အစားအသောက် အက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူ များက ပြောသည်။

‘‘သတင်းစာတို့၊ လူမှုကွန် ရက်စာမျက်နှာတို့မှာ FDA ကနေ ကြော်ငြာထားတာတွေကို ဖတ်ပြီး စားသုံးသူအန္တရာယ်ရှိမယ့် အစား အသောက်ကို မတင်ပါဘူး။ အခု လို စစ်ဆေးတဲ့အခါတွေ့တာက လည်း မသိလို့ပါ။ ခွင့်မပြုထားတဲ့ မုန့်တွေကို ကျွန်တော်တို့က မမှာ ပေမယ့် ပင်ရင်းဆိုင်ကြီးတွေက ပို့ပေးတာတွေကို မသိတာလည်း ရှိတယ်။ အခုဆိုရင်  FDA က မရောင်းရမယ့်မုန့်တွေကို ကျွန် တော်တို့ဆီကို ပြောမယ်။ စစ် ဆေးပေးမယ်ဆိုရင် ပူးပေါင်း ဆောင်ရွက်ဖို့အသင့်ပါ’’ ဟု ပြည် ဈေးကြီးအနီးရှိ ကုန်မျိုးစုံဆိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

ပြည်မြို့နယ်အတွင်း အစား အသောက်နှင့်ဆေးဝါးများကို စစ် ဆေးလျက်ရှိရာ ယခုနှစ်ဇွန်လအ တွင်းက လမ်းမတော်လမ်းရှိဆေး နန်းတော်ကြီးဆေးဆိုင်နှင့် ဆွေး နွေးဘုရားလမ်းရှိ တက်နေလင်း ဆေးဆိုင်တို့တွင် မှတ်ပုံတင်မထား သည့် အိမ်သုံးဆေးဝါးများတွေ့ ရှိသဖြင့် ယင်းဆေးဆိုင်နှစ်ဆိုင် ကို ခြောက်လပိတ်သိမ်းအရေး ယူခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ် ကဲမှုဦးစီးဌာန(FDA)မှ တာဝန် ရှိသူများက ပြောသည်။

More in Regional Section

Top News