အောင်လံတွင် ဖူးစားပြောင်းအထွက်နှုန်းကျပြီး ဈေးမကောင်းသဖြင့် ပြောင်းစိုက်တောင်သူများအရှုံးပေါ်

မိုးရက်ဆက်ရွာသွန်း ခြင်းကြောင့် အောင်လံမြို့နယ်အ တွင်းရှိ ဖူးစားပြောင်းစိုက်ခင်းအ များစု ထွက်နှုန်းကျဆင်းပြီး ပြောင်းဈေးလည်း ကျဆင်းနေသဖြင့် အများစု အရှုံးပေါ်ရကြောင်း တောင်သူများက ပြောကြားသည်။

ယခင်နှစ်က ဖူးစားပြောင်း တစ်ဧကစိုက်လျှင် ပြောင်းဖူးရေ ၁၂,၀၀၀  မှ ၁၄,၀၀၀ ခန့် ထွက်ခဲ့သော်လည်း ယခုနှစ်တွင်မူ မိုးများခြင်းကြောင့် တစ်ဧက ပျမ်းမျှ ၄,၀၀၀ ခန့်သာ ရရှိခဲ့ကြောင်း အောင်လံမြို့နယ် အင်းပေါက်ကျေးရွာနေပြောင်းစိုက်တောင်သူ ကိုစန်းလင်းက ပြောသည်။

ထို့အပြင် ယခင်နှစ်က ဖူး စားပြောင်းတစ်ဖူးလျှင် ကျပ် ၁၀၀ မှ ၁၂၀ အထိ ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင်ပြောင်းဖူးတစ်ဖူးလျှင် ပျမ်းမျှ ၄၀ ကျပ်သာ ရောင်းချရတော့ကြောင်း အောင်လံမြို့နယ် မိုးကောင်းကျေးရွာပြောင်းစိုက်တောင်သူ ကိုကျော်လင်းက ဆိုသည်။

‘‘ပြောင်းက ဒီနှစ်စိုက်တဲ့သူ လည်း များတယ်။ ပြောင်းက တွက်ခြေကိုက်ခဲ့တာကိုး။ ဒါပေမဲ့ အခုနှစ်ကတော့ ရှုံးတာမှ လွန် ရောပဲ။ ပြောင်းကုန်သည်လည်းမ ၀ယ်ဘူး။ ပွဲစားလည်းမလာဘူး။ ပြောင်းဈေးမကောင်းလို့ ကိုယ့် ဘာသာပဲ ကားငှားပြီး ရန်ကုန်တင် ရောင်းနေရတယ်’’ဟု အောင်လံ မြို့နေပြောင်းစိုက်တောင်သူ ကိုမြင့်စိုးက ပြောသည်။

ဖူးစားပြောင်းတစ်ဧက စိုက် ပျိုးလျှင် မြေဆီဖိုးနှင့်လုပ်အားခအ ပါအ၀င် ကျပ်ငါးသိန်းခန့် ကုန်ကျ နေပြီး ယခင်နှစ်များက ပြောင်းတစ်ဧကစိုက်လျှင် ၁၀ သိန်းကျော် ၀င်ငွေရှိခဲ့သောကြောင့် ယခုနှစ်ပြောင်းစိုက်တောင်သူများပြားလာရကြောင်း အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဌေးမောင်က ပြောသည်။

သို့သော် ယခုနှစ်တွင်မူ မိုး ရက်ဆက်ရွာသွန်းကာ မိုးများမှု ကြောင့် ယာမြေစိုက်ပဲသီးနှံစိုက် တောင်သူအများစုသည် သီးနှံအ ထွက်နှုန်းကျဆင်းမှုကြုံတွေ့နေကြောင်း ၎င်းက ဆိုသည်။

More in Regional Section

Top News