အစိုးရဖြုတ်ချရေး မန္တလေးသပိတ်စခန်းမှ ဖမ်းဆီးခံသံဃာများ အာမခံ ပယ်ချခံရ

အစိုးရဖြုတ်ချပေးရေး သပိတ်စခန်းတွင်ပါဝင်ခဲ့သူများအား သြဂုတ် ၂၃ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ−ညီညီဇော်)

အစိုးရဖြုတ်ချပေးရေး မန္တလေးသပိတ်စခန်းတွင် ပါဝင် သည့် သံဃာခြောက်ပါးနှင့် ဦးကျော်မျိုးရွှေတို့ကို ဒုတိယအ ကြိမ် ရုံးထုတ်တွင် စွပ်စွဲခံရသူများ ၏ ရှေ့နေက အာမခံလျှောက် ထားရာ   တရားရုံးက   ပယ်ချခဲ့ သည်။

နှစ်ဖက်လျှောက်လဲချက်များ အပေါ် သုံးသပ်ကာအာမခံမပေး ခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံးသတင်းပြန်ကြားရေးအ ရာရှိ ဦးကျော်စွာလင်းက ပြော သည်။

‘‘စွဲဆိုတဲ့ပုဒ်မက အာမခံပေး ခွင့်မရတဲ့ ပုဒ်မဖြစ်တဲ့အတွက် အာမခံမပေးပါဘူး။ ပုံမှန်စစ်ဆေး တဲ့တရားခွင်ထက်စာရင် လွတ် လွတ်လပ်လပ်၊ မှန်မှန်ကန်ကန် မျှမျှတတ စစ်နိုင်ဖို့အတွက် ပုံမှန် အမှုတွေမှာ အားစိုက်ရတာထက် စာရင် ဒီနေ့ဟာ ၀န်းရံတဲ့သူတွေ များတဲ့အတွက် ပိုပြီးတော့ ဂရု စိုက်ရတာတစ်ခု ပိုပါတယ်’’ဟု တွဲဖက်မြို့နယ်တရားသူကြီး (၂) လည်း ဖြစ်သူ ဦးကျော်စွာလင်းက ပြောသည်။

အစိုးရဖြုတ်ချပေးရေး တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သော သံဃာများအား ရုံးထုတ်စစ်ဆေး သည့် သြဂုတ် ၂၃ ရက် နံနက် ၁၀ နာရီတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၂၀၀ ခန့်က တရားရုံးဝင်း အပြင်ဘက်နှင့် အတွင်းပိုင်းတို့၌ လာရောက်ဝန်းရံကြသည်။

သပိတ်စခန်းတွင်ပါဝင် သည့် သံဃာနှစ်ပါးနှင့် လူလေးဦး ကို သြဂုတ် ၂၃ ရက်တွင် တရား ရုံးသို့ တင်ပြရန် ဖမ်းဝရမ်းထုတ် ထားသော်လည်း ချမ်းမြသာစည် မြို့နယ်တရားရုံးသို့ ရဲတပ်ဖွဲ့က တင်ပြနိုင်ခြင်း မရှိခဲ့ပေ။

‘‘ဖမ်းဝရမ်းအတည်ပြန်သွင်း တယ်။ စွပ်စွဲခံရသူတွေကို ဖမ်းဆီး ရမိခြင်း မရှိဘူးဆိုပြီး တင်ပြပါ တယ်။ ဖမ်းဝရမ်းကို သြဂုတ် ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုး ထားတယ်’’ဟု တရားရုံးသတင်း ပြန်ကြားရေးအရာရှိက ပြော သည်။

တရားရုံးရှေ့သို့ စွပ်စွဲခံရသူ သံဃာနှစ်ပါးနှင့် လူလေးဦး ရောက်ရှိလာခြင်း မရှိသဖြင့်  ရာဇ၀တ်အထွေထွေအမှု ဖွင့်လှစ်ပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ဘက်က နိုင် ငံသားအခွင့်အရေးအရ အချုပ် လွတ်ထုချေခွင့်လျှောက်တယ်။ ကြားနာခွင့်ပေးပြီးမှ ပယ်ချတာ ဖြစ်တယ်။ ဘာမှအထွေအထူး ပြောစရာမရှိဘူး။ ရုံးကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ် တယ်။ နောက်ထပ်အာမခံထပ် လျှောက်ဖို့က နောက်ပိုင်းဆက် လုပ်ရမယ့်ကိစ္စပါ’’ဟု ဖမ်းဆီးခံ သံဃာများ၏ အကျိုးဆောင်ရှေ့ နေဦးအောင်ရဲစိုးက ပြောသည်။

လတ်တလောတွင် ထွက် ပြေးတိမ်းရှောင်နေသည့် သံဃာ နှစ်ပါးသည် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ဦးဣန္ဒောဘာသနှင့် ဦးစန္ဒာသီရိတို့ဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေ သည့် လူလေးဦးသည် ချမ်းမြသာ စည်မြို့နယ်နေ ဦးမြင့်ဦးနှင့် ဦးခင် မောင်ကြည်၊ မဟာအောင်မြေမြို့ နယ်နေ ဒေါ်ချောစုဝင်းနှင့် ဦးတင် ဇော်ကိုတို့ဖြစ်သည်။

ဝရမ်းထုတ်ထားသူများကို တရားရုံးတွင် တရားစွဲဆိုတင်ပြ နိုင်ခြင်း မရှိသော်လည်း စက်တင် ဘာ ၆ ရက်၌ နိုင်ငံတော်အကြည် ညိုပျက်စေမှု ၅၀၅(ခ)အမှု နှစ်ခုစလုံးမှ တရားလိုနှစ်ဦးကို စတင်စစ်ဆေးမည်ဖြစ်သည်။

နိုင်ငံတော်အကြည်ညို ပျက် စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် သပိတ် စခန်းတွင် ပါဝင်သည့် သံဃာရှစ် ပါးကို ခရိုင်သာသနာရေးဦးစီးမှူး နှင့် လူငါးဦးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က တရားလိုပြု စွဲဆိုထားခြင်းဖြစ်သည်။

ချမ်းမြသာစည်မြို့နယ် သာ သနာ ၂၅၀၀ ဗိမာန်တော်ရှေ့တွင် အစိုးရဖြုတ်ချပေးရေးတောင်းဆိုသည့် သပိတ်စခန်းကို သြဂုတ်၅ ရက် နံနက် ၂ နာရီခန့်က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဦး ဆောင်၍ အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့အင်အား ၇၀ ခန့်ဖြင့် ရှင်းလင်းဖယ်ရှားခဲ့သည်။

Top News