ဧရာဝတီမြစ်ရေထပ်မံမြင့်တက်လာ၍ အောင်လံ ဒေသခံခြောက်ရာကျော် နေရာပြောင်းရွှေ့ရ

ရေကြီးနစ်မြုပ်နေသည့် အောင်လံမြို့နယ်တစ်နေရာကိုသြဂုတ်၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

ဧရာဝတီမြစ်ရေထပ် မံမြင့်တက်လာမှုကြောင့် အောင် လံမြို့ပေါ်ရပ်ကွက်များရှိ အိမ် ထောင်စု ၁၅၀ မှ လူ ၆၀၀ ကျော် ရေလွတ်နေရာများသို့ ပြောင်းရွှေ့ နေထိုင်နေရကြောင်း ဩဂုတ် ၂၃ ရက်တွင် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနက ထုတ်ပြန် သောစာရင်း၌ ဖော်ပြထားသည်။

အောင်လံမြို့ပေါ်ရပ်ကွက် များဖြစ်သည့် သရက်တော၊ မ ကျီးကုန်း၊ စမ်းချောင်းစသည့်ရပ် ကွက်များရှိ မြစ်ကမ်းနံဘေးနေ အိမ်များနှင့် အနိမ့်ပိုင်းရပ်ကွက် များမှ ဒေသခံများရွှေ့ပြောင်းနေ ထိုင်ရခြင်းဖြစ်ပြီး နီးစပ်ရာဆွေ မျိုးနေအိမ်များနှင့် ကုန်းမြင့်လမ်း နံဘေးများတွင် ယာယီတဲများထိုး ကာ နေထိုင်နေရကြောင်း စမ်း ချောင်းရပ်ကွက်မှ ရေဘေးရှောင် သူ ကိုဝင်းမြင့်က ပြောသည်။

‘‘ဘုန်းကြီးကျောင်းမှာ လက် ရှိကပ်နေရသူတွေလည်း ရှိပါ တယ်။ ပထမအကြိမ်ရေကတည်း က နုန်းတွေမဖယ်ရသေးလို့ မပြောင်းရသေးသူတွေလည်းရှိ တယ်။ သောက်သုံးရေကအစ ဘုန်းတော်ကြီးကပဲ ထောက်ပံ့နေ ရပါတယ်။ ရေတက်လာတော့ အ လုပ်အကိုင်တွေကလည်း အခက် အခဲဖြစ်ရတယ်။ စားဝတ်နေရေး ခက်ခဲပါတယ်’’ ဟု မကျီးကုန်း ရပ်ကွက် လယ်ပြင်ဘုန်းတော်ကြီး ကျောင်းတွင် ခိုလှုံနေသူဒေါ်ဇီး ကွက်က ပြောသည်။

ဩဂုတ် ၂၃ ရက်နံနက် စာရင်းများအရ စမ်းချောင်းရပ် ကွက်မှ အိမ်ထောင်စု ၁၃ စု၊ လူ ၄၈ ဦး၊ သရက်တောရပ်ကွက်မှ အိမ်ထောင်စု ၁၂၃ စု၊ လူ ၅၀၁ ဦးနှင့် မကျီးကုန်းရပ်ကွက်မှ အိမ် ထောင်စု ၁၄ စု၊ လူ ၆၈ ဦးစုစု ပေါင်း လူ ၆၂၀ ဦးသည် ရေလွတ် ရာသို့ ရွှေ့ပြောင်းနေထိုင်နေရ ကြောင်း အောင်လံမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ရေ၏ အောင် လံမြို့နယ်အတွင်း စိုးရိမ်ရေအ မှတ်သည် ၂,၅၅၀ စင်တီမီတာဖြစ် ပြီး ဩဂုတ် ၂၃ ရက်နံနက်တိုင်း တာချက်အရ ၂,၄၉၆ စင်တီမီတာ သို့ ရောက်ရှိနေသည်။ နောက် ထပ်တစ်ရက်အတွင်း အောင်လံ မြို့၏စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထား သည်။