မောင်တောမြို့နယ် မြောက်ပိုင်းတွင် လမ်းမကောင်း၍ ခရီးသည်များ ညအိပ်ရပ်နားရဟုဆို

မောင်တောဒေသရှိ ကြိမ်ချောင်းနှင့် ခမောင်းဆိပ်သို့ ဆက်သွယ်သည့်လမ်း၌ ပျက်စီးနေစဉ် (ဓာတ်ပုံ − မောင်ကံ)

 မောင်တောမြို့နယ် မြောက်ပိုင်းရှိ တိုင်းရင်းသားကျေး ရွာများသို့ သွားသည့်လမ်းများ မ ကောင်း၍ ယာဉ်များသွားလာမှုအ ခက်အခဲဖြစ်ကာ ခရီးသည်များ ညအိပ်ရပ်နားနေရကြောင်း သ တင်းရရှိသည်။


မောင်တောမြို့နယ် မြောက် ပိုင်းသရက်အုပ်၊ ရွက်ညိုတောင်၊ ခြံပြင်၊ ကပ္ပကောင်းစသည့် ကျေး ရွာများသို့ ဆက်သွယ်ထားသည့် ကျောက်ချောလမ်းသည် မိုးတွင်း ဖြစ်၍ ယာဉ်များ နွံနစ်ခြင်း၊ သွားလာရခက်ခဲခြင်းများ ကြုံတွေ့နေရကြောင်း သရက်အုပ်ကျေးရွာမှ ယာဉ်မောင်းကို မောင်ပြားက ပြောသည်။

‘‘မိုးရာသီဆိုတော့ လမ်းက သွားမရဖြစ်နေပါတယ်။ မိုးနည်း တဲ့ ရက်တွေ ကားမောင်းရင် လမ်းခုလတ်မှာ ကားတာယာဘီး နွံနစ်ပြီးတော့ လမ်းမှာအိပ်ရတာတွေ မကြာခဏ ကြုံနေရပါတယ်။ လမ်းကရွာတွေက အကုန်ဘင်္ဂါလီ ရွာတွေဆိုတော့ စိတ်မချရပါဘူး’’ ဟု ကိုမောင်ပြားက ဆိုသည်။

တိုင်းရင်းသားကျေးရွာများသို့သွားသည့်လမ်းများ ဆက်သွယ်သွားလာမှုခက်ခဲနေခြင်းကို သက်ဆိုင်ရာက ရာသီမရွေးသွားလာနိုင်သည့် လမ်းများခင်းပေးရန် ရွာခံများက လိုလားနေကြောင်း ခြံပြင်ကျေးရွာမှ ဦးကျော်ဆန်းဝင်း က ပြောသည်။

‘‘အဓိက တိုင်းရင်းသားကျေး ရွာတွေကို သွားတဲ့လမ်းတွေ အခိုင်အမာလုပ်ပေးဖို့ တောင်း ဆိုချင်ပါတယ်။ ဒီလိုလမ်းတွေ ကောင်းမှလည်း လိုအပ်တဲ့အခါ ချက်ချင်းသွားလာဖို့ လွယ်ကူမှာ ဖြစ်ပါတယ်’’ဟု ဦးကျော်ဆန်းဝင်း က ပြောသည်။

မောင်တောမြို့နယ် ကြိမ် ချောင်းတိုက်နယ်နှင့် ခမောင်းဆိပ်မြို့သို့ သွားသည့် ကားလမ်းသည်လည်း မိုးရာသီတွင် လွန်စွာဆိုးရွားနေကြောင်း သတင်းရရှိသည်။