မုံရွာ-ဟုမ္မလင်း နှစ်ထပ်သင်္ဘောခရီးစဉ် တိုးချဲ့ပြေးဆွဲရန် အစီအစဉ်မရှိဟုဆို

ချင်းတွင်းမြစ်ကြောင်းသွား စက်လှေတစ်စီး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

မုံရွာမြို့မှ ဟုမ္မလင်းအထိ ချင်းတွင်းမြစ်ကြောင်းသွား နှစ် ထပ်သင်္ဘောခရီးစဉ်အား ထပ်မံ တိုးချဲ့ပြေးဆွဲရန် အစီအစဉ်မရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း က ပြောသည်။

သြဂုတ် ၂၁ ရက်က ကျင်းပ သော ဒုတိယအကြိမ် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် အ စည်းအဝေးတွင် ဖောင်းပြင်မြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးခင်မောင်ထွန်းက နှစ်ထပ် သင်္ဘောကြီးများကို မုံရွာ-ဟုမ္မလင်းခရီးစဉ်တိုးချဲ့ပြေးဆွဲပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်ပတ် သက်၍ ဦးသန်းညွန့်ဝင်းက ပြန် လည်ဖြေကြားသည်။

‘‘လက်ရှိ  အခြေအနေတွင် ခရီးသည်နှင့် ကုန်စည်မျှတလုံ လောက်မှု ရှိနေသည့်အတွက် ပြည်တွင်းရေကြောင်းပို့ဆောင် ရေး၊ ချင်းတွင်းဌာနခွဲ အနေဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် ဈေးကွက် အပြောင်းအလဲအပေါ် မူတည်၍ တိုးချဲ့ပြေးဆွဲနိုင်ရန် အသင့်စီစဉ် ထားရှိပါတယ်’’ဟု ဦးသန်းညွန့် ဝင်းက ပြောသည်။

  ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးဌာနမှ ရေယာဉ်များ အနေဖြင့် ရာသီဥတု၏အခြေအ နေကြောင့် ပုဂ္ဂလိကရေယာဉ်များ ရပ်နားထားရသည့်အချိန်မှလွဲ၍ ကျန်ခရီးစဉ်တိုင်းတွင် ခရီးသည် နှင့်ကုန်စည်လိုက်ပါတင်ဆောင်မှုနည်းပါးနေသဖြင့် ဌာန အနေဖြင့် များစွာ အရှုံးခံပြေးဆွဲနေရသော အခြေအနေသို့ ရောက်ရှိနေ ကြောင်း ဦးသန်းညွန့်ဝင်းက ဆက်လက်ပြောကြားသည်။

မုံရွာမြို့ အခြေပြု၍ ချင်း တွင်းမြစ်ကြောင်းရေများချိန်ကာ လများတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ချင်းတွင်းဌာနခွဲမှ သင်္ဘောများ ပြေးဆွဲပေးနေသည်။ မုံရွာ-ကလေးဝခရီးစဉ်၌ ချမ်းသာရေယာဉ်ဖြင့် ယခုနှစ် ဇွန်လ ၂၂ ရက်မှ စတင်၍ အပတ်စဉ် မုံရွာမြို့မှ ဗုဒ္ဓဟူးနေ့တိုင်း ထွက်ခွာ၍ ကလေးဝမြို့မှ သောကြာနေ့တွင် ပြန်လည်ထွက်ခွာသည့် ခရီးစဉ် ပြေးဆွဲနေသည်။

ထို့အပြင် မုံရွာ-ဟုမ္မလင်းခရီးစဉ်အား ပြဒါးရှင်ရေယာဉ်ဖြင့် ယခုနှစ် ဇူလိုင် ၃ ရက်မှစတင်၍ ပုဂ္ဂလိကနှင့် အကျိုးတူအဖြစ် အပတ်စဉ် မုံရွာမြို့မှ တနင်္လာနေ့တွင် ထွက်ခွာပြီး ဟုမ္မလင်းမြို့မှ စနေနေ့တွင် ပြန်လည်ထွက်ခွာသော ခရီးစဉ်ကို ပြေးဆွဲနေ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးမှ သတင်းရရှိသည်။

  စစ်ကိုင်းတိုင်းအတွင်း  ၂၀၀၀ ပြည့်နှစ်မကုန်မီ ကနီမြို့နယ်အတွင်း ရေယာဉ်နစ်မြုပ် ခြင်း၊ ၂၀၀၂ တွင် ကလေးဝမြို့ နယ် လောင်းဂရိတ်ဝဲတွင် လူစီးအမြန်ရေယာဉ် နစ်မြုပ်ခြင်း၊ ၂၀၀၅ တွင် ချင်းတွင်းမြစ်နှင့် ဥရုမြစ်ဆုံအနီးတွင် အမြန်ရေယာဉ် တစ်စီး နစ်မြုပ်ဆုံးရှုံးခြင်း၊ ၂၀၁၅ နိုဝင်ဘာတွင် ကလေးဝမြို့နယ် လောင်းဂရိတ်ဝဲတွင်  လူစီးအမြန်ရေယာဉ် နစ်မြုပ်ဆုံးရှုံးခြင်း၊ ၂၀၁၆ အောက်တိုဘာ ၁၅ ရက်တွင် ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနီး အောင်စိုးမိုးကျော်-၂ ခရီးသည်တင် အမြန်ရေယာဉ် နစ်မြုပ် ဆုံးရှုံးခြင်းတို့ကြောင့် ချင်းတွင်းမြစ်ဝှမ်းနေထိုင်သော ခရီးသွားပြည်သူများ သွား လာရေးအခက်အခဲဖြင့် ကြုံတွေ့ရကြောင်း ဦးခင်မောင်ထွန်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

More in Regional Section

Top News