ဆီးဂိမ်းဝူရူးပြိုင်ပွဲတွင် မြန်မာ ငွေတံဆိပ်ရ

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)၌ မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကို အမျိုးသမီးဝူရှူးပြိုင်ပွဲ နန်းချွန်ပြိုင်ပွဲတွင် အေးသစ္စာမြင့်က ဆွတ်ခူးခဲ့သည်။ 

သြဂုတ် ၂၀ ရက်က ကျင်းပသည့်ယင်းပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားကစားသမားက ရမှတ် ၉ ဒသမ ၆၆ မှတ်ဖြင့် ရွှေတံဆိပ်၊ အေး သစ္စာမြင့်က စုစုပေါင်းရမှတ် ၉ ဒသမ ၆၄ မှတ်ဖြင့် ငွေတံဆိပ်၊ ဗီယက်နမ်ကစားသမားက ရမှတ် ၉ ဒသမ ၆၃ မှတ်ဖြင့် ကြေးတံဆိပ် ရရှိသည်။ 

၂၀၁၇ ဆီးဂိမ်း သြဂုတ် ၂၀ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုရရှိထားကာ နိုင်ငံအလိုက် ရပ်တည်မှု အဆင့်ခြောက် နေရာ၌ ရပ်တည်နေသည်။ 

Top News