ဗီယက်နမ်ကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် မြန်မာအမျိုးသမီးဘောလုံးအသင်း ချန်ပီယံအိပ်မက် ပျက်ပြယ်

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

ဆီးဂိမ်းအမျိုးသ မီးဘောလုံးပြိုင်ပွဲ တတိယပွဲတွင် ဗီယက်နမ်အသင်းကို ၃-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်သည့်ပွဲ၌ အမှား များခဲ့ပြီး ရလဒ်ကိုစိတ်ပျက်မိ ကြောင်း မြန်မာအမျိုးသမီးအ သင်းနည်းပြချုပ် ရော်ဂျာရိုင်နာက ပြောသည်။

သြဂုတ် ၂၀ ရက်က ကွာလာ လမ်ပူမြို့ ယူအမ်အရီနာကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲတွင်ဗီ ယက်နမ်အသင်းက ခြေစွမ်းအ သာဖြင့် မြန်မာအသင်းကို ဖိအား ပေးနိုင်ခဲ့ပြီး ပထမပိုင်းတွင် တစ် ဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုးသွင်းယူ ခဲ့သည်။ မြန်မာအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၅၉ မိနစ်၌ ဝင်းသိဂီထွန်း က သွင်းယူခဲ့သည်။

သုံးပွဲယှဉ်ပြိုင်အပြီး နှစ်ပွဲရှုံး ထားသည့် မြန်မာအမျိုးသမီး အ သင်းအနေဖြင့် ချန်ပီယံအိပ်မက် အဆုံးသတ်ပြီဖြစ်သည်။

‘‘ဒီရလဒ်ကိုတော့ စိတ်ပျက် မိပါတယ်။ အရှေ့တောင်အာရှ မှာ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်အ သင်းတွေက အရမ်းမကွာကြတဲ့ အသင်းတွေပါ။ ဒီပြိုင်ပွဲမှာ တတိ ယဆုအတွက်ပဲ မျှော်လင့်လို့ရ တော့မှာပါ။ ဒီနေ့ပွဲက နည်းစနစ် ပိုင်းကစားကြတဲ့ပွဲပါ။ ကျွန်တော် တို့အမှားတွေ ပိုလုပ်ခဲ့တဲ့အတွက် ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်’’ဟု မြန် မာအသင်း နည်းပြချုပ်က ပွဲအပြီး တွင် ပြောကြားသည်။

မြန်မာအသင်းသည် သြဂုတ်၂၂ ရက်တွင် စတုတ္ထမြောက် (နောက်ဆုံး) ပွဲစဉ်အဖြစ် ဖိလစ် ပိုင်အသင်းနှင့် ယှဉ်ပြိုင်ရမည်။ အ မျိုးသမီးဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲ ဝင် ငါးသင်းသာ ဝင်ရောက်ယှဉ် ပြိုင်ခြင်းကြောင့် ပတ်လည်စနစ် ဖြင့် ယှဉ်ပြိုင်ရပြီး အမှတ်အများဆုံး အသင်းက ဗိုလ်စွဲမည်ဖြစ် သည်။ ထိုင်းနှင့် ဗီယက်နမ်အ သင်းက နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ရမှတ် ခြောက်မှတ်ရရှိထားပြီး  ချန်ပီယံဆုအတွက် အလားအ လာကောင်းနေသည်။

Top News