■ အားကစားသတင်းတိုများ

ယမန်နေ့က ဆောက်သမ်တန်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်သောပွဲတွင် အနီကတ် အပြခံခဲ့ရခြင်းအတွက် ၀က်စ်ဟမ်းက စံချိန်တင်ပြောင်းရွှေ့ ကြေးဖြင့် ၀ယ်ယူခဲ့သော တိုက်စစ်မှူး မာကိုအနောတိုဗစ်က ပရိသတ် များအား တောင်းပန်သည်။


မိမိတို့အသင်း၏ အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဓာတ်ကြောင့် နယူးကာဆယ်အသင်း ပရီးမီးယားလိဂ်တွင် ရှင်သန်နိုင်လိမ့်မည်ဟု အသင်းခေါင်းဆောင် ဂျာမယ်လက်အဲလ်လက်စ်က ပြောသည်။

စနေနေ့က အော့စ်ဘတ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဟမ်းဘတ်တောင်ပံကစားသမား နီကိုလိုင်မူလာသည် ဂိုးသွင်းယူပြီး နောက် အောင်ပွဲခံရင်း ဒူးအရွတ် စုတ်ပြဲဒဏ်ရာရရှိကာ ခွဲစိတ်ရမည် ဖြစ်ရာ ခုနစ်လခန့် အနားယူရမည်ဖြစ်သည်။

ဂရိလိဂ်ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံအိုလံပီယာကော့စ်က ဧည့် သည် လာရစ်ဆာအသင်းကို ၄-၁ ဂိုးဖြင့် ချေမှုန်းပြီး ဖလားကာကွယ်မှု စတင်သည်။

တိုက်စစ်မှူး ဒမ်ဘီလီအတွက် ၎င်းတို့သတ်မှတ်ထားသော ဈေးနှုန်း ကို ဘာစီလိုနာက ပေးချေမည်ဆိုပါက ရောင်းချမည်ဟု ဒေါ့မွန် အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ပြောသည်။ ဘာကာသို့ ပြောင်းရန် ဆန္ဒပြခဲ့ခြင်းကြောင့် လောလောဆယ်တွင် ဒေါ့မွန်က ဒမ်ဘီလီကို အသင်း၏ လှုပ်ရှားမှုအားလုံးမှ ဖယ်ရှားထားသည်။

Top News