လန်ဒန်ဒါဘီပွဲမတိုင်မီ အေဂျက်ဇ်ကြယ်ပွင့် ဒါဗင်ဆင်ဆန်းချက်ဇ်ကို ကလပ်စံချိန်တင်ကြေးဖြင့် စပါးအသင်းခေါ်ယူ

စပါးအသင်းသည် ယနေ့ည ယှဉ်ပြိုင်မည့် ချယ်လ် ဆီးနှင့် လန်ဒန်ဒါဘီပွဲမတိုင်မီ နယ်သာလန်ကလပ် အေဂျက်ဇ်မှ ဗဟိုနောက်ခံလူ ဒါဗင်ဆင်ဆန်း ချက်ဇ်ကို ကလပ်စံချိန်တင်ပြောင်း ရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘော တူညီမှုရရှိခဲ့သည်။


ကိုလံဘီယာနိုင်ငံသား ဒါ ဗင်ဆင်ဆန်းချက်ဇ် (၂၁)နှစ် သည် စပါးနှင့် ခြောက်နှစ်သက် တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပြီး ယခု အခါ ဆေးစစ်မှုအောင်မြင် ရန် လိုအပ်နေသေးကာ အ လုပ်လုပ်ခွင့်ပါမစ် ရရှိခဲ့ သည်။

စပါးသည် ၎င်းအ တွက် ကနဦး ပေါင် ၃၆ ဒသမ ၆ သန်း ပေးချေခဲ့ရ ပြီး ယင်းမှာ ဆုကြေးများ အပေါ်မူတည်၍ ပေါင် ၃၈ ဒသမ ၄ သန်းအထိ တိုးမြင့် မည်ဖြစ်သည်။

စပါးအသင်းက ၎င်းတို့၏ တရားဝင်တွစ်တာ စာမျက်နှာ တွင် ဒါဗင်ဆန်ဆန်းချက်ဇ်၏ အ ပြောင်းအရွှေ့အတွက်အေဂျက်ဇ်နှင့် သဘောတူညီမှုရရှိခဲ့သဖြင့် ၀မ်းမြောက်မိကြောင်း ရေးသားခဲ့ သည်။

စပါးနည်းပြ ပိုချက်တီနို သည် ကစားသမားအပြောင်းအ ရွှေ့ကာလ နောက်ဆုံးရက်ဖြစ် သည့် သြဂုတ် ၃၁ ရက် မတိုင်မီ တောင်ပံကစားသမားတစ်ဦး၊ ကွင်းလယ်လူနှင့် ဂိုးသမားတစ်ဦး တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေ သည်။

စပါးသည် ပြီးခဲ့သည့်ရာသီ က အက်ဖ်အေဖလားအကြိုဗိုလ် လုပွဲတွင် ချယ်လ်ဆီးကို ၄-၂ ဂိုး ဖြင့် ရှုံးနိမ့်မှုအပါအ၀င် ချယ်လ် ဆီးနှင့် နောက်ဆုံးတွေ့ဆုံမှု သုံး ကြိမ်၌ သုံးကြိမ်စလုံး ရှုံးနိမ့် ထားသည်။

သို့သော် ယခုတစ်ကြိမ်တွင် စပါးအနေဖြင့် ပိုကောင်းအောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့် ထားကြောင်း ဒီလီအယ်လီက အသင်းဝက်ဘ်ဆိုက်၌ ပြောကြား သည်။        -Ref:skyspor

Top News