ခန္တီးတွင် ပြန်ပေးဆွဲခံရသော အရပ်သားသုံးဦး ပြန်လည်လွတ်မြောက်

ခန္တီးမြို့နယ် ကျားကိုက် ကျေးရွာတွင် လက်နက်ကိုင်အဖွဲ့ က ဖမ်းဆီးသော အရပ်သားသုံးဦး ပြန်လည်လွတ်မြောက်လာ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကပြောသည်။

ကျားကိုက်ကျေးရွာမှ ဦးဇော်မိုးအပါအဝင် အမျိုးသားနှစ်ဦးကို ဩဂုတ် ၁၆ ရက် ညဥ့်နက်တွင် ပြောက်ကျားဝတ်စုံ ဝတ်ထားသော လက်နက်ကိုင်အဖွဲ့တစ်ခု က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဩဂုတ် ၁၇ ရက် ညဥ့်နက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ် သည်။


‘‘ပြန်လွတ်လာကြပြီ။ ကျွန် တော်တို့ စစ်ဆေးမေးမြန်းနေတုန်း ဖြစ်လို့ အခုအနေအထားမှာ ဘာ မှပြောလို့မရသေးပါဘူး။ အသေး စိတ်ကို ပြန်ဆက်သွယ်ပြောပေးပါ့မယ်’’ဟု ခန္တီးနယ်မြေ လင်းဖားကျေးရွာရဲစခန်းမှ စခန်းမှူးက ပြောသည်။

ဖမ်းဆီးသွားသူ သုံးဦးအ တွက် တစ်ဦးလျှင် ကျပ် ၂၅ သိန်း နှုန်းဖြင့် ပြန်ရွေးရန် လက်နက် ကိုင်အဖွဲ့က မိသားစုဝင်များကို အကြောင်းကြားခဲ့ကြောင်း ဒေသ ခံအချို့ကပြောပြီး ယခုပြန်လည် လွတ်မြောက်လာမှုသည် မည် သည့်အကြောင်းကြောင့် ဖြစ် သည်ဟု မသိရသေးပေ။

ကျားကိုက်ကျေးရွာမှ ရွာဦး ကျောင်းဆရာတော် ဦးဣန္ဒပါလ က ပြန်လည်လွတ်မြောက်လာသူ သုံးဦးနှင့် ခဏသာတွေ့ခဲ့ရ၍ ဖြစ် စဉ်အလုံးစုံအခြေအနေကို မသိရသေးကြောင်း ပြောသည်။

 လက်နက်ကိုင်ဆောင်ထား သူများက အရပ်သားများကို ဖမ်း ဆီးခေါ်ဆောင်ကာ ငွေကြေးဖြင့် ပြန်ရွေးရန် တောင်းဆိုသည့် ဖြစ် စဉ်ကြောင့် ဒေသတွင်း တရား ဥပဒေစိုးမိုးမှု အားနည်းသည့်အ ပေါ် စိုးရိမ်နေကြောင်း ဒေသခံအချို့ကပြောသည်။

More in News Section

Top News