သတင်းထောက်သုံးဦး၏ ဒုတိယအကြိမ် အာမခံလျှောက်ထားမှု ထပ်မံပယ်ချခံရ

သတင်းထောက်သုံးဦးကို ရုံးထုတ်စစ်ဆေးသည့် သီပေါတရားရုံးကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်တာ)

မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားရင် ဆိုင်နေရပြီး သီပေါအကျဉ်း ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် သတင်းသမားသုံးဦးအပါအ၀င် အမျိုးသားခြောက်ဦး၏ ဒုတိယအကြိမ် အာမခံ လျှောက်ထားမှုကို သီပေါမြို့နယ် တရားသူကြီးက ဩဂုတ် ၁၈ ရက် ရုံးချိန်း၌ ထပ်မံပယ်ချသည်။အမှုသည် ဥပဒေကြောင်းအရနှင့် အကြောင်းခြင်းရာအရ မှားယွင်းချွတ်ချော်မှု ရှိ၊ မရှိ စနစ်တကျ စိစစ်ရန်လိုအပ်ခြင်း၊ စွပ်စွဲ ခံထားရသူများသည် သီပေါမြို့ခံ များမဟုတ်ဘဲ အခြားမြို့များတွင် နေထိုင်ကြပြီး အာမခံပေးမည်ဆို လျှင် အမှုစစ်ဆေးရန် ကြန့်ကြာ မှုရှိနိုင်ခြင်း၊ အမှုကြန့်ကြာခြင်း သည် အမှန်တရားနှင့်ဝေးကွာစေ ခြင်းနှင့် အမှုကို လူအများစိတ်ဝင်စားပြီး တရားခွင်အတွင်းတွင် လည်း လုံခြုံရေးအပြည့်အ၀ဖြင့် စစ်ဆေးနေရခြင်းစသည့် အဓိက အချက်လေးချက်ကြောင့် အာမခံ ပယ်ချခြင်းဖြစ်ကြောင်း သီပေါမြို့ နယ်တရားသူကြီး ဦးကျော်သူမိုး ကပြောသည်။


ဩဂုတ် ၁၈ ရက် ရုံးချိန်းအ တွင်း တရားလိုပြသက်သေ ဗိုလ် မှူးမြတ်မော်အောင်ကို စစ်ဆေးခဲ့ ပြီး လာမည့်ဩဂုတ် ၂၅ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

More in News Section

Top News