JMC အလုပ်အဖွဲ့ခေါင်းဆောင်ဒေါက်တာမင်းဇော်ဦးနေရာတွင် ဦးအောင်နိုင်ဦးတာဝန်ယူ

JMC အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး (ဓာတ်ပုံ − Joint Ceasefire Monitoring Committee)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးကော်မ တီ နည်းပညာအထောက်အကူပြု ရုံး (JMC-TSC)အလုပ်အမှု ဆောင်ညွှန်ကြားရေးမှူးဒေါက် တာမင်းဇော်ဦးနေရာတွင် ယခင် အစိုးရလက်ထက် Myanmar Peace Center ၏ငြိမ်းချမ်းရေး ဆွေးနွေးမှုအစီအစဉ်ကို ဦးဆောင် ခဲ့သူဦးအောင်နိုင်ဦးက ပြောင်း လဲတာဝန်ယူထားကြောင်း JMC က ဩဂုတ် ၁၅ ရက်၌ သတင်းထုတ်ပြန်သည်။


JMC ၏ (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် ချမှတ်သော ဆုံးဖြတ်ချက်နှင့်အညီ ဦးအောင် နိုင်ဦးသည် JMC ၏နည်းပညာအထောက်အကူပြုရုံး၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးအဖြစ်၂၀၁၇ ဩဂုတ် ၁ ရက်ကစတင်တာဝန်ယူဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

JMC တွင် တာဝန်မထမ်း ဆောင်မီ ဦးအောင်နိုင်ဦးသည် ရန်ကုန်အခြေစိုက်ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၎င်းသည် ၂၀၁၂ မှ ၂၀၁၅အတွင်း Myanmar Peace Center၏ငြိမ်းချမ်းရေးဆွေးနွေးမှု အစီအစဉ်ကို ဦးဆောင်ခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းများ လက်မှတ်ရေးထိုးထား သော တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်မူကြမ်း ရေးဆွဲရာတွင်ပါဝင်ခဲ့သူ ဖြစ်ကြောင်း JMC က ဆိုသည်။

ထို့အတူချင်းမိုင်တက္ကသိုလ် ၏ CDCE အစီအစဉ်နှင့် ဗဟုဖွံ့ ဖြိုးမှုအစီအစဉ်၏ ဒုတိယညွှန် ကြားရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး၏ နိုင်ငံခြားရေးဌာန အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ ၀င် စသည်ဖြင့် တာဝန်ထမ်း ဆောင်ခဲ့ဖူးကြောင်း JMC ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးအောင်နိုင်ဦးသည် အမေရိကန် ပြည်ထောင်စု ဟားဗတ်တက္က သိုလ် John F. Kennedy School of Government မှ ပြည်သူ့ရေး ရာစီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ငြိမ်းချမ်း ရေး၊ ပဋိပက္ခညှိနှိုင်းရေးနှင့်ပြန် လည်သင့်မြတ်ရေးနှင့်စပ်လျဉ်း၍ စာအုပ်၊ စာတမ်းများစွာရေးသား ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‘‘JMC-TSC ရဲ့အလုပ်အမှု ဆောင်ညွှန်ကြားရေးမှူးတာဝန် ကနေ ထွက်ဖို့ဆုံးဖြတ်ချက်က ကျွန်တော့်ဘ၀မှာ ချခဲ့တဲ့ဆုံးဖြတ် ချက်တွေထဲမှာ ခက်ခဲတဲ့ဆုံးဖြတ် ချက်တစ်ခုဖြစ်ပါတယ်။ JMC နှစ် ဖက်ခေါင်းဆောင်တွေ၊ အလုပ် အဖွဲ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရဲဘော်ရဲဘက်စိတ်၊ နွေးထွေးတဲ့ Professional ဆက်ဆံရေးတွေ တည်ဆောက်ခဲ့ပြီးမှ ထွက်ရတာ ဖြစ်လို့ စိတ်မကောင်းမိတာက တော့ အမှန်ပါ’’ ဟု ဒေါက်တာ မင်းဇော်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထား သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းထားပြီး နိုင်ငံ ရေးဆွေးနွေးပွဲများ ကျင်းပနေစဉ် လက်နက်ကိုင်ပဋိပက္ခများ မပေါ် ပေါက်ရေးပူးတွဲထိန်းသိမ်းစောင့် ကြည့်ရန်နှင့် ပဋိပက္ခများပေါ် ပေါက်လာပါကလည်း အင်အား သုံးဖြေရှင်းခြင်းမရှိဘဲ ဆွေးနွေး ညှိနှိုင်းအဖြေရှာရန် JMC ၏အဓိ ကလုပ်ငန်း တာဝန်များအဖြစ် သတ်မှတ်ထားသည်။

Top News