Mary နှင့်တွေ့ဆုံခြင်း

‘‘Mary အကောင်းဆုံးကြိုးစားနေပါတယ်။ စောင့်ကြည့်ပေးပါ။ အရင်တစ်ခါလို ပျောက်သွားတာမျိုးလည်း မဖြစ်စေရပါဘူး’’
ဓာတ်ပုံ-ကျော်ဇင်သန်း

‘ဝဲ’သီချင်းဖြင့် ထူးခြားသောအသံတစ်မျိုးဖြင့် ပရိသတ်များကို ဖမ်းစားနိုင်သော Maryသည် ‘ဝဲ’နှင့် Mask သီချင်းနှစ်ပုဒ်ကို အွန်လိုင်းမှတစ်ဆင့်ဝေမျှခဲ့ပြီး ယခုလအတွင်းရန်ကုန်သို့ တစ်လကြာ ပြန်ရောက်လာသည်။ ရန်ကုန်တွင်ရှိ နေစဉ် တတိယသီချင်းတစ်ပုဒ် ဖန်တီးရန်အပြင် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းသည်များကို ဖြေဆိုရင်းမြန်မာပရိသတ်နှင့် နီးစပ်မှုရရှိရန် ကြိုးစားနေခြင်းဖြစ်သည်။ Mary၏ ရုပ်အသွင်အပြင်ကို မမြင်ဖူးဘဲ အသံကြားရစဉ်ကတည်းက အခိုင်အမာအားပေးလာသော ပရိသတ်များအတွက် Mary ၏ ဘဝဖြတ်သန်းမှုအကြောင်းအရာအပြည့်အစုံနှင့် ဂီတလမ်းခရီးတွင် ဆက်လက်လျှောက်လှမ်းမည့် အစီအစဉ်များကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
 

အရင်ဆုံး Mary အကြောင်းလေး ကို ပရိသတ်နဲ့ မိတ်ဆက်ပေးပါဦး။

Mary က ရန်ကုန်မှာပဲ မွေးပါတယ်။ ငါးတန်းအထိ ဒီမှာ ကျောင်းတက်ပြီး ဂျပန်မှာအလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကို ဆက်တက်ပါတယ်။ ဟိုမှာနေတာများ တဲ့အတွက်၊ ဒီကိုတော့ ကျောင်းပိတ်ရက်လောက်ပဲ ပြန်လာလို့ရတဲ့အတွက် တစ်လ လောက်ပဲ ပြန်လာဖြစ်တယ်။

ဂီတနဲ့ပတ်သက်ပြီးတော့ကော ဘယ်အသက်အရွယ်မှာ စပြီး ဝါသနာပါတာလဲ။

Mary က ငယ်ငယ်လေးကတည်းက ဂီတကို ဝါသနာပါပါတယ်။ အဖေကလည်း အရင်တုန်းက ဂစ်တာတီးသင်တယ်လေ။ ငယ်ငယ်လေးကတည်းက မြူးဇစ်နဲ့ ရင်းရင်းနှီးနှီးရှိခဲ့တယ်။ အသက်အရွယ်တော့ သေချာမပြောတတ်တော့ဘူး။

ပထမဦးဆုံး ဂီတနဲ့ပတ်သက်ပြီး စလုပ်ဖြစ်တာ ဘာများဖြစ်မလဲ။

Mary အရင်က Cover Songတွေ တော်တော်များများဆိုဖူးတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ Officially စလုပ်ဖြစ်တာကတော့ ‘မငိုပါနဲ့တော့’ဆိုတဲ့ Lil'z သီချင်းမှာ ပထမဦးဆုံး Featuring စဆို ပေးတာပါ။ ဒါပေမဲ့ အဲဒီတုန်းကတော့ Mary ဆိုတာလောက်ပဲထည့်ထားတယ်။ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်လိုဆိုတာလဲကို အသိမပေးခဲ့ဘူး။ အဲဒီလိုမျိုးလေး ပဲ နေချင်လို့ နာမည်လောက်ပဲ ထည့်ခိုင်းခဲ့တာပါ။

‘မငိုပါနဲ့တော့’သီချင်းမှာ Mary ဆို တာကို ပရိသတ်တွေ သိပ်မသိလိုက်ကြဘူး။ ပထမဆုံး ပရိသတ်တွေ သတိထားမိတာက ‘ဝဲ’ သီချင်းဖြစ်နေတယ်နော်။

Mary  ‘မငိုပါနဲ့တော့’ သီချင်း ကို တိုကျိုမှာ အသံသွင်းပြီး လှမ်းပို့လိုက်တာပေါ့။ သီချင်းစလုပ်က တည်းက အတူတူတွဲလုပ်တာ မဟုတ်ဘူး။ အွန်လိုင်းကနေ ကမ်းလှမ်းလာတဲ့အတွက် ဟိုကပဲ လှမ်းပို့ ပေးခဲ့တယ်။ အဲဒီသီချင်းထွက် ပြီးတော့လည်း မြန်မာနိုင်ငံကို ပြန်လာဖို့က အဆင်မပြေတဲ့အတွက် ပြန်မလာဖြစ်ခဲ့ဘူး။ အစကတည်းက ဖေ့စ်ဘွတ်ခ်လည်း သိပ်မသုံးသလို Tag လည်း သိပ်မလုပ်ဖြစ်တဲ့ အတွက် လူတွေ သိပ်သတိမထားမိလိုက်ကြဘူး။

‘မငိုပါနဲ့တော့’သီချင်းဆိုဖို့ Lil'z နဲ့ ဘယ်လိုဆက်သွယ်မိတာလဲ။

အဲဒီတုန်းက သူ (Lil'z) အယ်လ်ဘမ်ထွက်မယ်ပေါ့။ သူနဲ့ အင်စတာဂရမ်ကနေ ရင်းနှီးသွားပြီး  Mary က အင်စတာဂရမ်မှာ လည်း Cover Song ဗီဒီယိုလေး တွေ တင်ဖူးတော့ သူလည်း နား ထောင်ဖူးတယ်ထင်တယ်။ ဒီ သီချင်းတစ်ပုဒ်လေးမှာ Featuring မဆိုပေးချင်ဘူးလားဆိုတော့ Mary ကလည်း နဂိုကတည်းက သူ့ရဲ့ပရိသတ်ဆိုတော့ ဆိုဖြစ် သွားတာပါရှင့်။

‘မငိုပါနဲ့တော့’ ထွက်ပြီး အချိန် ဘယ်လောက်အကြာမှာ ‘ဝဲ’ သီချင်းကို ဖန်တီးဖြစ်တာလဲ။

တစ်နှစ်ကွက်တိကြာတယ်။ အဲဒီကြားထဲမှာတော့ ကျောင်း တက်နေတဲ့အတွက် သီချင်းမလုပ် ဖြစ်ဘူး။ သီချင်းလုပ်လိုက်တဲ့အ ချိန်မှာလည်း မြူးဇစ်လောကထဲကို ဝင်ဖို့လုပ်လိုက်တာမဟုတ်ဘူး။ အဲဒီသီချင်းက တော်တော်လေး ပေါက်သွားတဲ့အတွက် နောက်ပိုင်းပြန်စဉ်းစားလိုက်တော့ တခြားသူ တွေကလည်း အဆိုတော်လုပ်ပါ လားလို့ ပြောကြတာနဲ့ ဒီနှစ်ထဲမှာ စဉ်းစားပြီးတော့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။

‘ဝဲ’သီချင်းက ကိုယ်တိုင်ရေးထား တဲ့ သီချင်းဆိုတော့ သီချင်းရေးစပ် မှုအပိုင်းကိုကော ဘယ်လိုခံစားမှု ရှိလဲ။

သီချင်းရေးတာကို ငယ်ငယ် လေးကတည်းက ဝါသနာပါတဲ့အ တွက် ရေးဖြစ်တယ်။ Mary သီချင်းရေးတဲ့အခါမှာ စတိုရီကို အရင် စဉ်းစားလိုက်တယ်။ ငါက အသည်းကွဲနေတဲ့သူလား။ ငါက ကြိုက်နေ တဲသူတစ်ယောက်ရှိနေတဲ့သူ လား။ စတိုရီတစ်ခုကို အရင်စဉ်း စားလိုက်ပြီးတော့မှ အဲဒီသီချင်းရဲ့ Mood (ခံစားမှု)ကို စဉ်းစားတယ်။ ပြီးမှ Melody (သံစဉ်) ကို စဉ်းစား တယ်။ Melody စဉ်းစားပြီးမှ အဲဒီ စတိုရီနဲ့ပတ်သက်တဲ့ စာသားတွေ စဉ်းစားတယ်။

‘ဝဲ’သီချင်းကို ပုံဖော်ဖို့ စတိုရီက ဘယ်လိုရတာလဲ။

ရေးထားတာက ကြာခဲ့ပါပြီ။ သူငယ်ချင်းက သူ့မှာ Crush ရှိ တယ်ပေါ့။ ဒါပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို ရင်ဖွင့်လာ တဲ့အတွက် အဲဒီနေ့ညက သီချင်း ရေးချင်နေတာနဲ့၊ မယ်လိုဒီလေး တစ်ခုခေါင်းထဲပေါ်လာတာနဲ့ သူ့ စတိုရီကို အခြေခံပြီး ရေးဖြစ်သွား တာပါရှင့်။

‘ဝဲ’သီချင်း Teaser အတိုလေးတင် တဲ့အချိန်မှာ ပရိသတ်အားပေးမှု ကြီးကြီးမားမားရရှိခဲ့တယ်။ အံ့ အားသင့်သွားခဲ့သလား။

Mary သီချင်းစတင်ကတည်း က Profile မှာ ပုံအစစ်မတင်ထား ဘူး။ ရိုးရိုးပုံလေးပဲတင်ထားတယ်။ Mary ကို အရင်ကတည်းက သိခဲ့ တဲ့သူတွေကလည်း ဒီသီချင်းဆိုတဲ့ သူနဲ့ အသံတူတယ်ဆိုတာလောက် ပဲ သိကြတယ်။ ဟုတ်၊ မဟုတ် တောင်မကွဲကြဘူး။ အဲဒီလောက် ထိ ပေါက်သွားမယ်လို့လည်း မထင်ဘူး။ တကယ်အရမ်းအား ပေးကြတော့ ဝမ်းသာတယ်။ ဒီ ထက်ပိုပြီးသေချာလုပ်မယ်ဆိုတဲ့ Push (တွန်းအား)လည်း ပိုများ သွားတယ်။

သီချင်းတစ်ပုဒ်ရေးရင် အချိန် ဘယ်လောက်ယူရသလဲ။ လက်ထဲ မှာကော သီချင်းဘယ်နှပုဒ် လောက်ရှိနေပြီလဲ။

Mood ပေါ်မှာ မူတည်တာ ပေါ့။ တစ်ခါတလေကျရင် တစ် နာရီ၊ နှစ်နာရီနဲ့ပြီးတယ်။ ပြီးကျမှ ပြန်နားထောင်ပြီး ပြင်သင့်တဲ့နေ ရာလေးတွေကို ပြင်ဖြစ်တာပေါ့။ တစ်ခါတလေကျတော့လည်း တစ်ဝက်တစ်ပျက်ကြီးရေးထားတဲ့ သီချင်းတွေကတော့ အများကြီးပဲ။ မကြိုက်လို့ ဆက်မရေးဖြစ်တော့ တာ။ လက်ရှိက သုံးလေးပုဒ် လောက်ရှိတယ်။ ဒါပေမဲ့ တချို့ ဟာတွေက တစ်ဝက်တစ်ပျက်၊ တချို့ဟာတွေကျတော့လည်း ဟိုး ငယ်ငယ်တုန်းကရေးထားတဲ့ဟာ တွေမို့လို့ ပြန်မသုံးဖြစ်တာပေါ့။

‘ဝဲ’သီချင်းအရမ်းပေါက်ပြီးသွားတဲ့ နောက်ပိုင်း ကြားထဲမှာ ခဏ ပျောက်သွားသေးတယ်နော်။ ဘာ ဖြစ်လို့လဲ။

ဒါကတော့ Mary တစ် ယောက်တည်းတင်မဟုတ်ပါဘူး။ လူတိုင်းပါပဲ။ ဖေ့စ်ဘွတ်ခ်မှာ ပို့စ် တစ်ခုတင်တဲ့အခါ Love React တွေ အများကြီးရနေရင်တောင် Haha React တစ်ခုရခဲ့ရင် အ ကောင်းဘယ်လောက်ပဲပြောခဲ့ ပြောခဲ့ မကောင်းပြောတဲ့ တစ်ခုကို ပဲ ရင်ထဲရောက်တာမျိုးရှိတယ် လေ။ Mary လည်း အဲဒီလိုအဖြစ် အပျက်လေးတွေရှိခဲ့တဲ့အတွက် ခဏပျောက်သွားမိတယ်။ Mary ကို အားပေးတဲ့သူတွေကိုလည်း  တောင်းပန်ချင်ပါတယ်။ Mary အထင် အနုပညာလောကနဲ့ပတ် သက်ရင် ဒီကပိုဆိုးတယ်လို့မြင် တယ်။ အပြောခံရတာတွေရှိတယ်။ အဲဒါကြောင့် Mary ငါလုပ်ချင် လား၊ လုပ်နိုင်မှာလားဆိုပြီး တစ် ယောက်တည်း အချိန်ယူပြီး ပြန် စဉ်းစားတယ်။ Mary ဂျပန်မှာ တစ်ယောက်တည်းဖြစ်နေတယ်။ မိဘ တွေကလည်း သီချင်းလုပ်နေတာ ကို မသိဘူး။ အတူသီချင်းတွဲလုပ် တဲ့ ရန်ကုန်ကလူတွေကတော့ အွန်လိုင်းကနေ အားပေးစကား ပြောကြတယ်ဆိုပေမယ့် အနားမှာ ပြောပေးမယ့်သူမရှိတော့ စိတ် ဓာတ်ကျတယ်။ ကိုယ်က တစ်ဦး တည်းသောသမီးဆိုတော့ နဂိုက တည်းက တစ်ယောက်တည်း အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ် တဲ့အတွက် သူငယ်ချင်းလည်း အ များကြီးမရှိဘူး။ ရင်ဖွင့်စရာလူ လည်း မရှိတဲ့အတွက် တစ်ယောက်တည်း အချိန်ယူစဉ်းစားပြီး ဒီထက် ဆိုးတာတွေလာမယ်။ လုပ်နိုင်မှာ လားလို့ စဉ်းစားလိုက်တော့ လုပ် မယ်ဆိုပြီး Mask သီချင်းနဲ့ ပြန်ဝင် လာခဲ့တာပါ။ အွန်လိုင်းမှာ ပျောက်သွားတာတော့ နှစ်လနီးပါး လောက်ကြာသွားတယ်။ 

‘ဝဲ’နဲ့ ‘Mask’ သီချင်းနှစ်ပုဒ်ဖန်တီး မှုက အချိန်ဘယ်လောက်ကွာလဲ။

‘ဝဲ’ကို လုပ်ဖို့ ငါးလပိုင်းမှာ ရန်ကုန်ပြန်လာတယ်။ ပြန်လာတဲ့ နှစ်ပတ်အတွင်းမှာ ‘ဝဲ’ကို ထုတ် လိုက်တယ်။ နောက်ဆုံးပြန်ခါနီး သုံးရက်အလိုမှာ ‘Mask’ ကိုရေး ပြီး သွင်းခဲ့လိုက်တယ်။ ဟိုရောက် တော့မှ ‘Mask’ ကို အွန်လိုင်းတင် ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်လည်း ပြန်သုံး ခဲ့တယ်။ 

‘Mask’ သီချင်းနဲ့ ပြန်ရောက်လာတဲ့ အချိန်မှာ အားပေးနေဆဲပရိသတ် တွေရှိနေတဲ့အပေါ်မှာကော ဘယ် လိုခံစားရပါသလဲ။

Mary ဝမ်းသာတယ်။ တချို့ တွေကျတော့ ‘ဝဲ’မှာ မကြိုက်ဘူး။ ‘Mask’ မှာ ကြိုက်တယ်။ Mary ကတော့ ကိုယ်လုပ်နိုင်တာကို အ တတ်နိုင်ဆုံးလုပ်တာပေါ့နော်။ ‘Mask’သီချင်းကိုတော့ ‘ဝဲ’သီချင်း နဲ့ ‘Mask’ကို Produce လုပ်ပေးခဲ့ တဲ့ away က ရေးပေးတာပါ။

‘Mask’ ရဲ့ အမ်တီဗီကကော ဘယ် တော့လောက် ပရိသတ်ကို ချပြဖြစ်မလဲ။

အစက အခုပြန်လာတဲ့ ရှစ်လ ပိုင်းမှာရိုက်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဒီတစ်ခေါက်ပြန်လာတဲ့အခါ မှာ Mary ကလည်း မအားတာနဲ့၊ သီချင်းကလည်း မလုပ်နိုင်သေး တာနဲ့ နောက်ပြီး ‘ဝဲ’တုန်းကလည်း ရိုက်မယ်ဆိုပြီး တစ်ရက်တည်းနဲ့ အသည်းအသန်ရိုက်ခဲ့တော့ ‘Mask’ ကိုတော့ သေချာစဉ်းစား ပြီး ရိုက်မယ်။ ရယ်ဒီဖြစ်မှ အယ်လ် ဘမ်ထဲမှာ ပြန်ထည့်မယ်ဆိုပြီး စိတ်ကူးလိုက်တဲ့အတွက် ဒီတစ် ခေါက်ကို မရိုက်ဖြစ်တော့ဘူး။

ဂီတနဲ့ပတ်သက်ရင် ဘယ်လိုလိုင်း တွေကိုကော အားသန်သလဲ။

Mary ကတော့ အေးအေး လေးတွေကို ပိုကြိုက်တယ်။ သီချင်းရေးရင်လည်း အေးအေး လေးတွေပဲ။ မြူးမြူးသီချင်းတွေကို ရေးလည်းမရေးတတ်သလို ဆို လည်းမဆိုတတ်ဘူး။ ဘာလို့လဲဆို တော့ စကားပြောရင်တောင် တစ် လုံးချင်းစီပြောတာ၊ သီချင်းမြူးမြူး တွေဆိုရင် Mary က လိုက်မမီ တော့ဘူး။ အေးအေးလေးတွေ ကြိုက်တယ်။ သီချင်းတစ်ပုဒ်ကို နားထောင်လိုက်ရင် လူတစ် ယောက်က လွင့်ပြီးတစ်နေရာရာ ရောက်သွားစေတဲ့ သီချင်းပုံစံမျိုး ကို ပိုသဘောကျတယ်။

အခုလက်ရှိ Mary ဖန်တီးပြီးသား ‘ဝဲ’နဲ့ ‘Mask’ နှစ်ပုဒ်က ဘယ်လို သီချင်းအမျိုးအစားဆိုပြီး ခေါင်း စဉ်တပ်ချင်လဲ။

လူတွေကတော့ ဘလူးတို့၊ ဂျက်စ်တို့ပြောကြတယ်။ Mary က တော့ အဲဒီလိုတပ်လို့မရဘူးလို့ ထင်တယ်။ တပ်ရင်လည်း တပ်လို့ ရတယ်။ ‘ဝဲ’က ဘလူးဆန်တယ်။ ‘Mask’ကတော့ ပေါ့ပ်ကို ဘလူးပုံ သွင်းထားတဲ့ပုံစံလို့ ထင်တယ်။

ဖန်တီးတဲ့သီချင်းတိုင်းကို နာမည် တစ်လုံးစီပဲပေးဖြစ်တာကကော ဘယ်လိုကြောင့်လဲ။

‘ဝဲ’က ပရိုဂျူဆာပေးပေးတာ ပေါ့။ သူက ကောင်မလေးက ကောင်လေးကို အရမ်းကြိုက် တော့ ပြောင်ဟယ်၊ နောက်ဟယ်နဲ့ ‘ဝဲ’ဆိုပြီးပေးပါလားတဲ့။ Mary က ကုတ်တဲ့ ဝဲလားဆိုတော့ မဟုတ် ဘူးတဲ့။ နှစ်မျိုးစလုံးစဉ်းစားလို့ရ တယ်။ ချစ်သူနားမှာ လိပ်ပြာလေး လို တဝဲလည်လည်ဖြစ်နေတဲ့ ဝဲ ပေါ့။ နောက်တစ်ခုက အရင်က တည်းကရှိတဲ့ အချစ်ကကုတ်လေ ယားလေဝဲလိုပဲဆိုတော့ နှစ်မျိုး စဉ်းစားပြီးပေးဖြစ်တယ်။ ဒုတိယ Mask ကျတော့ အမြဲတမ်းသီချင်း ပြီးမှ သီချင်းခေါင်းစဉ် စဉ်းစား တတ်တဲ့ အကျင့်ရှိတော့ ဒုတိယ အပုဒ်ကို ဘယ်လိုပေးမလဲဆို တော့ သီချင်းအကြောင်းအရာက တစ်ယောက်နဲ့တစ်ယောက် မျက် နှာဖုံးတွေတပ်ပြီးတော့ ဟန်ဆောင် နေတဲ့ပုံစံဖြစ်တဲ့အတွက် မျက်နှာ ဖုံးပေးမလားဆိုတော့ မပေးချင် ဘူး။ ‘ဝဲ’ကလည်း တစ်လုံးတည်းပဲ ဆိုတော့ မျက်နှာဖုံးကို ‘Mask’ ဆို ပြီး ပေးဖြစ်တယ်။ နောက်သုံးပုဒ် မြောက်ကိုလည်း နာမည်တစ်လုံးပဲ ပေးဖို့ စဉ်းစားထားပါတယ်။ သုံး ပုဒ်ထွက်ပြီးရင် အယ်လ်ဘမ်အ ပြည့်လုပ်ပါတယ်။

မိဘတွေက သီချင်းဆိုတဲ့အပေါ် မှာကော အားပေးကြလား။

အဖေကတော့ မလုပ်စေချင် ဘူး။ သူက မြူးဇစ်ကို Try ဖူးတာ ကိုး။ လုပ်ကြည့်ဖူးတာကိုး။ အမေ ကလည်း မလုပ်စေချင်ဘူး။ သမီး ကလည်း တစ်ယောက်တည်းဖြစ် တဲ့အတွက် အမေက ဂျပန်မှာ အ သက် (၂၃)၊ (၂၄) အရွယ်လောက် ကတည်းက ရောက်နေတဲ့အတွက် သူက ဟိုမှာပဲ အခြေချဖို့များတော့ ဒီမှာတစ်ယောက်တည်းပြန်လာ လုပ်တာကို စိတ်ပူတယ်။ Mary က အစကတည်းက အေးအေး ဆေးဆေးနေတတ်တဲ့အတွက်၊ အ ပြောခံရတာကို မခံနိုင်ဘူးဆိုတာ သိတဲ့အတွက် စိတ်ပူတာမျိုးရှိ တယ်။ ဒါပေမဲ့ အတိုင်းအတာလေး တစ်ခုရလာတဲ့အချိန်ကျတော့ သူ့ သူငယ်ချင်းတွေကလည်း ဝိုင်း ပြောပေးကြတယ်ထင်ပါတယ်။ သူလည်း စိတ်ချမ်းသာပြီး အခု နောက်ပိုင်း နည်းနည်းတော့ အား ပေးလာတယ်။

‘မငိုပါနဲ့တော့’မှာဆိုတဲ့အသံနဲ့ ‘ဝဲ’ မှာဆိုတဲ့အသံ သိပ်မတူဘူးလို့ ပြောကြတာလည်းရှိတယ်နော်။

‘မငိုပါနဲ့တော့’က သူများရေး ပေးတာပေါ့။ ပြီးတော့ Mary ကိုယ်တိုင်စဉ်းစားပြီးရေးတဲ့ သီချင်းဆို တော့ Mary ပုံစံထွက်တယ်။ ‘မငို ပါနဲ့တော့’က သူများရေးပေးပြီး ဒီ လိုလေးဆိုပေးပါလားဆိုပြီး ပို့လာ တဲ့အခါကျတော့ သူတို့ပြောတဲ့အ တိုင်း ဆိုပေးရတာမျိုးရှိတယ်။ ဂျပန်မှာ မိနစ် ၃၀ နဲ့ သွင်းခဲ့တဲ့ သီချင်းရှင့်။ သီချင်းသွင်းဖူးတဲ့သူ တိုင်းသိမှာပါ။ မိနစ် ၃၀ ဆိုတာ တစ်ခေါက်၊ နှစ်ခေါက်လောက်ပဲ ရပါတယ်။ ကျောင်သူလည်းဖြစ် တော့ အဖေ၊ အမေမသိအောင် ကိုယ့်မုန့်ဖိုးလေးနဲ့ သွားလုပ်ထား ရတာဖြစ်တဲ့အတွက် နည်းနည်း ကွာတယ်ထင်ကြတာလို့ Mary ထင်တယ်။ ဒါပေမဲ့ Mary ကတော့ အဲဒီသီချင်းနှစ်ပုဒ်ကို ကွာတယ်လို့ မထင်ဘူး။ သီချင်းပုံစံကြောင့်လို့ ထင်ပါတယ်။

နောက်ပိုင်းမှာကော ကိုယ်ဆိုတဲ့ သီချင်းကို ကိုယ်တိုင်ပဲရေးမှာ လား။ သူများရေးပေးတဲ့သီချင်းကို ဆိုဖို့ အစီအစဉ် ရှိ၊ မရှိလည်း သိချင်ပါတယ်။

ဆိုဖို့အစီအစဉ်ရှိပါတယ် Mary တစ်ယောက်တည်းဆိုရင် လည်း Limit ရှိတယ်လေ။ Mary ဦးနှောက်လေးနဲ့ စဉ်းစားနိုင်တဲ့၊ Mary ခံစားချက်နဲ့ တွေးနိုင်တဲ့အ ရာက အကန့်အသတ်တစ်ခုရှိ တယ်။ တခြားသူတွေရေးပေးထား တဲ့ သီချင်းတွေလည်း ဆိုဖို့ရှိပါ တယ်။ သူများရေးပြီးသားကို ဝယ် တာထက် သူနဲ့ကိုယ်အတူတူတိုင် ပင်ပြီးရေးတာကို ပိုသဘောကျ တယ်။

အမ်တီဗီမှာကော ကိုယ်ကိုယ်တိုင် ပဲ ရိုက်ဖို့စဉ်းစားထားလား။ တခြားမော်ဒယ်တွေကိုသုံးဖြစ်၊ မသုံးဖြစ် လည်း သိချင်ပါတယ်။

Mary က အမှန်အတိုင်းပြော ရရင် လုံးဝသရုပ်မဆောင်တတ် ဘူးရှင့်။ ခက်တယ်။ Mary ကို ‘ဝဲ’ ရိုက်တုန်းကလည်း သရုပ်ဆောင် မလုပ်တတ်လို့ ကင်မရာမရှိတဲ့အ ချိန် Mary ဟာ Mary လိုက်လုပ် နေတဲ့အချိန်ကို လိုက်ရိုက်ထား ပေးပြီး ဖြတ်၊ ညှပ်၊ ကပ် ပြန်ဆက် ပြီး ရိုက်ခဲ့ရတာရှင့်။ ပထမဆုံးဖြစ် တဲ့အတွက် အခက်အခဲလည်းရှိ တယ်။ သရုပ်ဆောင်တာလည်း မတတ်တော့ နောက်ပိုင်း သူများတွေနဲ့ ရိုက်သွားဖို့လည်း ရှိပါ တယ်။

ဟိုမှာ နေတာများတဲ့အတွက် မြန်မာစကားပြောတာ၊ ဆိုတာက ကော Mary အတွက် ခက်ခဲလား။

မြန်မာကျောင်းမတက်ခဲ့တဲ့ အတွက် မြန်မာစကားသေချာ မပြောတတ်ဘူး။ ဒါပေမဲ့ ဟိုရောက်တော့ အမေက မြန်မာဖြစ်တဲ့အ တွက် မြန်မာစကားကို တတ် အောင်သင်ပေးတယ်။ Mary ကိုယ်တိုင်လည်း အထက်တန်းအောင် ပြီး တက္ကသိုလ်စတက်တော့ ဗမာ ကျောင်းက ဖတ်စာအုပ်တွေပြန် ဝယ်ပြီး လေ့လာဖြစ်တယ်။ အဲဒါ ကြောင့် ဗမာစကားတတ်လာတာ လို့ ထင်ပါတယ်။

Mary ရဲ့ အတွင်းစိတ်ခံကကော ဘယ်လိုပုံစံမျိုးလဲ။ ပရိသတ်က Mary အကြောင်းတွေ စိတ်ဝင်စား ရင်ကော ပေးသိမှာလား။

Mary က သီချင်းဆိုတယ်ဆို တော့ အသံကိုအားပေးတာကို ပို ကြိုက်တယ်။ ပိုသဘောကျတယ်။ အေးအေးဆေးဆေးနေရတာကို ပို သဘောကျတယ်။ Mary က ပျော် ပျော်ရွှင်ရွှင်နေတတ်တာလည်းရှိ သလို ငယ်ငယ်လေးကတည်းက ခံစားလွယ်တဲ့သူမျိုးဖြစ်တယ်။ အရမ်းအငိုလွယ်တယ်။ ရယ်ရင် လည်း အရမ်းရယ်တယ်။ ခင်တဲ့သူ တွေရှေ့မှာ ပေါတယ်။ တစ်ခါ တလေ ကလေးဆန်တယ်။ တစ်ခါတစ်ရံ လူကြီးဆန်တယ်။ ခင်တဲ့သူ နဲ့ မသိတဲ့လူတွေနဲ့ကြားထဲမှာ Mary ကာရိုက်တာက အရမ်းကွာ တယ်လို့ ခံစားရတယ်။ သိသင့်သိ ထိုက်တဲ့အရာတွေမှန်သမျှကို Mary က ချပြသွားမှာပါ။ ပေးမသိ ချင်လို့ တကူးတကကြီးဖုံးကွယ် ထားတာမျိုးတော့ မရှိပါဘူး။

Mary ကို ဝေဖန်တဲ့သူတွေ၊ ဘာ လုပ်လုပ် အားပေးနေကြတဲ့သူ တွေကိုကော ဘာပြောချင်လဲ။

ဝေဖန်တဲ့သူတွေထဲမှာ Mary ကို ကောင်းစေချင်လို့ ပြောတဲ့သူ တွေရှိတယ်။ သူတို့ထောက်ပြမှ မြင်သွားတဲ့ဟာမျိုးတွေရှိတယ်။ သူတို့လက်ခံတဲ့ပုံစံလေးနဲ့ Mary ဖြစ်ချင်တဲ့ပုံစံလေးကို ညှိယူဖို့အ တွက် သူတို့ဝေဖန်တာလေးတွေကို Mary လက်ခံတယ်။ Mary ကို အားပေးတဲ့သူတွေကိုလည်း Mary ဆိုးဆိုးကောင်းကောင်း အားပေး တဲ့အတွက် ကျေးဇူးတင်တယ်။ လိုအပ်တာလေးတွေရှိရင်လည်း ပြောပေးပါလို့ ပြောချင်ပါတယ်။

Mary ကြိုက်တဲ့ အမျိုးသားပုံစံက ဘယ်လိုမျိုးဖြစ်မလဲ။

ရုပ်ချောရမယ်၊  ရုပ်ဆိုးရ မယ်မဟုတ်ဘူး။ သန့်သန့်ပြန့်ပြန့် နေတတ်တဲ့ ယောက်ျားလေးပုံစံ မျိုးကို သဘောကျတယ်။ မိန်း ကလေးကို ဦးစားပေးတတ်တဲ့ ကောင်လေးမျိုးကို သဘောကျ တယ်။ မိန်းကလေးဘက်ကို ဖြည့် တွေးပေးတတ်တဲ့ ယောက်ျားလေး ဆို ပိုသဘောကျတယ်။ မိဘတွေ ကို ရိုသေတန်ဖိုးထားတဲ့ ယောက်ျားလေးမျိုးပေါ့။

ဂျပန်မှာပဲနေတော့မှာလား။ မြန်မာနိုင်ငံမှာ ပြန်ပြီးအခြေချဖို့ ရှိ၊ မရှိလည်း သိချင်ပါတယ်။

ဟိုမှာက မိသားစုနဲ့ အဓိက နေတယ်။ ရန်ကုန်မှာက အဘိုး၊ အဘွားတွေပဲရှိတယ်။ ရန်ကုန်မှာ အခြေချဖြစ်ရင်လည်း တစ် ယောက်တည်းပဲနေဖြစ်ဖို့ များ တယ်။

Mary ဆက်လုပ်သွားမယ့် အနု ပညာလှုပ်ရှားမှုတွေနဲ့ပတ်သက် ပြီး ဘာပြောချင်သေးလဲ။

တခြားသူတွေနဲ့ ယှဉ်လိုက် ရင် Mary က ဟိုမှာနေရင်း ကျောင်းတစ်ဖက်နဲ့ လုပ်ရတဲ့အ တွက် အရမ်းနှေးနေပါတယ်။ အဲ ဒါကို သည်းခံစိတ်ရှည်စွာနဲ့ စောင့် ပေးပါ။ Mary အကောင်းဆုံးကြိုး စားနေပါတယ်။ ဒီထက်အများ ကြီး သေချာလုပ်ဖို့လည်းရှိတဲ့အ တွက်ကြောင့် စောင့်ကြည့်ပေးပါ လို့။ အရင်တစ်ခါလို ပျောက်သွား တာမျိုးလည်း မဖြစ်စေရပါဘူးလို့။ 

ကျေးဇူးတင်ပါတယ်။

Top News