ရခိုင်ဒေသ အကြမ်းဖက်မှုများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူရန် ပါတီ ၂၀ တောင်းဆို

ပါတီ၂၀ တောင်းဆိုချက်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးရုံးချုပ်၌ ရှင်းလင်းစဉ် (ဓာတ်ပုံ − နစ်ကီ)

ရခိုင်ပြည်နယ်မြောက် ပိုင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရုံး တိုက်ခိုက်ခံရခြင်းအပြင် ဒေသခံ များ သတ်ဖြတ်ခံနေရခြင်းနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူပေး ရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ က တောင်းဆို သည်။


အဆိုပါ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ရုံးတိုက်ခိုက်ခံရခြင်းအပြင် အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခံ ရခြင်းသည် သာမန်သတ်ဖြတ်ခံရ ခြင်းမျိုး မဟုတ်ဘဲ အကြမ်းဖက် တိုက်ခိုက်ခံရခြင်းများဖြစ်၍ အ ကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့်သာ အရေးယူရမည်ဖြစ် ကြောင်း အဆိုပါပါတီများ စု ပေါင်းကာ သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။

‘‘အဲဒီ အကြမ်းဖက်မှုရဲ့ နောက်ကွယ်က နိုင်ငံရေးရည်ရွယ် ချက်တွေ ပါနေပါတယ်။ ဒါကိုရှိနေတဲ့အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေနဲ့ အရေးမယူတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်’’ ဟု ပါတီ ၂၀ တွင်ပါဝင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဦးသိန်းညွန့်ကပြောသည်။

အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေကို ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၄ ဇွန်လက အ တည်ပြု ပြဋ္ဌာန်းခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အတွင်း အကြမ်းဖက်တိုက်ခိုက်မှု များသည် ပြည်တွင်းအကြမ်းဖက် မှုသာမက နိုင်ငံတကာ အကြမ်း ဖက် အဖွဲ့အစည်းများနှင့်ပါ ဆက် စပ်နေကြောင်း ပေါ်လွင်နေ၍ ထိရောက်စွာ တားဆီးနိုင်ရေးအချိန်မီ နှိမ်နင်းရန်လိုအပ်ကြောင်း ဦးသိန်းညွှန့်က ထပ်မံဖြည့်စွက်ပြော ကြားသည်။

အကြမ်းဖက်မှုများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့်သာ အရေးယူမည်ဖြစ် ကြောင်း ဥပဒေတွင် ဖော်ပြထား သော်လည်း မောင်တောခရိုင်အ တွင်းမှ ဒေသခံများကို သတ်ဖြတ် ရာ၌ ပါဝင်သူများကို ပြစ်မှုဆိုင် ရာ ဥပဒေဖြင့်သာ အရေးယူနေသ ဖြင့် ဥပဒေချိုးဖောက်ရာ ရောက် ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၆၉ ၌ ‘တည်ဆဲ ဥပ ဒေတစ်ရပ်တွင် မည်သို့ပင်ပါရှိစေ ကာမူ အကြမ်းဖက်မှုများကို ဤဥပဒေဖြင့်သာ အရေးယူရမည်’ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင် ဒေသခံများ သတ်ဖြတ် ခံရမှုကို နိုင်ငံတော်သမ္မတရုံးက လည်း အကြမ်းဖက်တိုက်ခိုက်မှု ဟု ခေါ်ဝေါ်သုံးစွဲသဖြင့် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရမည်ဖြစ်ကြောင်း ၎င်း တို့က ထောက်ပြသည်။

မောင်တောခရိုင်အတွင်း သြဂုတ် ၉ ရက်အထိ သတ်ဖြတ် ခံရသူ ၅၉ ဦးရှိပြီး ပျောက်ဆုံးနေ သူ ၃၉ ဦးရှိပြီဖြစ်ကာ ယင်းဒေသအတွင်း တရားဥပဒေစိုးမိုးရေး သည် ဆိုးရွားနေသည့် အခြေအ နေဖြစ်နေ၍ လုံခြုံရေးအင်အား တိုးမြှင့်ချထားရန် လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးလှသိန်းက ပြောသည်။

‘‘အကြမ်းဖက်သမားတွေ ကြောင့် ဒေသခံတိုင်းရင်းသားတွေ ထွက်ပြေးတိမ်းရှောင်တာတွေ တစ်စတစ်စ များလာပါတယ်။ တိုင်းရင်းသားလူမျိုးတွေအပြင် သူတို့ လူမျိုးအချင်းချင်းတောင် သတ်ဖြတ်တာတွေရှိနေတယ်။ ဒီ လိုအခြေအနေကို အစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ လုပ်သင့် တာတွေ လုပ်ဖို့လိုပါတယ်’’ ဟု ၎င်းက သြဂုတ် ၁၄ ရက်၌ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါပါတီ ၂၀ ကတောင်း ဆိုထုတ်ပြန်ထားသည့် ထုတ်ပြန် ချက်ကို နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော် သမ္မတ တို့ထံ ပေးပို့မည်ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ လိုအပ် သော နေရာများတွင် စစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပေးရန် အပါအ ဝင် လုံခြုံရေးအင်အား တိုးမြှင့်ချ ထားရန် ပြည်ခိုင်ဖြိုးပါတီ အပါ အဝင် ပါတီ ၁၄ ခုက ဇူလိုင်အ တွင်းက ထုတ်ပြန်ကာ တောင်းဆို ခဲ့သည်။

ယင်းအပြင် အဆိုပါပါတီ ၁၄ ခုက ရခိုင်အရေးအပါအဝင် လက်ရှိ နိုင်ငံရေး၊ စီးပွားရေးအ ခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ထံသို့ အိတ်ပိတ်စာတစ်စောင် ကိုလည်း ဇူလိုင်အတွင်း ပေးပို့ ခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တို ဘာ ၉ ရက်က မောင်တောအခြေ စိုက် နယ်ခြားစောင့် ရဲဌာနချုပ်အ ပါအဝင် ငါးခူးရနှင့် ကိုးတန် ကောက်ရဲစခန်းတို့ကို အကြမ်း ဖက်တိုက်ခိုက်ရာတွင် ဦးဆောင် သူကိုလူသတ်မှု ၃၀၂/(၁) (ဂ)၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ ပြည်သူပိုင်ပစ္စည်း များ ဖျက်ဆီးမှု ဥပဒေပုဒ်မများ ဖြင့် အရေးယူပြီး အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့် အရေးယူခဲ့ခြင်း မရှိပေ။

အဆိုပါတိုက်ခိုက်မှုတွင် ပါ ဝင်ခဲ့သူများကိုလည်း လူသတ်မှု ပုဒ်မ ၃၀၂၊ ကြိုတင်ကြံရွယ်မှု ပုဒ်မ ၃၀၇ နှင့် အပြင်းအထန်နာ ကျင်စေမှု ပုဒ်မ ၃၃၃ တို့ဖြင့် အမှု ဖွင့်အရေးယူခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို ပါ ဝင်လက်မှတ်ရေးထိုးခဲ့သည့် ပါတီ များသည် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ၊ ကရင်ဒီ မိုကရက်တစ်ပါတီ၊ မွန်ဒေ သလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အ မျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအ မျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ဒီမိုကရက်တစ်ပါ တီ (မြန်မာ)၊ ၈၈ မျိုးဆက်ကျောင်း သားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ၊ စည်းလုံးညီညွတ် သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၊ က ရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဝံသာနုဒီမိုက ရက်တစ်ပါတီ၊ အမျိုးသားဒီမိုက ရေစီပါတီသစ်ပါတီနှင့် အမျိုးသား တိုးတက်ရေးပါတီတို့ ဖြစ်သည်။