UNFC နှင့် တိုင်းရင်းသားပါတီ ၁၅ခု တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေး

UNFC နှင့် UNA တို့ သြဂုတ် ၁၂ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ − Kachin National Congress KNC)

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ငါးဖွဲ့နှင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တိုင်းရင်းသားပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော စည်း လုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) တို့သည် သြဂုတ် ၁၂ ရက်က ရန် ကုန်မြို့တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း နှစ်ဖက်ကိုယ်စားလှယ် များက ပြောသည်။


UNFC အဖွဲ့ဝင် အဖွဲ့အစည်းများသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်သို့ ရောက်ရှိ တိုင်း UNA အပါအဝင် ၎င်းတို့နှင့် မိတ်ဖက် အဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်။

တိုင်းရင်းသားများ လိုလား သည့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေး ဘုံ ရည်မှန်းချက်ရောက်ရှိရန် UNFC နှင့် UNA တို့အကြား အတူတကွ ပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးခဲ့ကြောင်း UNFC ပြောရေးဆိုခွင့် ရှိသူ ဦးထွန်းဇော်ကပြောသည်။

‘‘အတူတကွ လုပ်ရမယ်ဆို ရင် ဒီနေ့က NCA လက်မှတ်ရေး ထိုးနိုင်ခြင်းမရှိသေးတော့ အတူ တကွလုပ်ဖို့ အခွင့်အလမ်းက ကန့်သတ်မှုတွေ များနေတယ်ပေါ့။ ဒါ တွေကို ဘယ်လိုနည်းလမ်းရှာမလဲ ဆိုတာ စဉ်းစားဖြစ်ကြတယ်’’ဟု ဦးထွန်းဇော်က ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် မလူး သာမလွန့်သာဖြစ်နေသည့် အ ခြေအနေမှတစ်ဆင့် ရှေ့ဆက် မည်သို့ဆောင်ရွက်ရမည်ဆိုသည် များကို UNFC ကိုယ်စားလှယ်အ ဖွဲ့အား အကြံပြုခဲ့ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒိမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က ပြောသည်။

‘‘ရှိနေတဲ့ အခင်းအကျင်းအ ပေါ် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆို တဲ့ ကိစ္စတွေကိုပဲ အကြံပြုနိုင်တာ ပါ။ သူတို့သဘောထားကတော့ ဆွေးနွေးတဲ့ ရှစ်ချက်အပေါ်မှာ ပြေပြေလည်လည်ဖြစ်သွားမယ်။ ဒီအပေါ်မှာ ဥပဒေအကြောင်းရာ အရရော အာမခံချက်ရှိမယ်ဆို သူတို့အနေနဲ့ NCA ထိုးမယ်ဆိုတဲ့ သဘောရှိပါတယ်’’ဟု စိုင်းကျော် ညွန့်က ပြောသည်။

UNA အဖွဲ့ဝင်ပါတီ ၁၅ ခုရှိရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ မွန် အမျိုးသားပါတီ(MNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD)၊ ကယန်း အမျိုးသား ပါတီ (KNP)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ကရင်အမျိုးသားပါတီ (KNP)၊ရခိုင်မျိုးချစ်ပါတီ(APP)၊ မြို အမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP)၊ ခူမီ(ခမီး)အမျိုးသားပါတီ(KNP)၊ ချင်း ဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်း တိုးတက်ရေး ပါတီ(CPP)၊ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ် ရေးပါတီ (SNSP)တို့ ဖြစ်သည်။

UNFC ၏ ကိုယ်စားလှယ် အဖွဲ့ DPN သည် အစိုးရငြိမ်းချမ်း ရေးကော်မရှင်နှင့် ရန်ကုန်မြို့၌ သြဂုတ် ၁၀ ရက်၊၁၁ ရက်များ တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ UNFCအဆိုပြုသည့် အချက်ရှစ်ချက် အနက် ထက်ဝက်ခန့်သဘောတူ ညီပြီး စက်တင်ဘာတွင် ထပ်မံ ညှိနှိုင်းမည်ဖြစ်သည်။