နေပြည်တော်သို့ သင်တန်းလာတက်သည့် သွားဆရာဝန်တစ်ဦး ရေချိုးခန်းအတွင်း ဓာတ်လိုက်သေဆုံး

 နေပြည်တော်သို့ သင်တန်းလာတက်သည့် သွား ဆရာဝန်တစ်ဦး ရေချိုးခန်းအ တွင်း ဓာတ်လိုက်သေဆုံးမှု ဇမ္ဗူ သီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် အားကစားရွာရှိ အဆောင်တွင် ဩဂုတ် ၁၂ ရက် နံနက် ၈ နာရီခွဲ က ဖြစ်ပွားခဲ့သည်။

‘‘နံနက် ၆ နာရီကနေ မီး ပြတ်နေတယ်။ ဒေါက်တာဝင်တဲ့ အချိန်မှာ မီးက ပြန်လာတယ်။ မီးပြန်လာတော့   ရေပူရေအေး ခလုတ်ဖွင့်တယ်။   ဖွင့်ပြီးတော့ ရေပန်းကို ကိုင်လိုက်တဲ့အချိန်မှာ ဓာတ်လိုက်သွားတယ်။ ဒေါက် တာက မျက်နှာသစ်တဲ့ ရေချိုးတဲ့ခုံအပေါ် ကြွေပြားအရှေ့မှာ ကန့်လန့်လဲနေတယ်’’ဟုဇမ္ဗူသီရိမြို့နယ် အမှတ် (၉)ရဲစခန်းမှ ရဲအုပ်ကျော်ခိုင်က ပြော သည်။

သတိလစ်ပြီး လဲကျသွား သော ဆရာဝန်ကို အခန်းဖော်သူငယ်ချင်း ဆရာဝန်က အခန်းတံခါးကို သော့ဖျက်ဝင်ရောက်ပြီး ဆေးကုသကာ ခုတင်တစ်ထောင်ဆေးရုံသို့ ပို့ဆောင်သော်လည်းအရေးပေါ်အခန်းသို့အရောက် သေဆုံးခဲ့ကြောင်း ၎င်းကပြောသည်။

‘‘လတ်တလော စစ်ဆေး ချက်ကတော့ ရေပူရေအေးဆီ သွားတဲ့ပိုက် ဝိုင်ယာကြိုးတွေက ပြတ်နေတယ်။ ပိုက်ပေါက်ပြီး ဓာတ်လိုက်သွားတာ’’ဟု ရဲအုပ် ကျော်ခိုင်က ပြောသည်။

ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီတွင် ရင်ခွဲစစ်ဆေးချက်ရရှိ မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

သေဆုံးသူသည် စစ်ကိုင်း တိုင်းဒေသကြီး ထီးချိုင့်မြို့နယ်မှပြည်သူ့ ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာဝင်းနိုင်ဖြစ်ပြီး နေပြည်တော်သို့ အထူးမွမ်းမံသင်တန်းလာရောက်တက်ရောက်ခြင်းဖြစ် ပြီး သွားဆရာဝန် ၁၀၄ ဦး ပါဝင် သည်။ ဖြစ်စဉ်ကို သေမှုသေခင်း ၄/၂၀၁၇ ဖြင့် အမှုဖွင့်ထား ကြောင်း ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။