နီကယ်စီမံကိန်းမှ စွန့်ပစ်မြေနီဖုံးလွှမ်းခံရသည့် လယ်မြေများကို လျော်ကြေးငွေပေးရန် စစ်ဆေးမည်

ဇွန်လ ၈ ရက်က အင်းနက်ကျေးရွာအုပ်စုရှိ တောင်သူများ နစ်နာကြေးရရှိရန် ထီးချိုင့်မြို့၌ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ−စည်သူလင်း)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံမှ စွန့်ပစ် မြေနီများ လယ်မြေများပေါ်သို့ ကျရောက်ဖုံးလွှမ်းမှုကြောင့် လျော် ကြေးငွေပေးရန် ယခုရက်ပိုင်းအ တွင်း စစ်ဆေးတိုင်းတာမှုများပြု လုပ်မည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးတင်မြင့် ဆွေက ပြောသည်။

မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးကပ်လျက်တွင် လုပ်ကိုင်နေသော နီကယ်စက်ရုံမှ စွန့်ပစ်မြေများသည် ရေရှင်၊ သွေးကျောက်၊  ကျောက်ပါးစပ်၊ ရွှေတောင်ချောင်း တို့မှတစ်ဆင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အင်းနက်ကျေးရွာအုပ်စုရှိ ဒေသခံတောင် သူများ၏ လယ်မြေ ၃၄၁ ဧက ပေါ်သို့ ကျရောက်နေကြောင်း ဒေသခံများကဆိုသဖြင့် လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ် ရေးနှင့် ကုမ္ပဏီတာဝန်ရှိသူများ က စစ်ဆေးမည် ဖြစ်သည်။

‘‘မြေနီဖုံးလွှမ်းတဲ့ တောင်သူ တွေက တော်တော်များပါတယ်။ ဧကလည်းတော်တော်များတယ်။ ဒါကိုလည်း နီကယ်က မန်နေဂျာ အပါအ၀င် အဖွဲ့တွေဖွဲ့ပြီးစစ် ဆေးဖို့ တာဝန်ပေးထားတယ်။ စစ်မယ်လုပ်နေတာကို နီကယ် မန်နေဂျာမအားသေးတာနဲ့ မစစ် ဖြစ်သေးတာပါ။ ဒီလိုမြေတွေအ ပေါ်မှာလည်း အစိုးရကဖြတ်ဈေး ရှိတယ်လေ။ တကယ်ဖုံးလွှမ်း သွားလို့ စိုက်ပျိုးလို့ရတဲ့ ယာမြေ ဆိုရင် တစ်ဧကသိန်းနှစ်ဆယ် ပေါ့။ လယ်မြေဆိုရင် သိန်းသုံး ဆယ်ဖြတ်ထားတယ်။ မြေနီတော့ ဖုံးလွှမ်းတယ်။ လုံးဝစိုက်ပျိုးလို့ မရတော့တဲ့မြေဆိုတာ ခပ်နည်း နည်းပါ’’ဟု ၎င်းကဆက်လက် ပြောသည်။

စွန့်ပစ်မြေနီများသည် အင်း နက်ကျေးရွာအုပ်စုရှိ အင်းနက်၊ တောင်တလုံး၊ သွေးကျောက် ကျေးရွာတို့ရှိ အိမ်ထောင်စု ၅၄ စု ၏ လယ်ယာမြေ ၃၄၁ ဧကပေါ် သို့ ကျရောက်နေသည်ဆိုပြီး ဒေသခံတောင်သူ ၁၀၀ ကျော်က ဇွန်လ ၈ ရက်တွင် ထီးချိုင့်မြို့နယ် ၌ သီးနှံနစ်နာကြေးရရှိရေး ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

‘‘စက်ရုံမန်နေဂျာဦးရဲမြင့်က မနေ့ကရပ်ကွက်အုပ်ချုပ်ရေးမှူး ကတစ်ဆင့် ကျေးရွာဒေသခံ တောင်သူတွေကို တစ်ဧကကိုနစ် နာကြေးဘယ်လောက်ရရင် ကျေ နပ်မလဲလို့တော့ မေးတယ်။ အစ် ကိုတို့ကတော့ သုံးမျိုးသုံးစားခွဲပြီး တောင်းဆိုသွားမယ်’’ဟု အင်း နက်ကျေးရွာ ဒေသခံတောင်သူ ဦးမောင်စိန်က ပြောသည်။

ဒေသခံတောင်သူများက စွန့်ပစ်မြေနီဖုံးလွှမ်းမှုကြောင့် စိုက် ပျိုးမရသော လယ်မြေများအား နစ်နာကြေးအဖြစ် တစ်ဧကလျှင်  ကျပ် ၃၂ သိန်း၊ မြေနီကျရောက်မှုနည်းပါးပြီး သီးနှံစိုက်ပျိုးမှုမအောင် မြင်သော မြေတစ်ဧကကျပ် ၁၈ သိန်းနှင့် မြေနီအနည်းငယ်ကျ ရောက်ပြီး သီးနှံထွက်နှုန်းရှိလျှင် ဓာတုဆေးဝါးသုံးစွဲရသော လယ် မြေကို တစ်ဧကလျှင် နစ်နာကြေးကျပ်၁၂ သိန်းပေးရန် တောင်းဆို မည်ဖြစ်ကြောင်း ဦးမောင်စိန်က ဆိုသည်။