နှစ်ယောက်တည်း အပန်းဖြေခရီး ထွက်နေတဲ့ နိုင်းနိုင်းတို့ဇနီးမောင်နှံ

သရုပ်ဆောင်နိုင်းနိုင်း သည်ဇနီးစန္ဒီချိုနှင့်အတူ အမေရိ ကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်သို့ သွားရောက်လည် ပတ်နေကြောင်း ဩဂုတ် ၉ ရက် တွင် စန္ဒီချို၏လူမှုကွန်ရက်စာ မျက်နှာ၌ ရေးသားထားသည်။

‘‘ကျွန်မတို့ရဲ့ ချစ်ခြင်းတွေ ဟိုးအရင်ကလို အသစ်ပြန်ဖြစ် လာပါပြီ။ ကိုးနှစ်အတွင်းမှာ နှစ် ယောက်တည်း လွတ်လွတ်လပ် လပ်သွားရတဲ့ ပထမဦးဆုံးခရီး လေးပါ။ အသက်ရှူမှားလောက် တဲ့ ရှုခင်းတွေရယ်၊ အရမ်းမိုက်တဲ့ စွန့်စားခန်းတွေကို ချစ်တဲ့ ယောက်ျားနဲ့အတူ ဖြတ်သန်းရ တာ သိပ်ကိုသဘောကျမိတယ်။ ကလေးတွေကော ဘယ်မှာလဲလို့ မေးတဲ့မိတ်ဆွေတွေအတွက် စိတ် မပူပါနဲ့လို့ပြောချင်ပါတယ်။ သူ တို့အဘိုးအဘွားရဲ့ ကြည့်ရှုစောင့် ရှောက်မှုအောက်မှာ စိတ်ချလက် ချရှိနေပါတယ်’’ ဟု ရေးသားထား သည်။

နိုင်းနိုင်းသည် ဇူလိုင် ၂၀ ရက်ကတည်းက ဇနီးနှင့် သား သမီးများရှိရာ  နယူးယောက်မြို့သို့ ရောက်ရှိနေပြီး စက်တင်ဘာလ ဆန်းတွင် ရန်ကုန်သို့ ပြန်လာမည် ဟု ၎င်း၏ ညီမသရုပ်ဆောင်ဖူးဖူး က ပြောသည်။

နိုင်းနိုင်းတို့ဇနီးမောင်နှံသည် ၂၀၀၈ တွင် လက်ထပ်ခဲ့ကာ အိမ်ထောင်သက်ကိုးနှစ်ရှိပြီဖြစ် ပြီး သားတစ်ဦး၊ သမီးသုံးဦးနှင့် ပျော်ရွှင်စရာကောင်းသော မိသား စုဘ၀ကို ပိုင်ဆိုင်ထား၍ ပရိသတ် များအားကျရသည့် စုံတွဲဖြစ်

သည်။

Top News