သယံဇာတတူးဖော်ရေးလုပ်ငန်းများ သဘာဝပတ်ဝန်းကျင် လေးစားလိုက်နာမှုတွင် ရမှတ်သုည

ဖားကန့်ဒေသရှိ တူးဖော်ပြီးသား ကျောက်စိမ်းလုပ်ကွက်တစ်ခုကို တွေ့ရစဉ် ဓာတ်ပုံ - စိုင်းဇော်

စီမံကိန်းမစတင်မီ ပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်းကောက်ယူရန် ပညာရှင် များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသခံများ၏ တောင်းဆိုသံသည် မြစ်ဆုံစီမံကိန်းတွင် စတင်ထွက်ပေါ်လာသည်။ လက်ပံတောင်း ကြေးနီစီမံကိန်းတွင်
ကျယ်လောင်လာသည်။ ယင်းစီမံကိန်းနှစ်ခု သည် လူထုကန့်ကွက်မှု ပြင်းထန်ခဲ့သည့် စီမံကိန်းအဖြစ် မြန်မာ နိုင်ငံတွင် ထင်ရှားသည်။ 


မြန်မာနိုင်ငံတွင် စက်မှုလုပ် ငန်းများမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုထက် သယံဇာတစီမံခန့် ခွဲမှု အလွဲအမှားများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆိုးကျိုးများ ပိုများသည်။ 

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။ ဥပဒေအရ မည် သည့်စီမံကိန်းမဆို သဘာဝပတ် ဝန်းကျင်ထိခိုက်မှုစစ်တမ်းပြုလုပ် ရန် တာဝန်ရှိနေသည်။

Natural Resource Gover-nance Institute (NRGI) အဖွဲ့၏ ၂၀၁၇ သယံဇာတစီမံအုပ်ချုပ်မှု အညွှန်းကိန်း အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု စစ်တမ်းပြုလုပ် သော နိုင်ငံအဖြစ် အမှတ်ပြည့် ရရှိခဲ့သည်။ NRGI သည် ကမ္ဘာ တစ်ဝန်းတွင် သဘာဝသယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်း မြင်သာမှုရှိစေရေးနှင့် အခွန်ငွေ များ မှန်မှန်ကန်ကန် စီးဆင်းသုံးစွဲနိုင်ရေးအတွက် ဦးဆောင်လှုပ်ရှားနေသည့် အဖွဲ့အစည်းဖြစ် သည်။ နိုင်ငံပေါင်း ၈၁ နိုင်ငံ၏ သယံဇာတခွဲဝေမှုကို စောင့်ကြည့် လေ့လာနေသော အဖွဲ့ဖြစ်ကာ နိုင်ငံတကာ အသိအမှတ်ပြုအဖွဲ့ ဖြစ်ပြီး လေးနှစ်တစ်ကြိမ် အစီရင် ခံစာ ထုတ်ဝေနေသည်။

ဥပဒေထွက်ရှိလာပြီးနောက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ် တမ်းပြုလုပ်ပြီးသည့် လုပ်ငန်း ပေါင်း ရာဂဏန်းခန့်ရှိနေပြီး အများစုသည် သတ္တုတူးဖော်ရေးကဏ္ဍက လာရောက်တင်ပြထားသည့် စစ် တမ်းများဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီး ဌာန​ ညွှန်ကြားရေးမှူး ဒေါက်တာ ဆန်းဦးက ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိ ခိုက်မှုစစ်တမ်းများ ပြုလုပ်ရာတွင် နာမည်ကောင်း ရရှိခဲ့သော်လည်း ယင်းစစ်တမ်းများ ထုတ်ပြန်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေး စီမံချက်များ ထုတ်ပြန်ခြင်း၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးကို လေး စားလိုက်နာမှုရှိခြင်းတို့တွင် ရမှတ် သုညဖြစ်၏။

‘‘သဘာဝပတ်ဝန်းကျင် ထိ ခိုက်မှုစစ်တမ်းတွေ ပြုလုပ်လာကြ တယ်။ ဒါပေမဲ့ လူထုကို ချပြတာ တော့ မရှိပါဘူး။ လူထုကို ချပြ တယ်ဆိုတာ တိုးတိုးတိတ်တိတ် လက်သိပ်ထိုးပြောပြတာကို ပြော တာမဟုတ်ပါဘူး။ အဓိပ္ပာယ်ရှိတဲ့ Public Consultation လိုမျိုးပြော တာပါ’’ဟု NRGI ပြောရေးဆိုခွင့်ရှိသူ ကိုမော်ထွန်းကပြောသည်။

မြန်မာနိုင်ငံ၏ မည်သည့်နေ ရာတွင် စီမံကိန်း စတင်သည်ဖြစ် စေ သဘာဝပတ်ဝန်းကျင်ထိခိုက် စစ်တမ်းပြုလုပ်ရမည်။ ယင်းစစ် တမ်းများကို သိရှိပိုင်ခွင့်နှင့် မေး မြန်းပိုင်ခွင့်သည် ပြည်သူတို့၏ လက်ထဲတွင်ရှိသည်။ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥပဒေကလည်း ပြဋ္ဌာန်းထားပြီးဖြစ်သည်။ သို့သော် ရင်းနှီးမြှုပ်နှံလိုသူများသည် ယင်း အချက်ကို လိုက်နာမှုမရှိဟု NRGI က အစီရင်ခံစာတွင် ဖော်ပြထား သည်။

‘‘ပွင့်လင်းမြင်သာမှုကတော့ ယနေ့အထိ မရှိသေးပါဘူး။ ကုမ္ပဏီတွေဘက်က ဘောင်ဝင် အောင်လုပ်တာပဲ တွေ့ရတယ်။ ဘယ်သူမှသွားမကြည့်နိုင်၊ မပြောနိုင်ကြတော့ ချပြတဲ့အပိုင်းအနေနဲ့ ပဲ လုပ်နေတာတွေ့ရတယ်’’ဟု သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်းများအပေါ် လေ့လာစောင့် ကြည့်သူ ကိုဘိုဘိုဟန်က ပြော သည်။

 စီမံကိန်းများ မစတင်မီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းများ ပြုလုပ်ရမည့် ဥပဒေ ပြဋ္ဌာန်းချက်ကြောင့် ယင်းစစ်တမ်း ကို ပြုလုပ်ပေးမည့် တတိယအဖွဲ့ အစည်းများ ပေါ်ပေါက်လာခဲ့ သည်။ တတိယအဖွဲ့အစည်းအ ဖြစ် ရပ်တည်သူများသည် ပညာ ရှင်ကျင့်ဝတ်ကို စောင့်ထိန်းရမည် ဖြစ်ပြီး လွှမ်းမိုးမှု၊ ဘက်လိုက်မှု လည်း ကင်းရမည်ဖြစ်သည်။

ဘက်လိုက်မှုကင်းပြီး ပညာ ရှင်ကျင့်ဝတ် စောင့်ထိန်းသည့် ပညာရှင်အဖွဲ့ကသာ အရည်အ သွေးမီသည့်၊ စစ်မှန်မှုရှိသည့် စစ် တမ်းပြုစုရေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တတိယအဖွဲ့အစည်း သည် သဘာဝပတ်ဝန်းကျင် ထိ ခိုက်မှုစစ်တမ်းကောက်ယူရာတွင် အရေးကြီးဆုံးဖြစ်သည်။

‘‘အခုက ဘာဖြစ်နေလဲဆို တော့ လုပ်ငန်းလိုအပ်ချက်အရ လုပ်လိုက်တယ်။ စနစ်တကျဖြစ် မလာဘူး။ တကယ်တမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆို တာ စစ်တမ်းလုပ်ရုံနဲ့ မပြီးဘူး။ အ စီရင်ခံစာရဲ့ အရည်အသွေးနဲ့ ပွင့် လင်းမြင်သာမှုလည်း ရှိဖို့လိုသေး တယ်’’ဟု ကိုမော်ထွန်းက ထပ်မံ ပြောသည်။

မြန်မာနိုင်ငံတွင် ပညာရှင်အ ဖြစ် ရပ်တည်ပြီး တတိယအဖွဲ့အ စည်းအဖြစ် ရပ်တည်သည့်ပညာ ရှင်အဖွဲ့ နည်းပါးနေသည်။ သတ္တု ကဏ္ဍနှင့် လူထုအကဲဆတ်သည့် ကဏ္ဍများဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းပြုလုပ်ရမည့် အရေးကို တတိယပညာရှင်များ အဖွဲ့က လက်ရှောင်သည်။

‘‘ကုမ္ပဏီတွေဘက်က ပိုက်ဆံပေးပြီးရင် ပြီးရောဆိုတဲ့ သ ဘောဆောင်နေတဲ့ အနေအထားဆိုတော့ ချပြဖို့အပိုင်းမှာ အား နည်းနေတာဖြစ်မယ်’’ဟု ကိုဘိုဘိုဟန်က ပြောသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်များ ဘက်က တင်ပြထားသော ပတ် ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း အ စီရင်ခံစာ ထက်ဝက်ခန့်သည် အ ရည်အသွေးပြည့်မီခြင်းမရှိဘဲ ရိုက်စားပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဟောင်း ဦးနေအေးက ၂၀၁၄ ဇန်နဝါရီ ၂၅ ရက် ရန်ကုန်မြို့တွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

သို့သော် ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ရေးကုမ္ပဏီအ ချို့သည် သဘာဝပတ်ဝန်းကျင် ထိ ခိုက်မှုစစ်တမ်းများကို ထုတ်ပြန် သည်။ သို့သော် စစ်တမ်းများကို အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသား ထားပြီး အောက်ခြေလူတန်းစား များ လက်လှမ်းမမီသည့် ၎င်းတို့၏ ကုမ္ပဏီ ဆိုရှယ်ဝက်ဘ်ဆိုက်များ၌ သာ ထုတ်ပြန်ထားသည်ကို တွေ့ ရလေ့ရှိကြောင်း ကိုဘိုဘိုဟန်က ပြောသည်။

‘‘ဟုတ်ပါတယ်။ လက်တွေ့ ကျင့်သုံးခြင်းအပိုင်းမှာ နှစ်ဦးနှစ် ဖက် ပညာရပ်ဆိုင်ရာအပိုင်းမှာ အားနည်းချက်နဲ့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်’’ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆန်းဦးက ပြောသည်။

လုပ်ငန်းရှင်များက ငှားရမ်း ထားသည့် တတိယအဖွဲ့အစည်း များက တင်ပြထားသည့် ပတ်ဝန်း ကျင်ထိခိုက်မှု စစ်တမ်းများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနက ဦးဆောင်၍ ဝန်ကြီးဌာနကိုယ်စားပြု ကိုယ်စား လှယ်ဦးရေ ၄၀ ပါဝင်သည့်အဖွဲ့က စိစစ်ရသည်။ ပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်းမူများ ဆန်းစစ်သည့်အဖွဲ့ဖြစ်သည်။

ပတ်ဝန်းကျင် ထိခိုက်မှုစစ် တမ်းများ ပွင့်လင်းမြင်သာစွာ ချပြ နိုင်ရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်များ လေးစားလိုက်နာ လာစေရန် လူအင်အား၊ နည်း ပညာ၊ ငွေကြေးနှင့် မူဝါဒများ လို အပ်နေသေးကြောင်း အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြပြောဆိုသည်။

‘‘အခုက တိုင်စာအရ သွား စစ်ဆေးတာနဲ့ ဗဟိုက စစ်ဆေး ခိုင်းလို့ စစ်ဆေးရတာနဲ့ ပုံမှန်သွား စစ်ဆေးတဲ့ လုပ်ငန်းတွေ နည်း နည်းလောက်သာ ရှိသေးတာ’’ဟု ဒေါက်တာဆန်းဦးက ထပ်မံပြော သည်။

ပတ်ဝန်းကျင် ထိခိုက်မှုစစ် တမ်းစိစစ်မည့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ သက်တမ်းသည် ခုနစ်နှစ်ကျော်မျှ သာ ရှိသေးသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်သာ ဦးစီးဌာနများ ဖွဲ့စည်းနိုင်သေးပြီး ခရိုင်အဆင့် ဝန်ထမ်းအင်အားထားရှိမှု ကို ပြင်ဆင်နေဆဲဖြစ်သည်။ လက်ရှိ ဝန်ထမ်းအင်အားသည် ၄၀၀ ခန့်သာရှိသည်။

ပတ်ဝန်းကျင် ထိခိုက်မှုစစ် တမ်းပြုလုပ်မည့် ပညာရှင်အဖွဲ့အ စည်းများအဖွဲ့တွင် ကျင့်ဝတ်လိုက် နာခြင်းနှင့် လူ့စွမ်းအင်အရင်းအ မြစ်များ လိုအပ်နေသည့်အပြင် ယင်းစစ်တမ်းကို စိစစ်မည့် အစိုးရပိုင်းဆိုင်ရာ၌ လူ့စွမ်းအားအရင်းအမြစ်နှင့် လူအင်အားလိုအပ်နေ သည်။

‘‘ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်း တွေ လိုက်နာဖို့ဆိုတာ ပိုက်ဆံ တကယ်ကုန်တဲ့ကိစ္စပါ။ ဥပဒေအရ တွန်းအားပေးရုံမက မြန်မာ နိုင်ငံအတွင်းက လုပ်ငန်းရှင်တွေ လေးစားလိုက်နာဖို့အတွက် ပိုက် ဆံထုတ်ချေးတဲ့ Green Fund လည်း အသက်ဝင်ဖို့ လိုနေတဲ့ သဘောပါ’’ဟု စိမ်းလန်းအမိမြေဒါရိုက်တာဦးဝင်းမျိုးသူက ပြော သည်။

သို့သော် ဥပဒေပါအချက် များ အကောင်အထည်ဖော်ရာ တွင် လေးစားလိုက်နာမှု အားနည်း သောကြောင့် ပြည်သူများက အစိုး ရနှင့် ကုမ္ပဏီအပေါ် ယုံကြည်မှုမရှိသေးပေ။ ကန့်ကွက်မှုများ ယနေ့ အတိုင်း ရှိနေဆဲပင်ဖြစ်သည်။ 

‘‘ဒီစစ်တမ်းက ပဋိပက္ခတွေ လျှော့ချဖို့ လုပ်ထားပေမယ့် ပွင့် လင်းမြင်သာမှုမရှိရင်တော့ အထင်လွဲစရာတွေဖြစ်လာမယ်။ အကျင့် ပျက်ခြစားမှုတွေလည်း ရှိနိုင်သေး တာပဲ။ အစိုးရအပေါ် အထင်လွဲ စရာတွေလည်း ရှိနိုင်တာပဲ’’ဟု ကိုမော်ထွန်းက ပြောသည်။

အရပ်သားအစိုးရက တက် လာသည့်နောက်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများသည့် သတ္တုကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့သည်။ ယင်းမှာ သဘာဝပတ်ဝန်းကျင် လိုက်နာမှု မရှိသည့် ကုမ္ပဏီများ စိစစ်နိုင်ရေး လိုင်စင်သက်တမ်းတိုးခြင်းကို စနစ်တကျ လုပ်ကိုင်လာခဲ့ခြင်း ဖြစ် သည်။

သဘာဝပတ်ဝန်းကျင်စီမံခန့် ခွဲမှုစီမံချက်များ ရေးဆွဲသည့် ကုမ္ပဏီကိုသာ လိုင်စင်သက်တမ်း တိုးပေးမည့် မူဝါဒထုတ်ပြန်ခဲ့သ ဖြင့် NRGI က ယင်းအချက်ကို ကြိုဆိုခဲ့သည်။

‘‘ဖြည်းဖြည်းချင်း ပြောင်းလဲလာပါတယ်။ နှစ်အလိုက် Plan တွေလည်းရှိတော့ အရင်က လောက်တော့ မဆိုးနိုင်လောက် တော့ဘူး။ အဲဒီလိုပဲ မျှော်လင့်ထားတယ်’’ဟု ကိုဘိုဘိုဟန်က ပြောသည်။