ရှစ်လေးလုံးအရေးတော်ပုံစတင်သော သြဂုတ် ၈ ရက်ကို မြန်မာနိုင်ငံ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆို

ပြည်သူများ၏ စိတ်ဓာတ်ကို လက်နက်နှင့် မခြိမ်းခြောက်ရန် ဦးမင်းကိုနိုင် ပြော
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ကျင်းပသော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

နှစ်စဉ် သြဂုတ် ၈ ရက်ကို ‘မြန်မာနိုင်ငံ ဒီမိုကရေစီနေ့’အဖြစ် တရားဝင်သတ်မှတ်ပေးရန် (၂၉)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကျင်းပရေးကော်မတီက အစိုးရနှင့် လွှတ်တော်တို့ထံ တိုက်တွန်း တောင်းဆိုလိုက်သည်။

သြဂုတ် ၈ ရက်က ရန်ကုန် မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိ ယကျောင်းတိုက်တွင် ပြုလုပ် သော (၂၉)နှစ်မြောက် ရှစ်လေး လုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ပတ်လည်အခမ်းအနား၌ ထုတ် ပြန်သည့် ကြေညာချက်တွင် ယင်းသို့ ထည့်သွင်းဖော်ပြထား သည်။

‘‘ဒီကနေ့ အခြေအနေကို ကြည့်လိုက်တော့ ကျွန်တော်တို့ ဒီမိုကရေစီရေးအပြင်ကို တိုင်း ရင်းသားတွေနဲ့ ညီညွတ်ရေးကို အပြည့်ယူရပါဦးမယ်။ အဲဒီအ တွက် ဖက်ဒရယ်ပြည်ထောင်စုဆို တဲ့ ပန်းတိုင်ကိုလည်း ကျွန်တော် တို့ မျက်ခြည်ပြတ်လို့မရ၊ တစ် ဖက်ကလည်း ဒီမိုကရေစီရေးကို ချန်ထားလို့မရ၊ အဲဒီလိုသွားနေတဲ့ အချိန်မှာ ကျွန်တော်တို့အားလုံးရဲ့ အရေးအကြီးဆုံး တူညီတဲ့လုပ်ငန်းစဉ်က ဘာလဲဆိုတော့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို တွေ့ရပါလိမ့်မယ်’’ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ယင်းအခမ်းအနားတွင် ပြောသည်။ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ ပီပြင်စွာဆောင်ရွက်နိုင်ရန်ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ဆောင်ရန် လိုအပ်နေ ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ရှစ်လေးလုံး အမှတ်တရ ပြောချင်တာကတော့ ရှစ်လေးလုံး ပြည်သူတွေရဲ့ စိတ်ဓာတ်၊ ပြည် သူတွေရဲ့ သွေးကို လက်နက်နဲ့ မခြိမ်းခြောက်ပါနဲ့။ ကျွန်တော်တို့ ဖွံ့ဖြိုးမှုကို အရာရာကို အတားအ ဆီးဖြစ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင် ရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းပြီးသွားချင်ပါ တယ်။ အဲဒါကို ပြည်တွင်းငြိမ်း ချမ်းရေးပါ အပါအ၀င် တရားဥပဒေစိုးမိုးရေးနဲ့ သွားချင်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးလို့ ပြောလိုက်တာနဲ့ ခြိမ်းခြောက်မှု တွေ၊ အတားအဆီးတွေ အဲဒါတွေကို ကျွန်တော်တို့တွေ့ရတယ်။ အခြေခံဥပဒေကို ဘာကြောင့်ပြင် ရမှာလဲဆိုတော့ ဒီမိုကရေစီ အပြည့်မရလို့။ တိုင်းရင်းသားတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်၊ ညီအစ်ကိုအချင်းချင်း သတ်ဖြတ်နေရတဲ့ စစ်ကိုရပ်ချင်လို့’’ဟု ဦးမင်းကိုနိုင်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ ဒီမို ကရေစီနေ့ဖြစ်လာရန် လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးက ပြော သည်။

‘‘မနှစ်က ကြေညာချက်မှာ လည်း ပါပြီးဖြစ်တယ်။ ဒီနှစ်မှာ လည်း ထပ်ပြောထားတယ်။ တိုင်းပြည်တစ်ပြည်လုံးက ဒီမိုကရေစီအရေးလူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တဲ့နေ့ဖြစ်လို့ အဲဒီနေ့ရဲ့ အသီးအပွင့်တွေကို အားလုံးခံစားနေရတာဖြစ်တယ်။ အဲဒါကြောင့် တောင်းဆိုရခြင်းဖြစ်တယ်’’ဟု ဦးမြအေးကပြောသည်။

ထို့အပြင် အမျိုးသားပြန် လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အ ရ ရှစ်လေးလုံးအရေးတော်ပုံ သမိုင်းပြတိုက်ကြီး ပေါ်ပေါက် လာရေး အစိုးရက အမြန်ဆုံးအသိအမှတ်ပြု ဆောင်ရွက်ပေးရန်ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ နိုင်ငံသားတိုင်း၏ အခြေခံ အခွင့်အရေးများကို လက်တွေ့ ကျင့်သုံးရာတွင် မလုံခြုံမှုများအ တွက် တရားဥပဒေ အကာအ ကွယ်နှင့် ဥပဒေစိုးမိုးရေး ယန္တရား ဖြင့် လုံလောက်သော အာမခံ ချက်များပေးနိုင်ရန် လိုအပ် ကြောင်းနှင့် ထို့အတွက် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များ စုံလင်စွာ ပါဝင်နိုင်ရေး ၀န်းကျင်အခင်းအကျင်းများ ဖန်တီးဖော်ဆောင်ပေးရန်လည်း တိုက်တွန်းထားသည်။

ရှစ်လေးလုံးအပါအ၀င် အ ရေးတော်ပုံအဆက်ဆက်တွင် ပါဝင်ခဲ့သူများနှင့် လူမသိ သူမသိ ကျဆုံးခဲ့ရသည့် ပြည်သူများစာ ရင်းကို ပြုစု၍ ဂုဏ်ပြုပေးသင့် ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

အဆိုပါရှစ်လေးလုံး (၂၉) နှစ်မြောက် အခမ်းအနားသို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း၊ လူ့ဘောင် သစ်ပါတီ၊ ၁၉၇၄၊ ၇၅ သပိတ် မှောက်အကျဉ်းကျ အလုပ်သမား ဟောင်းကြီးများ ကွန်ရက်၊ ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစုများ၊ ကမန်လူမျိုးများ ဒီမိုကရေစီအဖွဲ့ ချုပ်တို့က သ၀ဏ်လွှာများအသီး သီး ပေးပို့ခဲ့သည်။

Top News