သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့တက်ရောက်လိုသူများ လေ့လာနိုင်ရန် Open Campus အစီအစဉ်ကျင်းပ

Open Campus အစီအစဉ်ကျင်းပနေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ သတင်းအချက် အလက်နည်းပညာတက္ကသိုလ်သို့ တက်ရောက်လိုသူများနှင့် စိတ်ပါ ၀င်စားသူများ ကျောင်းအတွင်း လေ့လာကြည့်ရှုခွင့်ရမည့် Open Campus အစီအစဉ်ကို ဩဂုတ် ၇ ရက်တွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

Open Campus အစီအစဉ် တွင် အဆိုပါကျောင်းမှ ကျောင်း သား၊ ကျောင်းသူများပြုလုပ်ထား သည့် Software, Hardware ပ ရောဂျက်များကို ကျောင်းခန်းမအ တွင်း ပြခန်းငယ်များဖွင့်လှစ်ပြသ ထားပြီး ကျောင်းစာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ သင်ကြား နည်းစနစ်များကို လွတ်လပ်စွာ လေ့လာခွင့်ပြုခဲ့သည်။


‘‘ဒီနှစ်မှ ကျောင်းဖွင့်တာ ငါး နှစ်ပဲရှိပါသေးတယ်။ တက္ကသိုလ် ၀င်တန်းအောင်တဲ့ကလေးတွေက ဒီကျောင်းကို သိပ်မသိသေးပါ ဘူး။ သူတို့ကျောင်းလျှောက်ထား တော့မယ့်အချိန်မှာ ဒီကျောင်းအ ကြောင်းကို သိစေချင်တဲ့ရည်ရွယ် ချက်လည်း ပါပါတယ်။ ဒီကျောင်း တက်တဲ့ကလေးတွေ ဘာတွေ လုပ်နိုင်တယ်ဆိုတာသိအောင်ပြ သတဲ့သဘောလည်း ပါတယ်’’ ဟု သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက ပြော ကြားသည်။

Open Campus အစီအစဉ် ကို ၂၀၁၄-၁၅ ပညာသင်နှစ်က စတင်ကျင်းပခဲ့ပြီး ယခုနှစ်သည် တတိယအကြိမ်မြောက်ကျင်းပ ခြင်းဖြစ်သည်။

ယင်းတက္ကသိုလ်တွင် Soft-ware Engineering, Knowledge Engineering, Business Information Systems, High Performance Computing, Embedded Systems, Com-munication and Networking, Computer Systems စသည့် အထူးပြုဘာသာရပ် ခုနစ်ခုရွေး ချယ်သင်ယူနိုင်ပြီး B.C.Sc(ကွန် ပျူတာသိပ္ပံ)နှင့် B.C.Tech (ကွန် ပျူတာနည်းပညာ)ဘွဲ့ပေးအပ် သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့် စာစစ်ဌာနမှမဆို သင်္ချာ၊ ဓာတု ဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါ ၀င်သည့် ဘာသာတွဲတစ်ခုခုဖြင့် အောင်မြင်သူများအနေဖြင့် တက္က သိုလ်ဝင်စာမေးပွဲရမှတ် စုစု ပေါင်း ၄၅၀ ရပါက သတင်းအ ချက်အလက်နည်းပညာတက္က သိုလ်သို့ လျှောက်ထားနိုင်သည်။ကျောင်းဝင်ခွင့်ကို တက္က သိုလ်ဝင်ခွင့်လမ်းညွှန်ပါ သင် တန်းဝင်ခွင့်လျှောက်လွှာတွင်ရေး သွင်းလျှောက်ထားရမည်ဖြစ်ပြီး သင်တန်းသား ၂၀၀ ဦးလက်ခံ မည်ဟု ဒေါက်တာစောစန္ဒာအေး က ပြောသည်။

 အဆိုပါတက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာ နည်းပညာဘွဲ့ကြိုအပြင် မဟာ ဘွဲ့၊ ပါရဂူဘွဲ့နှင့် ဒီပလိုမာသင် တန်းများဖွင့်လှစ်သင်ကြားနေပြီး ဘွဲ့ကြိုသင်တန်းအတွက် သင် တန်းကာလ ငါးနှစ်တက်ရောက် ရမည်ဖြစ်သည်။

 သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၉၀၀ ကျော် တက်ရောက်နေပြီးရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှ တက်ရောက် မည့်သူများကို အဆောင်နေ ထိုင်ခွင့်ပေးထားသည်။