အစိုးရနုတ်ထွက်ရေး ရန်ကုန်သပိတ်စခန်း ရုပ်သိမ်း

အစိုးရကို ချစ်၍ သပိတ်မှောက်ခဲ့ခြင်းဟုဆိုပြီး သပိတ်ဦးဆောင်သော သံဃာနှစ်ပါးအပါအဝင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ထား
အစိုးရဆန့်ကျင်သော ရန်ကုန်သပိတ်စခန်းရုပ်သိမ်းလိုက်ပြီးနောက် ပြည်သူအချို့နှင့် စကားများသောဆန္ဒထုတ်ဖော်သူအချို့ကို ဖျန်ဖြေထိန်းသိမ်းပေးနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်မြို့တွင် အစိုးရနုတ်ထွက်ပေး ရေးသပိတ်စခန်းဖွင့်ထားသူများသည် လေးရက် မြောက်ဖြစ်သော ယမန်နေ့က သပိတ်စခန်းကို ရုပ်သိမ်းပြီး သပိတ်၌ပါဝင်သည့် သံဃာနှစ်ပါး နှင့် လူရှစ်ဦးကို တရားရုံးက ဖမ်းဝရမ်းထုတ်ထား သည်။

အစိုးရနုတ်ထွက်ပေးရေးအတွက် ရန်ကုန် နှင့်တစ်ရက်တည်း ဖွင့်လှစ်တောင်းဆိုခဲ့သည့် မန္တလေးသပိတ်အဖွဲ့ကို

အာဏာပိုင်များက ယမန်နေ့ နံနက်အစောပိုင်းတွင် ဖယ်ရှား ဖမ်းဆီးပြီးနောက် ညနေ ၄ နာရီ ၌ ရန်ကုန်သပိတ်စခန်းလည်း ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်သပိတ်အဖွဲ့ ဦး ဆောင်ဆရာတော် ဦးပညာဝံသ အပါအဝင် သံဃာနှစ်ပါးနှင့် လူ ရှစ်ဦး စုစုပေါင်း ၁၀ ဦးကို နိုင်ငံ တော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် သြဂုတ် ၄ ရက် တွင် ဗဟန်းမြို့နယ်တရားရုံး၌ တရားစွဲဆို ဖမ်းဝရမ်းထုတ်ထား သည်။

သို့သော် ရန်ကုန်သပိတ်စ ခန်းရုပ်သိမ်းပြီး သြဂုတ် ၅ ရက် ည၇ နာရီကျော်အထိ ဖမ်းဆီးရရှိမှု မရှိသေးပေ။

နိုင်ငံတော်သံဃမဟာနာယ ကဆရာတော်ကြီးများ၏သြဝါဒ များကို လိုက်နာသောကြောင့် ယာယီရုပ်သိမ်းပေးခြင်းဖြစ်ကြောင်း ရန်ကုန်သပိတ် ဦးဆောင်ဆရာ တော် ဦးပညာဝံသက မိန့်ကြား သည်။

‘‘နိုင်ငံတော်သံဃမဟာနာ ယကဆရာတော်ဘုရားကြီးတွေ ရဲ့ သြဝါဒများကို အထူးပြုလေး စားလိုက်နာပြီး သူတို့ရဲ့မေတ္တာ တရားကြီးမားပုံတွေ၊ စေတနာ တွေကို ဦးပဉ္စင်းတို့က လေးစား သောအားဖြင့် ယာယီရုပ်သိမ်းခဲ့ တာဖြစ်ပါတယ်။ ရက်အကန့်အ သတ်ကတော့ မရှိသေးဘူးပေါ့ နော်။ ဆရာတော်ဘုရားတွေက ဦးပဉ္စင်းတို့တောင်းဆိုခဲ့တဲ့အချက် တွေကို နိုင်ငံတော်သံဃမဟာနာ ယကဆရာတော်တွေက တင်ပြ ပေးမယ်လို့ ကတိကဝတ်ပြုတဲ့အ တွက် ဦးပဉ္စင်းတို့က နိုင်ငံတည်ငြိမ် အေးချမ်းရေးဖြစ်စေချင်တဲ့အ တွက် ဒါကို ရပ်လိုက်တာပါ’’ဟု ဆရာတော်ဦးပညာဝံသက မိန့် ကြားသည်။ သြဂုတ် ၄ ရက်က ရန်ကုန်တိုင်းသံဃနာယကဆရာ တော်ကြီးများနှင့် သပိတ်စခန်းမှ ဆရာတော်သုံးပါးက သွားရောက် တွေ့ဆုံပြီးနောက် ဆရာတော်ကြီးများကို လေးစားမှုဖြင့်သာ သွား ရောက်တွေ့ဆုံဆွေးနွေးခြင်းဖြစ် ပြီး အဓိကတောင်းဆိုသည့်အ ချက်သုံးချက်လိုက်လျောပေးမှ သာ သပိတ်စခန်းကို ရုပ်သိမ်းမည် ဖြစ်ကြောင်း ဆရာတော်ဦးပညာဝံ သက သတင်းထောက်များကို သြ ဂုတ် ၄ ရက် ညနေ ၅ နာရီခန့်တွင် မိန့်ကြားခဲ့သော်လည်း ထိုသို့ပြော ဆိုပြီး ၂၃ နာရီအကြာတွင် သပိတ်စခန်းရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အစိုးရကို သပိတ် မှောက်တောင်းဆိုခြင်းသည် ကိုယ်ချစ်သည့်အစိုးရဖြစ်သော ကြောင့် ချစ်၍ ဝေဖန်ခြင်းသာ ဖြစ်ကြောင်း ဆရာတော်ဦးပညာ ဝံသက မိန့်သည်။

သပိတ်စခန်းရုပ်သိမ်းလိုက် သည်ဟု ကြေညာသည်နှင့် သပိတ်စခန်းအနီးရှိ ဗဟန်းမြို့နယ် ရပ် ကွက်နေပြည်သူနှင့် လာရောက် ကြည့်ရှုသော ပြည်သူအချို့က လက်ခုပ်တီး၍ လှောင်ပြောင်ခဲ့ သည်။ ထိုသို့အော်ဟစ်မှုကြောင့် သပိတ်စခန်းဆန္ဒပြသူများက ပြန် လည်အော်ဟစ်ဆဲဆိုပြီး သတင်း ထောက်များကိုလည်း ဆန္ဒပြသူ များက ဆဲဆိုခဲ့သည်။

ရန်ကုန်သပိတ်စခန်းမှ ဆန္ဒ ပြသူများသည် သပိတ်စခန်းစဖွင့် သော သြဂုတ် ၂ ရက်တွင် အစိုးရ နုတ်ထွက်ပေးရေးကိုသာ တောင်း ဆိုခဲ့ကြသော်လည်း တတိယ မြောက်ရက်၌ ဗုဒ္ဓဘာသာကို နှိမ့်ချနေသည့် ဝန်ကြီးသူရဦးအောင် ကိုကို အမြန်ဆုံးဖြုတ်ချပေးရန်၊ ဖမ်းဆီးခံအမျိုးသားရေးတက်ကြွ လှုပ်ရှားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံတွင် မရှိသည့် ခိုးဝင်ဘင်္ဂါလီများကို ကမ္ဘာကသိအောင် သမ္မတလက် မှတ်ထိုး၍ ကြေညာပေးရန်စသည့် အချက်သုံးချက်ကို ပြောင်းလဲ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သပိတ်စခန်းဖွင့်သည့်နေ့ တွင် သံဃာ ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၃၅ ဦးတို့ဖြင့် အထိုင်သပိတ်ပုံစံ ဖြင့် စတင်ခဲ့ပြီး ၎င်းတို့ကို လူ ၅၀ ခန့်က ဝန်းရံခဲ့သည်။ သပိတ်ရုပ် သိမ်းသည့်နေ့၌ သံဃာခုနစ်ပါး နှင့် လူ ၄၀ ခန့်သာရှိသည်။

‘‘လူလေးငါးဆယ်လောက်နဲ့ ပြည်သူတင်မြှောက်ထားတဲ့ အစိုး ရကို ဖြုတ်ချပေးရေးတောင်းဆို တာ တော်တော်လေးရယ်စရာဖြစ် တယ်။ ကျွန်တော်တို့ဗဟန်းသား တွေက ကိုယ်တင်ထားတဲ့ အစိုးရ ကို ဒီမြို့နယ်မှာ လာပြီး လုပ်တာ တော်တော်လေး မကျေနပ်ဘူး။ နောက်ပြီး ကျွန်တော်တို့ကြေး သွန်းဘုရားကြီးကိုလည်း ဘုရားဖူး တွေလာလို့မရဘူးဖြစ်နေတယ်’’ ဟု ဗဟန်းမြို့နယ်ဒေသခံ ကိုဇော် မင်းက ပြောသည်။

သပိတ်စခန်း သိမ်းခဲ့ပြီး နောက် သပိတ်မှောက်ဆန္ဒပြသူ များ နေထိုင်သည့် ကြေးသွန်း ဘုရားဝင်ပေါက် မုခ်ဦးနေရာကို ရပ်ကွက်နေပြည်သူများက ရေ ပိုက်များဖြင့် ဖျန်း၍ ဆေးကြောခဲ့ ကြသည်။