Global Game Exhibition တွင် မြန်မာကုမ္ပဏီများ ဝင်ရောက်ပြသရန် အာဆီယံ-ကိုရီးယားစင်တာဖိတ်ခေါ်

ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သော Game Exhibition တစ်ခု(fb.com/Gameshow.gstar)

 အာဆီယံ-ကိုရီးယားစင် တာက ကြီးမှူးကျင်းပမည့် Global Game Exhibition တွင် မြန်မာ နိုင်ငံက နည်းပညာကုမ္ပဏီသုံးခု ဝင်ရောက်ပြသခွင့်ရရှိမည်ဟုမြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းက ကြေညာသည်။

Global Game Exhibition ကို နိုဝင်ဘာ ၁၆ မှ ၁၈ ရက်အထိ ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ဝင်ရောက်ပြ သလိုပါက သြဂုတ် ၇ ရက်နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်းနှင့် ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်သည်။


မြန်မာနိုင်ငံမှ Exhibition သို့ဝင်ရောက်ပြသခွင့်ရရှိမည့် ကုမ္ပ ဏီသုံးခုကို အာဆီယံ-ကိုရီးယား စင်တာက ရွေးချယ်မည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုအတွက် လူတစ်ဦး စာ စရိတ်အပြည့်အစုံကို စင်တာက တာဝန်ယူမည်ဖြစ်ပြီး တစ်ဦး ထက်ပိုမိုသော အရေအတွက်ကို ဝင်ရောက်ပြသခွင့်ရရှိသည့် ကုမ္ပ ဏီက တာဝန်ယူရမည်ဖြစ်သည်။

အာဆီယံနိုင်ငံများမှ ဂိမ်း ဆော့ဖ်ဝဲများ ကိုရီးယားနိုင်ငံဈေးကွက်သို့ ဝင်ရောက်လာစေရန်နှင့် ကိုရီးယားနိုင်ငံနှင့် အာဆီယံများ အကြား အဆက်အသွယ် အခွင့် အလမ်းများ တိုးတက်စေရန် Exhibition ကို ကျင်းပရခြင်းဖြစ် ကြောင်း  မြန်မာ့ကုန်သွယ်ရေးမြှင့်တင်မှုအဖွဲ့က ကြေညာထားသည်။

Exhibition တွင် အာဆီယံ နိုင်ငံတစ်ခုလျှင် ကုမ္ပဏီသုံးခုနှုန်း ဖြင့် ကုမ္ပဏီ ၃၀ က Game Software (Online, mobile, video, board, arcade, indie) နှင့် Game related Hardware များ ဝင်ရောက်ပြသ မည်ဖြစ်သည်။

Exhibition ကျင်းပစဉ်အ တွင်း ကိုရီးယားစီးပွားရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံပေးမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်း ရှင်များအသင်းက ကြေညာထား သည်။

Top News