တပ်မတော်နှင့်ဖြစ်ပွားနေသည့် ပဋိပက္ခများပြေလည်ရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် ညှိနှိုင်းရန် စီစဉ်နေဟု RCSS ပြော

တပ်ဖွဲ့ဝင်နှစ်ဦးဖမ်းဆီး ခံရမှုအပါအ၀င် တပ်မတော်နှင့် ဖြစ်ပွားနေသည့် ပဋိပက္ခများပြေ လည်မှုရရှိရေး ငြိမ်းချမ်းရေးကော် မရှင်နှင့် တွေ့ဆုံညှိနှိုင်းရန် စီစဉ် နေကြောင်း ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ် မှူးကြီးစိုင်းငင်းက ပြောသည်။တပ်မတော်နှင့် RCSS တို့ ဇူလိုင်က ရှမ်းပြည်နယ် ဟိုပုံးနှင့် မိုင်းပြင်းမြို့နယ်တို့တွင် တိုက် ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းနှင့် ဇူ လိုင် ၂၅ ရက်က မိုင်းပြင်းမြို့နယ် မိုင်းပူးလုံဒေသတွင် RCSS တပ် ဖွဲ့ဝင်နှစ်ဦးကို တပ်မတော်က ဖမ်းဆီးထားကြောင်း ဒုဗိုလ်မှူး ကြီးစိုင်းငင်းက ပြောသည်။


အဆိုပါဖြစ်စဉ်များနှင့်ပတ် သက်၍ တပ်မတော်နှင့်RCSS နှစ်ဖက်ကိုယ်စားလှယ်များပါဝင် သည့် ရှမ်းပြည်နယ်အဆင့်ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)သို့ အကြောင်းကြား ထားသော်လည်း ပြဿနာများ ဖြေရှင်းရေး ပြန်လည်တုံ့ပြန်မှုမရှိ သေးဟု ၎င်းကဆိုသည်။ ထိုအ ခြေအနေတွင် ငြိမ်းချမ်းရေးကော် မရှင်နှင့် အလွတ်သဘောတွေ့ဆုံ ရန် စီစဉ်နေခြင်းဖြစ်သည်။

‘‘အခုလောလောဆယ် အ ခြေအနေက တပ်နဲ့ကျွန်တော်တို့ ကြားမှာတော့ နည်းနည်းခပ်ခွာ ခွာဖြစ်နေတဲ့ ဆက်ဆံရေးပေါ့’’ ဟု RCSS မှ ဒုဗိုလ်မှူးကြီးစိုင်း ငင်းက ပြောသည်။

တပ်မတော်နှင့် RCSS အ ကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများ နှင့်ပတ်သက်ပြီး မေးမြန်းရန် ရှမ်း ပြည်နယ်အဆင့် JMC ၏ တပ် မတော်ကိုယ်စားလှယ်ဗိုလ်မှူး ကြီးလင်းထင်ကျော်ထံ ဩဂုတ် ၂ ရက်က ဆက်သွယ်ရာ အစည်းအ ဝေးခန်းအတွင်းရောက်ရှိနေ၍ ဖြေကြားမရသေးကြောင်း ပြော သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ် ဖွဲ့အနက် RCSS သည် တပ်မ တော်နှင့်တိုက်ပွဲဖြစ်ပွားမှုအများ ဆုံးအဖွဲ့အစည်းဖြစ်ပြီး NCA ရေးထိုးပြီး ၂ နှစ်ခန့်အတွင်း အကြိမ် ၂၀ ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ သည်။

ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးအပါအ၀င် ငြိမ်းချမ်း ရေးကော်မရှင်တာဝန်ရှိသူများ သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် ဩဂုတ် ၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်သို့ရောက်ရှိနေကြောင်း ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေထံမှ သိရသည်။

ငြိမ်းချမ်းရေး ကော်မရှင် သည် NCA ထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ရှစ် ဖွဲ့၏ အလုပ်အဖွဲ့ PPWT နှင့် ဩ ဂုတ် ၃ ရက်တွင်တွေ့ဆုံမည်ဖြစ် ပြီး NCA မထိုးရသေးသည့်အဖွဲ့ များဖြင့် စုဖွဲ့ထားသော UNFC ကိုယ်စားလှယ်အဖွဲ့နှင့် ဩဂုတ် ၄ ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။

Top News