ဒီချုပ်အမတ်နုတ်ထွက်မှု ပါတီကခွင့်မပြုသေးဘဲ ပြန်လည်စိစစ်မည်ဟုဦးဝင်းထိန် ပြောကြား

နေပြည်တော်၌ ဇူလိုင် ၂၃ ရက်က ပြုလုပ်သော CEC အစည်းအဝေးပြီးနောက် တွေ့ရသော ဦးဝင်းထိန် (ဓာတ်ပုံ − ထက်အာကာကျော်)

မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးစိန်ဝင်း၏ ပါတီဝင်အဖြစ် မှနုတ်ထွက်ထားမှုအပေါ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC)က ပြန်လည်စိစစ်မည်ဖြစ် ကြောင်း ပါတီထိပ်ပိုင်းခေါင်း ဆောင်ဦးဝင်းထိန်က ပြောသည်။


ဦးစိန်ဝင်း၏နုတ်ထွက်စာကို ပါတီကခွင့်ပြုကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေး မှူးအဖွဲ့ဝင်ဦးဉာဏ်ဝင်းက လက် မှတ်ရေးထိုး၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အ ကြောင်းကြားခဲ့သော်လည်းဇူလိုင်၂၃ ရက်တွင်ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC)အစည်းအဝေးအပြီး၌ ဦးဝင်းထိန် က နုတ်ထွက်မှုကို ခွင့်မပြုသေး ကြောင်းနှင့် ပြန်လည်စိစစ်မည် ဖြစ်ကြောင်း သတင်းထောက်များ အား ပြောကြားသည်။

‘‘ဦးစိန်ဝင်းကိစ္စက တို့NLD က ကိုယ်စားလှယ်လောင်းတွေ ရွေးလိုက်တဲ့အခါမှာ၊ ကိုယ်စား လှယ်လောင်းတွေရဲ့ အရည်အ ချင်းတွေကို စိစစ်တဲ့အခါမှာ သူ တို့ကနေပြီးတော့၊ တွေ့ဆုံမေး မြန်းပြီးတော့ သူတို့လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့မှ စိစစ်ပြီးတော့မှ စိတ်တိုင်းကျ ရှင်း ရှင်းလင်းလင်းဖြစ်တော့မှ ရွေး ကောက်ပွဲကော်မရှင်ကို အ ကြောင်းကြားမှာ’’ ဟု ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဆို သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဦးဉာဏ်ဝင်း လက်မှတ်ဖြင့် ဦးစိန်ဝင်းကို ပါ တီမှ နုတ်ထွက်ခွင့်ပြုကြောင်းနှင့် လိုအပ်သလို ဆက်လက်ဆောင် ရွက်ရန် အကြောင်းကြားစာတစ် စောင်ကို ဇူလိုင် ၂၁ ရက်က ရရှိ ထားပြီး ဇူလိုင် ၂၃ ရက်ညနေအ ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီထံမှ ထပ်မံ၍အကြောင်း ကြားစာမရရှိသေးကြောင်း ကော် မရှင်အတွင်းရေးမှူးဦးတင်ထွန်း က ပြောသည်။

‘‘ပထမစာတစ်စောင်ရောက် ထားတယ်ပေါ့။ ဒုတိယစာကနေ သူတို့ဟာသူတို့ပဲ ပယ်ဖျက်ချင် တယ်ဆိုလို့ရှိရင်လည်းပြီးသွား တာပေါ့။ လောလောဆယ်တစ် စောင်ပဲရှိသေးတယ်’’ ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အတွင်းရေးမှူးဦးတင်ထွန်းက ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့က ပြန်လည်စိစစ်မည့်အခြေ အနေအပေါ် ဦးစိန်ဝင်း၏သဘော ထားသိရှိရန် ဆက်သွယ်သော် လည်း မရခဲ့ပေ။

ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်ဦးစိန်ဝင်းက ပါတီဝင်အဖြစ် မှ နုတ်ထွက်စာကို ဇူလိုင် ၁၄ ရက်စွဲဖြင့် ပါတီဌာနချုပ်သို့ပေးပို့ ခဲ့ပြီး ယင်းမှာ ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပါတီမှ ပထမဆုံးအကြိမ် နုတ်ထွက်စာ တင်ခြင်းလည်းဖြစ်သည်။

နုတ်ထွက်စာ မတင်မီဇူလိုင်၁၃ ရက်က ကျင်းပခဲ့သည့်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌဦးဝင်းမြင့်က ဦးစိန်ဝင်း၏ ဆွေးနွေးချက်များကို ရုပ်သိမ်းရန် သတိပေးပြောကြားခဲ့သည်။

စိုက်ပျိုးရေးပညာရှင်ဦးစိန် ၀င်းက နိုင်ငံတစ်ဝန်းရှိ တောင်သူ လယ်သမားများကို အသိပညာ၊ နည်းပညာ ကျယ်ပြန့်စွာလုပ် ဆောင်ရန်ဆန္ဒရှိသောကြောင့် ဒီ ချုပ်ပါတီဝင်အဖြစ်မှ နုတ်ထွက် စာတင်ခြင်းဖြစ်ကြောင်း 7Day Daily သတင်းစာအားပြောကြား ထားသည်။

သို့ရာတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီနှင့် ၎င်းတို့အ ကြား သဘောထားကွဲလွဲမှုများရှိ ကြောင်း ဦးစိန်ဝင်းကရှင်းပြသည်။

ဦးစိန်ဝင်းသည် ပြည်သူ့ လွှတ်တော်၊ တောင်သူလယ်သ မားနှင့်အလုပ်သမားရေးရာကော် မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန် က လုပ်ငန်းရှင်တစ်ဦးနှင့်ဒီချုပ် ပါတီဝင်လေးဦးကို ရာဇ၀တ်မှုဖြင့် တရားစွဲဆိုခဲ့ရာ ပါတီကတရားစွဲ ဆိုခြင်းမပြုရန်တားမြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်ပြီးနောက် အ ထက်ပါကော်မတီ သက်တမ်း တစ်နှစ်မပြည့်မီ ဦးစိန်ဝင်းသည် ကော်မတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။ ထို့အပြင်၎င်းကိုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မအူပင်မြို့နယ် အလုပ်အမှုဆောင်တာ ၀န်မှရပ်ဆိုင်း၍ သာမန်ပါတီ ၀င် အဖြစ်အပြစ်ပေးခဲ့ကြောင်း ဦးစိန်ဝင်းက ပြောသည်။

ဦးစိန်ဝင်းသည် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ပါတီသို့၂၀၁၁ တွင် ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့ ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၌ မအူပင်မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ခဲ့ရသည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင်လည်း ယင်းမဲဆန္ဒ နယ်မှပင် အနိုင်ရရှိခဲ့သည်။