၈၈ မျိုးဆက်များပါဝင် တည်ထောင်မည့် ပါတီကိုအမည်ပေးရန် အမည်ခြောက်ခု စဉ်းစားထားဟုဆို

နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေး ဆွေးနွေးပွဲကို ၂၀၁၇ မတ်လအတွင်းကပြုလုပ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

၈၈ မျိုးဆက်နှင့် နိုင်ငံရေးမျိုးဆက်များပါဝင်သည့် ပါတီနာမည်ပေးရန် ခြောက်မျိုးခန့် စဉ်းစားထားကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးရဲနိုင်အောင်က ပြော သည်။


‘‘လောလောဆယ် စဉ်းစား နေတာ လေးငါးခြောက်ခုလောက် ရှိတယ်။ အဲဒီလေးငါးခြောက်ခုအ ဆင့်ကလည်း စဉ်းစားနေတဲ့အ ဆင့်ဆိုတော့ အပြင်တော့ မထုတ် သေးဘူး။ ပါတီမှတ်ပုံတင်တဲ့အခါ မှသာ ပါတီနာမည်ကို တစ်ခါ တည်းတွဲပြီး ထုတ်ပါမယ်’’ဟု ၎င်း ကပြောသည်။

နိုင်ငံရေးပါတီ ဖြစ်မြောက် ရေးကော်မတီက စဉ်းစားထား သည့် အမည်ခြောက်မျိုးကို ပြော ပြမည်ဆိုပါက မလိုလားအပ် သည့် ပြဿနာများဖြစ်ပေါ်မည်စိုး ၍ ပြောဆိုရန် မသင့်သေးကြောင်း ဦးရဲနိုင်အောင်က ပြောသည်။

ပါတီမှတ်ပုံတင်ရန် လိုအပ် သည့် ပါတီမူဝါဒ၊ ဖွဲ့စည်းပုံတို့ကို အကြမ်းရေးဆွဲထားပြီး ပါတီဝင် လိုသူများ၏ သဘောတူညီမှုရရှိ ကာ ပါတီမှတ်ပုံတင်ပါက ထပ်မံအတည်ပြုချက် ရယူမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းဇေယျက ပြောသည်။

ဇူလိုင် ၁၅ နှင့် ၁၆ ရက်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဓမ္မပီယကျောင်းတိုက်တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးမှ စည်းရုံးရေးကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ၊ သုတေသန၊ ဖွံ့ဖြိုးရေးကော်မတီနှင့် ဘဏ္ဍာရေးကော်မတီတို့ကို ဖွဲ့စည်းပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ တက်ရောက်လာသည့် ပုဂ္ဂိုလ်များသို့ ဆက်သွယ်နိုင်မည့် ဆက်သွယ်ရေးတာဝန်ခံများ ရွေးချယ်ခဲ့သည်။

‘‘ကျွန်တော်တို့ ပါတီမှတ်ပုံ တင်ဖို့လုပ်တဲ့အခါမှာ မတင်ခင် မှာ ရဲဘော်တွေပြန်စုပြီးတော့ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်အတည်ပြုမယ်။ မူဝါဒလုပ် ငန်းစဉ်တွေ အတည်ပြုမယ်။ အ တည်ပြုပြီးတာနဲ့ ပါတီတွေမှာ ဘယ်သူတွေက တာဝန်ယူဆောင် ရွက်မယ်ဆိုတာကို အတည်ပြုမယ်။ အဲဒီအဆင့်ကျမှပဲ နာမည်ကို အတည်ပြုမှာပါ’’ ဟု ဦးရဲနိုင် အောင်က ပြောသည်။

ပါတီဝင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲ သတ်မှတ်ထားကာ ပါတီစည်းရုံး ရေးလုပ်ငန်းများ လုပ်ဆောင်ရာ တွင် သူတစ်ပါးကို ထိခိုက်ပြောဆို ခြင်း ရှောင်ရှားရန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေ မည့် အပြုအမူအပြောအဆိုများ ရှောင်ရှားရန် စည်းကမ်းသတ်မှတ် ထားကြောင်း နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိ သူအချို့က ပြောသည်။