မီးပူကပ်ခံရသော အိမ်ဖော်အမှုမှ ဆေးစာထုတ်ပြန်ချက်အပေါ် ဝေဖန်မှုများဖြစ်ပေါ်ပြီးနောက် အပြီးသတ်သုံးသပ်ဆေးစာကို ထပ်မံပေးပို့

မီးပူဖြင့်ကပ်၍နှိပ်စက်ခံရသော ဒဏ်ရာများကိုပြသနေစဉ်

 ခန္ဓာကိုယ်အနှံ့မီးပူဖြင့် ကပ်ခံရသည့် အိမ်အကူမိန်းက လေးအမှုကို ဆေးစာထွက်ပြီး နောက် အပြင်းအထန်နာကျင်စေ မှုမှ သာမန်နာကျင်စေမှုသို့ ပုဒ်မ ပြောင်းလဲတပ်၍ တရားစွဲဆိုသ ဖြင့် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက် ဆေးရုံမှတာဝန်ရှိသူက ယင်းမှာ ကနဦးဆေးစာဖြစ်၍ အပြီးသတ်ဆေးစာကို ဇူလိုင် ၁၄ ရက်က ထပ်မံပေးပို့ခဲ့သည်ဟု ဆို သည်။

သင်္ဃန်းကျွန်းစံပြဆေးရုံ အုပ်ကြီးဒေါက်တာသန်းလှက လုပ်ထုံးလုပ်နည်းအရ အရိုးကျိုး ခြင်းစသည့် အချို့သော ဒဏ် ရာများကို လချီ၍ စောင့်ကြည့်ရ သည်များရှိကြောင်း၊ ထို့ကြောင့် ကနဦးဆေးစာနှင့် အပြီးသတ် ဆေးစာတို့ကို ပေးပို့ရခြင်းဖြစ် သည်ဟု ရှင်းပြသည်။ အပြီးသတ် ပေးပို့လိုက်သော ဆေးစာတွင် အိမ်အကူမိန်းကလေး၏ မျက်နှာ ပေါ်မှ ဒဏ်ရာအပေါ် ဆေးစစ် ချက်ပါဝင်ကြောင်း ၎င်းက ပြော သည်။ဆေးစာအရ အပြင်းအထန် နာကျင်စေမှုမှ သာမန်နာကျင် စေမှုပုဒ်မသို့ ပြောင်းလဲရကြောင်း ဇူလိုင်လဆန်းတွင် သတင်း မီဒီ ယာများက ဖော်ပြခဲ့ရာ မီးပူဖြင့် ကပ်ခြင်းသည် သာမန်နာကျင် စေမှုမဟုတ်ဟု လူမှုကွန်ရက်သုံး စွဲသူများက ဝေဖန်ခဲ့သည်။

‘‘အဲဒီဥပဒေနဲ့ ကိုက်ညီမှသာ ဆေးစာအဖြစ် လက်ခံတာပါ။ အ ရပ်အမြင်နဲ့တော့ ကွာခြားမှုရှိနိုင် တယ်’’ ဟု ဆေးရုံအုပ်ကြီးဒေါက် တာသန်းလှကဆိုသည်။ ဆေးစာ ပါ အချက်အလက်ကို တရားရုံး နှင့် ရဲဌာနမှလွဲ၍ အပြင်လူသိခွင့် မရှိဟု ပြောသည်။

ယင်းသို့ ပုဒ်မပြောင်းလဲတပ် ခြင်းနှင့်ပတ်သက်၍ ဆေးစာ အပေါ်ဝေဖန်မှုများရှိနေသည်။ တရားလိုဦးမျိုးတင့်နိုင်က ‘‘ရင် သားတွေရော၊ တစ်ကိုယ်လုံးအနှံ့ မီးပူနဲ့အကပ်ခံရတာ။ တစ်ခါ တောင် မဟုတ်ဘူး။ အထပ်ထပ် အခါခါ အကပ်ခံရတာ။ သာမန် နာကျင်စေမှုမဟုတ်ဘူး’’ ဟု ဆို သည်။

ယင်းအမှုသည် လွန်ခဲ့သော တစ်လကျော်က ယုဇနဥယျာဉ် မြို့တော်အိမ်ရာတွင် ဖြစ်ပွားခဲ့ပြီး အိမ်အကူမိန်းကလေး၏ ရင် ဘတ်၊ ကျောကုန်း၊ လက်မောင်း နှစ်ဖက်၊ ပေါင်နှစ်ဖက်တွင် မီးအ ပူလောင်ဒဏ်ရာများ၊ ဦးခေါင်း နှင့် ခြေထောက်နှစ်ဖက်စလုံးတွင် ဖူးရောင်ဒဏ်ရာများသည် အိမ် ရှင်လင်မယားနှစ်ဦးက  မီးပူ ဖြင့်ကပ်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း တို့ကြောင့်ဟု မိန်းကလေးက ဖြေ ကြားကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၄ ရက်၌သတင်းထုတ်ပြန်ခဲ့သည်။

အသက် (၃၀)အရွယ်ကို ထွန်းထွန်းနှင့် မမြတ်နိုးသူတို့ထံမှ အိမ်အကူမိန်းကလေးကို ရာအိမ် မှူး ဦးမျိုးတင့်နိုင်နှင့် ရပ်မိ ရပ်ဖများက ခေါ်ယူကာ သင်္ဃန်း ကျွန်းစံပြဆေးရုံသို့ ဇွန်လ ၄ ရက် တွင်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ဆေးရုံတွင် ၁၂ ရက်ကြာ ဆေးကု သခဲ့ကြောင်း ဦးမျိုးတင့်နိုင်က ပြောသည်။

ဇူလိုင် ၃ ရက်က ဒဂုံဆိပ် ကမ်းမြို့နယ် တရားရုံးတွင်စွဲချက် တင်ရာ  ပုဒ်မပြောင်းလဲတပ် လိုက်ခြင်းကို တရားလိုဦးမျိုးတင့် နိုင်က မသိလိုက်ကြောင်းနှင့် ဇူ လိုင် ၄ ရက်၌ ရဲစခန်းသို့ဖုန်း ဆက်မေးမြန်းရာတွင် ဆေးစာ ကြောင့်ဟု တာဝန်ရှိသူများက ဖြေဆိုခဲ့ကြောင်း၊ အမှုတွဲကို တောင်းကြည့်၍ မရခဲ့ကြောင်း ဦး မျိုးတင့်နိုင်က ပြောသည်။

7Day Daily သတင်းစာက ရဲစခန်းမှတာဝန်ရှိသူများသို့ဆက် သွယ်ရာတွင် ‘‘ကျွန်တော်တို့ တရားစွဲပြီးသွားပါပြီ’’ဟု တစ်ခွန်း သာ ဖြေသည်။ ဆေးစာနှင့်ပတ် သက်၍ ဖြေကြားခြင်းမရှိပေ။

ရဲစခန်းတွင် မူလက အမှု ဖွင့်ထားသည့် အပြင်းအထန်နာ ကျင်စေမှု ပုဒ်မသည် ၃၂၆၊ ၃၂၅၊ ၁၁၄ တွင် ပုဒ်မ ၃၂၆ သည်ထောင် ဒဏ်တစ်သက်တစ်ကျွန်းနှင့် ၁၀ နှစ်အထက် ပြစ်ဒဏ်ချနိုင်၍ ၃၂၅ မှာ ထောင်ဒဏ် ခုနစ်နှစ်အထိနှင့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေ အကြံပေးဦးခင်မောင်မြင့်ကပြော သည်။ ယခုရဲစခန်းက ဆေးစာ ကြောင့်ဆို၍ အမှုပြောင်းလဲ စွဲဆိုသည့် သာမန်နာကျင်စေမှု ပုဒ်မ ၃၂၄၊ ၃၂၃၊ ၁၁၄ တွင် ပုဒ်မ ၃၂၄ သည် ထောင်ဒဏ်သုံးနှစ်အ ထိနှင့် ငွေဒဏ်မှာ ကန့်သတ်ချက် မရှိပြစ်ဒဏ်ချနိုင်ပြီး ၃၂၃ သည် ထောင်ဒဏ်တစ်နှစ်အထိ ငွေအ မြင့်ဆုံး တစ်ထောင်အထိဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်စ လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဦး ခင်မောင်မြင့်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦး ကြီးမြင့်နှင့် ဥပဒေအကြံပေးဦး ခင်မောင်မြင့်က အာမခံပေး၍ ရ သောပုဒ်မပြောင်းလဲတပ်ဆင် မည်ဆိုလျှင် ဆေးရုံမှ ဆရာဝန် များ၏ ဆေးစာမှတ်တမ်းစုံလင်မှ သာ ပုဒ်မပြောင်းလဲသင့်ကြောင်း ဆိုသည်။

ရှေ့နေကြီးဦးကြီးမြင့်က‘‘ ဒီ လိုအမှုတွေမှာ ကနဦးဆေးစာလို့ တစ်ခါမှမကြုံဖူးဘူး။ အလောင်း ကို ပြန်ဖော်ရတဲ့ အခြေအနေတွေ မှာတော့ ဒုတိယဆေးစာဆိုပြီး ရှိ တယ်။ အခုအမှုက ဒုတိယဆေး စာမှာ ပေါ်ပေါက်ရင်တော့ အာမ ခံပြန်ရုပ်သိမ်းပေါ့’’ ဟုဆိုသည်။

တရားလို  ဦးမျိုးတင့်နိုင်က ၎င်းအနေဖြင့် အမှုစစ်သည့် ရဲ၊ အမှုစစ်ဆရာဝန်၊ ဥပဒေအကြံ ပေးတို့ ပူးပေါင်း၍ လာဘ်စား သည်ဟု ယူဆကြောင်းပြော သည်။ လူမှုရေးနှင့်စီမံရေးကော်မ တီ အတွင်းရေးမှူးလွှတ်တော် ကိုယ်စားလှယ်ဦးညီညီထံသို့ အ ကြောင်းကြားထားပြီး ဦးညီညီက ၀န်ကြီးချုပ်ထံရောက်အောင်အ ထိပြောကြားမည်ဖြစ်ကြောင်း၎င်း တို့အား အကြောင်းပြန်ထားသည် ဟု ဦးမျိုးတင့်နိုင်က ပြောသည်။

(၁၃) နှစ်အရွယ် အိမ်အကူ မိန်းကလေးသည် လူမှုဝန်ထမ်း ဦးစီးဌာန၌ နေထိုင်နေပြီး ယခု နှစ်တွင် ပဉ္စမတန်းစတင်တက် ရောက်နေသည်။

More in News Section

Top News