‘ည’ ရုပ်ရှင်က ပရိသတ်စိတ်မပျက်စေရဘူးလို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးဆို

 ‘ည’ ရုပ်ရှင်ကိုအသစ်များ နှင့် ဖန်တီးထားသော်လည်း လာ ရောက်ကြည့်ရှုသည့်ပရိသတ်များ စိတ်မပျက်စေရန် အာမခံကြောင်း ဒါရိုက်တာထူးပိုင်ဇော်ဦးက ပြော သည်။

‘‘သရုပ်ဆောင်အသစ်တွေ အပြင် ရုပ်ရှင်ပေါ်မှာ မမြင်ရတဲ့ နောက်ကွယ်က ပညာရှင်တွေ အားလုံး Cinematographer တွေ၊ မိတ်ကပ်တွေ၊ Music တွေ ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ တည်းဖြတ်အသံပိုင်းဆိုင်ရာ အား လုံးက အသစ်တွေပဲဖြစ်တယ်။ ဒါ ပေမဲ့ ကျွန်တော်တို့အသစ်တွေက သေချာပြင်ဆင်မှုလုပ်ထားပြီးမှ ရုပ်ရှင်လောကကိုဝင်လာတဲ့ အ သစ်တွေဖြစ်တဲ့အတွက် အားပေး ပါ။ အသစ်တွေဖန်တီးထားတဲ့ ရုပ်ရှင်ကားကို ကြည့်ပြီးရင်လည်း လုံးဝစိတ်မပျက်စေရဘူးလို့ ကတိ ပေးပါတယ်။ အာမလည်းခံပါ တယ်’’ဟု ၎င်းကပြောသည်။

‘ည’ ရုပ်ရှင်ဇာတ်ကားကို မျက်နှာသစ်သရုပ်ဆောင်များရွေး ချယ်၍ ရိုက်ကူးခြင်းဖြစ်ပြီး ပြင် ဆင်ချိန်နှင့် ရိုက်ကူးချိန်  တစ်နှစ် ကျော်ကြာမြင့်ခဲ့ကြောင်း ဒါရိုက် တာထူးပိုင်ဇော်ဦးကဆိုသည်။

‘‘အဓိကကတော့ ကျွန်တော် က ဘယ်သူနဲ့မှမတူအောင် ဘယ် လိုမျိုးအသစ်အဆန်းထွင်လိုက် မယ်ဆိုပြီးတော့ လုပ်တာတော့မ ဟုတ်ဘူး။ ကျွန်တော်ယုံကြည် ထားတဲ့ အနုပညာခံယူချက်နဲ့ပဲ ဇာတ်လမ်းဖန်တီးတာရော၊ ရိုက် ကူးတာတွေရော အဆင့်တိုင်းကို လုပ်သွားတယ်။ အဲဒီအတွက်တ ကယ်ထွက်လာတဲ့အချိန်မှာတော့ မြန်မာရုပ်ရှင်လာကမှာရှိနေတဲ့ ပုံ စံတွေနဲ့ နည်းနည်းတော့ ကွဲထွက် မယ်ထင်တယ်’’ ဟု ၎င်းကပြော သည်။

‘ည’ ရုပ်ရှင်ဇာတ်ကားတွင် အဓိကသရုပ်ဆောင်များအဖြစ် ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်းသော်၊ နက်ရှိုင်း ကို၊ နန်းထရေစီ၊ မိုးယသော်၊ မေ ဆူးသော်၊ နန်းခေးမိုနှင့်မြတ်နိုး အေးတို့က ပါဝင်သရုပ်ဆောင် ထားပြီး ဇူလိုင်လကုန်တွင် ရန်ကုန် မန္တလေးအပါအဝင် တစ်နိုင်ငံလုံး ရှိ ရုပ်ရှင်ရုံများ၌ရုံတင်ပြသမည် ဖြစ်သည်။

‘‘ရိုက်ကူးတဲ့အချိန်တုန်းက ဈေးကွက်ဝင်ခြင်း၊ မဝင်ခြင်းကို စဉ်းစားပြီး  ရိုက်ကူးထားခြင်းမ ဟုတ်ပေမယ့် ပရိသတ်အားပေးမှု ကိုအများကြီး မျှော်လင့်ပါတယ်’’ ဟု ထူးပိုင်ဇော်ဦးကပြောသည်။

‘ည’ ရုပ်ရှင်သည် မြန်မာနိုင် ငံတွင် ရိုက်ကူးမှုနည်းသည့် Psychological Thriller Drama ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဇာတ် လမ်းသည်လည်း ၎င်း၏ကိုယ်ပိုင် ဇာတ်လမ်းစစ်စစ်ဖြစ်ကြောင်း ဆို သည်။

ထို့အပြင် ယင်းရုပ်ရှင်၌ သ ရုပ်ဆောင်များ၏ နာမည်အရင်း အတိုင်း အသုံးပြုသည့် အကြောင်း နှင့်ပတ်သက်၍ ဒါရိုက်တာထူးပိုင် ဇော်ဦးက ‘‘ဇာတ်လမ်းလမ်းအရ နာမည်တွေက အရေးကြီးတဲ့ အ ခန်းကဏ္ဍကလည်း မပါဘူး။ သ ရုပ်ဆောင်အသစ်တွေဖြစ်တဲ့အ ခါမှာ ပရိသတ်တွဲပြီးမှတ်မိသွား အောင် ဇာတ်လမ်းထဲမှာ နာမည် တစ်မျိုး၊ အပြင်မှာနာမည်တစ်မျိုး ဆိုလည်း အဆင်မပြေဘူး။ သရုပ် ဆောင်အသစ်တွေတင်တဲ့အချိန် မှာ နေရာတစ်နေရာ ရပါစေဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်’’ ဟု ၎င်းကပြောသည်။

ထူးပိုင်ဇော်ဦးသည် Music Video ဒါရိုက်တာအနေဖြင့် ပရိ သတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ‘ည’ ရုပ်ရှင်သည် ဒါရိုက်တာအ နေဖြင့် ပထမဆုံးရိုက်ကူးထား ခြင်းဖြစ်သည်။