ပျော်ရွှင်စရာ အချစ်ရေး ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ဝါဆိုမိုးဦး

ဓာတ်ပုံ−စိုင်းဇော်

 လက်ရှိအချစ်ရေးသည် စိတ်ဆိုးလိုက်၊ ပြန်တည့်လိုက်နှင့် ပျော်ရွှင်စရာကောင်းပြီး ချစ်သူ သက်တမ်းတစ်နှစ်နှင့် ခုနစ်လရှိ ပြီဖြစ်ကြောင်း သရုပ်ဆောင်ဝါ ဆိုမိုးဦးကပြောသည်။

‘‘အချစ်ရေးကတစ်ချိန်လုံး ရန်ဖြစ်နေတာ တခြားတော့မ ဟုတ်ဘူး။ တစ်ယောက်နဲ့တစ် ယောက် အနိုင်ယူနေကြတာပေါ့။ အရင်က တည်းက ဝါဆိုအကျင့်ကို က အနိုင်ယူချင်တဲ့ အကျင့်ရှိ တယ်။ ကိုယ့်ကိုပဲတစ်ချိန်လုံး ဦး စားပေး၊ ကိုယ်မှားမှားမှန်မှန် ပြန်ချော့ရမယ်။ အဲဒီလိုစိတ်က လေးတော့ရှိတယ်။ ကျန်တာက တော့ အဆင်ပြေပါတယ်’’ဟု ၎င်း ကပြောသည်။

Public တွဲသည့်အပြင်က ချစ်သူစုံတွဲများကို အားကျသ ဖြင့် အချစ်ရေးကို ပွင့်ပွင့်လင်း လင်းပြောပြခြင်းဖြစ်ပြီး ထိုကဲ့သို့ ပြုလုပ်ခြင်းက ကောင်းခြင်းရှိသ လို၊    မကောင်းခြင်းလည်းရှိ ကြောင်းဝါဆိုမိုးဦးကဆိုသည်။

ပရိတ်သတ်အများ ကြိုက် နှစ်သက်သည့် ခန္ဓာကိုယ်အ ချိုးအစားပိုင်းနှင့် ပတ်သက်ပြီး Gym ဆော့သဖြင့် လှခြင်းမဟုတ် သလို နဂိုကတည်းက ဘုရားပေး သည့်အတိုင်းပဲဟု ၎င်းကပြော သည်။

‘‘ထိန်းသိမ်းလို့မဟုတ်ဘူး။ ဝါဆိုခန္ဓာကိုယ်က သူ့နေရာနဲ့သူ အချိုးအဆစ်လေးတွေတော့ ကျ နေတာပဲ။ ပရိသတ်သဘောကျ ကြတယ်။ ကြိုက်ကြတယ်။ ကိုယ့် ထက်လှတဲ့သူလည်း အများကြီးရှိ တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီး အခွေမလုပ်ခင်က ခြောက်လလောက်က အရမ်း Gym ကစားဖြစ်တယ်။ အခွေ လုပ်နေတဲ့ ၂ နှစ်နီးပါးမှာမဆော့ ဖြစ်ဘူး။ အခုတော့ပြန်ကစားဖို့ လုပ်နေတယ်။ ဝါဆို့ကို လူတွေက Gym အရမ်းကစားလို့ ဒီခန္ဓာကိုယ်ရထားတာလား မေးကြတယ်။ မ ဟုတ်ပါဘူး။ နဂိုကတည်းက ဝါဆိုခန္ဓာကိုယ်က ဒီအတိုင်းပါပဲ’’ ဟု ၎င်းကပြောသည်။

ခွဲစိတ်ပြုပြင်မှုခေတ်စားလာ သော်လည်း လွန်ခဲ့သည့် သုံးနှစ်ခန့်က နှာခေါင်းထဲသို့ စီလီကွန်ထည့် ခြင်းကလွဲ၍ အခြားသောခွဲစိတ်မှု များ မပြုလုပ်ထားသည့်အပြင် ရင်သားခွဲစိတ်ခြင်းနှင့် တင်သားစီ လီကွန်ထည့်ခြင်းများကို ကြောက် ရွံ့သည်ဟုဆိုသည်။

ကလေးဘဝကတည်းက အ နုပညာလောကထဲ၌ သရုပ်ဆောင်အဖြစ်ရပ်တည်ခဲ့သဖြင့် အနုပညာ သက်တမ်း ၁၅ နှစ်ခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင် နယ်ရှိုးများနှင့်ကြော် ငြာများစွာ လက်ခံထားကြောင်း ဝါဆိုမိုးဦးကပြောသည်။

More in Regional Section

Top News