ကြံ့ခိုင်ရေးပါတီက တရားစွဲဆိုထားသော တောင်သူလေးဦး အမှု ဇူလိုင် ၂၆ ရက် အမိန့်ချမည်

သိမ်းဆည်းခံလယ်ယာ မြေများပေါ်၌ ထွန်ယက်စိုက် ပျိုးမှုကြောင့် ကြံ့ခိုင်ရေးပါတီက  တရားစွဲဆိုထားသော ကျောက် ဆည်မြို့နယ် သမန်းသာကျေးရွာ မှ  တောင်သူလေးဦးကို  ဇူလိုင် ၂၆ ရက်တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်ဆည်မြို့နယ် ကြံ့ ခိုင်ရေးပါတီအတွင်းရေးမှူးက တရားလိုပြုလုပ်ကာ    ၂၀၁၆ မေလက     သမန်းသာတောင်သူ ဦးလှသိန်း၊ ဦးဝေသူ၊ ဦးခင်မောင် တင့်၊ ဦးကျော်စိန်တို့ကို ၎င်းတို့ ပိုင်မြေပေါ်တွင် ထွန်ယက်စိုက် ပျိုးမှုကြောင့် ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း တရားစွဲဆိုခံတောင်သူများထံက သိရသည်။

သရက်စိုက်ပျိုးမှုစီမံကိန်းအ ဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနက ၂၀၁၄ တွင် သမန်းသာ ကျေးရွာရှိ မြေ ၄၁၉ ဧကကို သိမ်းယူခဲ့ပြီး ၁၆၉ ဧကကို သီးနှံ နစ်နာကြေးဟူ၍ တစ်ဧကကျပ် သုံးသောင်းနှုန်းပေးချေခဲ့ကြောင်း တရားစွဲဆိုခံထားရသည့် တောင် သူဦးလှသိန်းက ပြောသည်။

‘‘စပြီး သိမ်းတုန်းက သီးနှံ နစ်နာကြေးဆိုပြီး ယူချင်ယူ၊ မယူ ချင်နေပေးတယ်။ သိမ်းတာက နည်းပညာဝန်ကြီးဌာန။ မြေကို ကြံ့ခိုင်ရေးက ပိုင်မှန်း တရားစွဲ ခံရမှသိတယ်။ စိုက်ပျိုးတုန်းက တောင်သူ ၂၉ ဦးစလုံးပါပဲ။ ဒါပေ မဲ့ ကျွန်တော်တို့လေးဦးကိုပဲ တရားစွဲခဲ့တာပါ။ ဒီမြေတွေက ကျွန် တော်တို့အရင်တုန်းကတည်းက ၀ါ စိုက်ပျိုးလာတဲ့မြေတွေ’’  ဟု ၎င်းကဆိုသည်။

အစိုးရ၏ စီမံကိန်းအောင် မြင်မှုမရှိခြင်းကြောင်း ဒေသခံ တောင်သူ ၂၉ ဦးတို့က ၀င်ရောက် ထွန်ယက်စိုက်ပျိုးရာမှ တောင်သူ လေးဦးကို ကြံ့ခိုင်ရေးပါတီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

‘‘မြေသိမ်းခံရတဲ့ တောင်သူ တွေအကုန်လုံး ၂၀၁၃ က ဒီမြေ ပေါ်မှ ဘယ်သူကိုမှ ပိုင်ဆိုင်ခွင့် တွေမပေးဖို့ မြို့နယ်မြေစာရင်း ရော၊ ခရိုင်ရော ကန့်ကွက်စာတွေ ပေးခဲ့တယ်။ ကြံ့ခိုင်ရေးပါတီဒီ မြေကို ဘယ်သူယူသွားလဲတော့ မသိဘူး’’ဟု လယ်သိမ်းခံတောင် သူဦးမြဇော်က ပြောသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနက သိမ်းယူခဲ့သော မြေဧက၄၁၉ ဧကအနက် ကြံ့ခိုင်ရေးပါ တီအနေဖြင့် ၁၆၉ ဧကကို ၂၀၁၆ဇန်န၀ါရီတွင် လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း လယ်သိမ်းခံတောင်သူများထံက သိရသည်။

More in Regional Section

Top News