ဗီဒီယို အကြိုခံစားခြင်း

ဝရှိလို့ ဝိလုပ်တယ်

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အိမ်ထောင်ရေး ဟာသ ကားလေးတစ်ကားအကြောင်းကို ညွှန်းလိုက်ပါတယ်။


လင်းဇော်နဲ့ယုယတို့ အိမ်ထောင်ရေးက အားလုံး အဆင်ပြေပေမယ့် ယောက္ခမနဲ့တော့ လုံးဝအဆင်မပြေ ပါဘူး။ လင်းဇော်ရဲ့ယောက္ခမ ကိုလတ်က နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ပါ။ ဒီဇိုင်နာဆိုတဲ့အတိုင်း သူက မိန်းမ လျာပုံစံနေလေ့ရှိပါတယ်။ ဒါပေမဲ့ သူ့အိမ်မှာတော့ ကျား ကျားလျားလျားပဲနေပါတယ်။ လင်းဇော်ရဲ့ သူငယ်ချင်းတွေ က လင်းဇော်ရဲ့ယောက္ခမကို ယောက္ခခြောက်လို့ စလေ့ရှိ ပါတယ်။

လင်းဇော်ကတော့ ယောက္ခမကို အရမ်းကြောက်ရပါ တယ်။ ကြောက်ရတာကလည်း လင်းဇော်နဲ့ ယုယကို သူ့ ယောက္ခမကြီးက လုံးဝသဘောမတူပါဘူး။ သူ့သမီး စိတ်ချမ်း သာအောင်သာ လင်းဇော်နဲ့ ပေးစားခဲ့တာပါ။ လင်းဇော်က ကားပွဲစားလုပ်တာပါ။ နောက်ပြီး လင်းဇော်ရဲ့ ယောက္ခမကြီး ဆီကနေ လင်းဇော်က ပိုက်ဆံ ချေးပြီး ကားတစ်စီး ဝယ်ထားပါ တယ်။ သူ့ကိုပြောချင်တိုင်း သူ့ ယောက္ခမကြီးက အဲဒီအကြောင်း နဲ့ အနိုင်ယူပြီး ပြောလေ့ရှိပါတယ်။ ဖြစ်ချင်တော့ အဲဒီကားကလည်း ရောင်းမထွက်တာကြောင့် လင်း ဇော် သူ့ယောက္ခမ ပြောတိုင်း ငြိမ်ခံနေရပါတယ်။ 

လင်းဇော်နဲ့ ယုယ အိမ်မှာ ချစ်ချစ်ခင်ခင်နေနေရင်လည်း သူ့ ယောက္ခမကအလုပ်တစ်ခုမဟုတ်တစ်ခုကိုအကြောင်းပြပြီး ရစ်လေ့ ရှိပါတယ်။ အဲဒါကလည်း တစ် ကြိမ် မဟုတ်ပါဘူး။ အကြိမ်ကြိမ် ပါ။ လင်းဇော်ရော ယုယပါအဲဒီ အကြောင်းကို သိပေမယ့် ယောက္ခမကို မလွန်ဆန်နိုင်တာ ကြောင့် ငြိမ်ခံနေရပါတယ်။ နောက်ပြီး လင်းဇော်က အဲဒီအ ကြောင်းတွေကို သူ့သူငယ်ချင်း တွေကို အမြဲရင်ဖွင့်လေ့ ရှိပါ တယ်။

လင်းဇော်က ကလေးအရမ်း ချစ်တတ်ပါတယ်။ အဲဒါကြောင့် သူ့မိန်းမကို ကလေးယူဖို့အမြဲ ပြောပါတယ်။ သူ့မိန်းမကလည်း ကလေးယူချင်ပေမယ့် လင်းဇော် ကို ကလေးတစ်ယောက်တာဝန်ကိုယူနိုင်အောင်အရင်ကြိုးစားဖို့ ပြောပါတယ်။ သူ့အဖေကိုပဲ နေ ရာတိုင်း အားကိုးလို့မရဘူးလို့ လည်းပြောလေ့ရှိပါတယ်။ အဲဒီ အခါမှာတော့ လင်းဇော်က ပြန် ပြောဖို့စကားမရှိဘူး ဖြစ်နေပါ တယ်။ နောက်ပြီး ယုယကလည်း ကလေးမယူချင်သေးပါဘူး။

လင်းဇော် သူ့ယောက္ခကိုနိုင် တဲ့အချိန်တစ်ချိန်တော့ရှိပါတယ်။ အဲဒါကတော့ စိတ်ကူးထဲမှာပါ။ စိတ်ကူးထဲမှာဆိုရင်တော့ လင်း ဇော်က ယောက္ခမကိုအမြဲနိုင်လေ့ ရှိပါတယ်။

တစ်ရက်မှာတော့ လင်းဇော် ယောက္ခမ စိုက်ပေးထားတဲ့ကား ရောင်းထွက်သွားပါတယ်။ ဝယ် သွားတာက အမျိုးသမီးတစ် ယောက်ပါ။ အဲဒီအမျိုးသမီးက နောက်ပိုင်းမှာလည်း လင်းဇော် ကို လာပတ်သက်နေပါတယ်။အဲဒီကိစ္စကို ယုယအဖေက သိသွားတဲ့ အချိန်မှာတော့ သူ့သမီးကို ပြော ခဲ့ပါတယ်။ အဲဒါကြောင့် ယုယ က လင်းဇော်ကို မေးတဲ့အချိန် မှာတော့ လင်းဇော်က သူ့ဘက် ကမဟုတ်ကြောင်း ပြောခဲ့ပါ တယ်။

လင်းဇော်ကို ကပ်လာတဲ့ အမျိုးသမီးက ဘယ်သူလဲ။ အဲဒီ အမျိုးသမီးကကော သူတို့အိမ် ထောင်ရေးကို ထိခိုက်စေမယ့်သူ ဖြစ်လာမလားဆိုတာကိုတော့ အောင်သီရိထုတ်လုပ်ရေးက ဖြန့် ချိထားတဲ့ ဝရှိလို့ဝိလုပ်တယ်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှု စားပေးပါ။

ဒီဇာတ်ကားမှာ လင်းဇော်အ ဖြစ်ပြေတီဦး၊ ယုယအဖြစ် သွန်း ဆက်တို့က အဓိက ပါဝင်သရုပ် ဆောင်ထားပြီး ဟန်ယုသော်ရဲ့ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက် တာနေလင်းက ရိုက်ကူးပုံဖော် ထားပါတယ်။

Top News