ကွန်ကာကက်ဖ် Gold Cup ပြိုင်ပွဲ၌ အမေရိကန်အသင်း နောက်တစ်ဆင့်တက်

ကွန်ကာကက်ဖ် Gold Cup ပြိုင်ပွဲတွင် အိမ်ရှင် အမေရိကန်သည် မတ်မီယာဇဂါ ၏ နောက်ကျဂိုးဖြင့် နီကာရာဂွါအ သင်းကို သုံးဂိုးပြတ်အနိုင်ရပြီး နောက် ဂိုးကွာခြားချက်အသာဖြင့် အုပ်စု(B)ပထမနေရာရရှိရန် သေ ချာခဲ့သည်။


အစောပိုင်း ကစားခဲ့သည့် အုပ်စု(B) အခြားပွဲစဉ်တွင် ပနား မားက မာတီနီကေးကို သုံးဂိုးပြတ် အနိုင်ရခဲ့သဖြင့် ကွာတားဖိုင်နယ် အဆင့်၌ ရေပန်းစားအသင်းများ အနက် တစ်သင်းဖြစ်သော ကော် စတာရီကာနှင့် မတွေ့ဆုံအောင် ရှောင်ရှားရေး အမေရိကန်သည်သုံးဂိုးပြတ် အနိုင်ရရန်လိုသည်။

‘‘ကျွန်တော်တို့အတွက် ရ လဒ်ကောင်းဆိုတာ ရှင်းနေပါ တယ်။ အခွင့်အရေးတချို့ ဖြုန်း တီးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာ ခဲ့ပါတယ်’’ဟု အမေရိကန်နည်းပြ ဘရုစ်အရီနာက ပြောကြားပြီး အမေရိကန်သည် ယင်းပွဲတွင် ပင် နယ်တီနှစ်လုံး လွဲချော်ခဲ့သည်။

အိမ်ရှင် အမေရိကန်အ တွက် ၃၆ မိနစ်တွင် ဂျိုးကော်ရိုနာ က လေးနှစ်အတွင်း ၎င်း၏ ပထမ ဆုံးနိုင်ငံတကာ သွင်းဂိုးအဖြစ် အ ဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယဂိုးကို တောင်ပံကစားသမား ကီလန်ရိုဝီ က သွင်းယူပေးခဲ့သည်။

အမေရိကန်အတွက် လို အပ်သော ဂိုးတစ်ဂိုးကို ပွဲပြီးရန် နှစ်မိနစ်အလိုတွင် မီယာဇဂါက ခေါင်းတိုက်သွင်းယူ ခဲ့ပြီး ယင်းမှာ ၎င်း၏ ပထမဆုံး နိုင်ငံတကာ သွင်းဂိုးဖြစ်ခဲ့သည်။

Gold Cup ပြိုင်ပွဲတွင် သုံးစု ခွဲထားပြီး အုပ်စုတစ်စုချင်းစီ၏ ထိပ်ဆုံးနှစ်သင်းသည် အကောင်း ဆုံး ဒုတိယရ နှစ်သင်းနှင့်အတူ ကွာတားဖိုင်နယ်တက်ရောက်ခွင့် ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ် ပွဲစဉ်တွင် ပနားမားနှင့် ကော်စ တာရီကာတွေ့ဆုံရန် သေချာပြီး အမေရိကန်အနေဖြင့် မည်သည့် အသင်းနှင့် ကစားရမည်ကိုစောင့်ကြည့်ရဦးမည်ဖြစ်သည်။

ကနေဒါနှင့် ဟွန်ဒူးရပ်စ်တို့ သည် ကွာတားဖိုင်နယ်တက် ရောက်လာပြီး အုပ်စု (C) တွင် မက္ကဆီကို၊ ဂျမေကာနှင့် အယ်လ် ဆာဗေးဒိုးတို့ နောက်တစ်ဆင့် တက်နိုင်ရေး အကြိတ်အနယ်ယှဉ် ပြိုင်လျက်ရှိသည်။

-Ref:Reuters