ယူ-၁၉ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် အင်္ဂလန်ဗိုလ်စွဲ

 ဂျော်ဂျီယာနိုင်ငံတွင် ကျင်းပခဲ့သော (၁၉)နှစ်အောက် ဥရောပချန်ပီယံရှစ် ဘောလုံးပြိုင် ပွဲ၌ အင်္ဂလန်က ပေါ်တူဂီကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာဗိုလ်စွဲခဲ့သည်။


မိနစ် ၅၀ တွင် အက်စတွန် ဗီလာမှ ဆူလီမန်က အင်္ဂလန်အ တွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ သော်လည်း ခြောက်မိနစ်အကြာ ၌ ချယ်လ်ဆီးကစားသမား ဒူဂျွန် စတာလင်က မြေမကျဘောဖြင့် ကိုယ့်ဂိုးကိုယ် သွင်းယူမိရာတစ်ဂိုး စီ သရေကျခဲ့သည်။ သို့သော်မိနစ်၆၀ တွင် မန်စီးတီးတိုက်စစ်မှူး အန်မီချာသွင်းယူခဲ့သော ဂိုးက အင်္ဂလန်အတွက် အနိုင်သေချာ စေခဲ့သည်။

ဖူလ်ဟမ်ကစားသမား တာ ယိုအီဒန်နှစ်ဝါတစ်နီဖြင့် ထုတ် ပယ်ခံရပြီးနောက် နည်းပြကိသ် ဒေါင်နင်း၏ အင်္ဂလန်သည် လက် ကျန် ကိုးမိနစ်ကို ၁၀ ဦးတည်းဖြင့် ကစားခဲ့ရပြီး ပေါ်တူဂီ၏ ဖိအား ပေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ဇွန်လက (၂၀) နှစ်အောက် ကမ္ဘာ့ဖလားနှင့် တူလွန် ဖိတ်ခေါ် ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး နောက် ယခုအောင်မြင်မှုသည် အင်္ဂလန် လူငယ်အသင်းများအ တွက် နှစ်လအတွင်း တတိယ မြောက် ဆုဖလားဖြစ်သည်။

ပိုလန်နိုင်ငံ၌ ကျင်းပခဲ့သည့် (၂၁)နှစ်အောက် ဥရောပချန်ပီယံ ရှစ်ပြိုင်ပွဲတွင်မူ အင်္ဂလန်သည် အကြိုဗိုလ်လုပွဲသို့ ရောက်ရှိခဲ့ သော်လည်း ဂျာမနီကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

အုပ်စု (B) ပထမနေရာဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ သော အင်္ဂလန်ယူ-၁၉ အသင်း သည် ချက်အသင်းကို ၁-၀ ဂိုး ဖြင့်အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။

ပေါ်တူဂီဘက်မှ ဖိအားအ မြောက်အမြားပေးခဲ့သော်လည်း ၎င်း၏ အသင်းကစားပုံကို အင်္ဂ လန်နည်းပြ ကိသ်ဒေါင်းနင်းက ချီးကျူးပြောကြားသည်။

‘‘ဒီကလေးတွေက အစွမ်းအစရှိတဲ့ ဆယ် ကျော်သက်ကစားသမားတွေပါ။ အသက် (၁၈) နှစ်အောက် ကစားသမားခြောက်ဦး ပါဝင်ပေ မယ့် သူတို့ဟာ ကြံ့ခိုင်မှုနဲ့ အရည်အချင်းကို ပြသနိုင်ခဲ့ပါတယ်’’ဟု ဒေါင်နင်းကပြောသည်။

အသင်းခေါင်းဆောင် ဂျေးဒါးဆေးလ်ဗားက လည်း ယခုအောင်ပွဲက အင်္ဂလန်လူငယ် အသင်း များအတွက် ကြီးကျယ်သည့် နွေရာသီကိုချိုမြိန်မှု ဖြင့်အဆုံးသတ်နိုင်ခဲ့ကြောင်းပြောကြားပြီး ဆက် လက်ကြိုးစားမည်ဟုဆိုသည်။     -Ref:bbc