သမဂ္ဂအဆောက်အအုံကို မူလနေရာ၌ ဆောက်လုပ်ခြင်း မပြုရန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတောင်းဆို

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းနေရာသို့ ပြည်ထောင်စုဝန်ကြီးအချို့နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ ဇူလိုင် ၉ ရက်က လာရောက်ကြည့်ရှုကြစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 ကျောင်းသားသမဂ္ဂအ ဆောက်အအုံကို ပြန်လည်တည် ဆောက်ရာတွင် ယခင်အဆောက် အအုံဟောင်းနေရာ၌ ဆောက် လုပ်ခြင်းမပြုဘဲ ယင်းနေရာကို နောင်လာမည့် ကျောင်းသားမျိုး ဆက်များအတွက် သမိုင်းနေရာ တစ်ခုအဖြစ်ထားရှိသင့်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက ဇူလိုင် ၁၅ ရက်စွဲဖြင့် သ ဘောထားထုတ်ပြန်သည်။


‘‘သမဂ္ဂရင်ပြင်မှာ နဂိုအ ဆောက်အအုံနေရာကို ဗုံးခွဲဖျက် ဆီးခဲ့တဲ့ အကြွင်းအကျန်တွေရှိ သေးတယ်လေ။ ဗိုလ်အောင် ကျော်အုတ်ဂူလည်းရှိသေးတယ်။ ဒီနေရာကို သမိုင်းအဖြစ်ချန်ရစ် ထားစေချင်တယ်။ နောက်မျိုး ဆက်အသီးသီးက စစ်အာဏာရှင် စနစ်ရဲ့ရက်စက်မှု၊ စစ်အာဏာ ရှင်စနစ်ရဲ့ ဆိုးမှုတွေကို လေ့လာ နိုင်ဖို့ တစ်ဖက်ကလည်း ကျောင်း သားတွေရဲ့ စွန့်လွှတ်မှုပေါ့။ ဒါ တွေကို လေ့လာလို့ရအောင် သ မိုင်းအနေနဲ့ရှိသင့်ပါတယ်’’ ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီဥက္ကဋ္ဌဦးအောင်မိုးဇော်ကပြော သည်။

သမဂ္ဂအဆောက်အအုံသစ် ကို မူလသမဂ္ဂအဆောက်အအုံ မြေနေရာမဟုတ်ဘဲ အခြားနေရာ များတွင် ဆောက်လုပ်၍ရကြောင်း၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ၌လည်း သမဂ္ဂအဆောက်အအုံ ဆောက်လုပ်ရန် မြေနေရာများစွာ ရှိကြောင်း ၎င်းက ပြောသည်။

သမဂ္ဂအဆောက်အအုံပြန် လည်တည်ဆောက်ရေးနှင့်ပတ် သက်၍ ဗကသများအဖွဲ့ချုပ်အပါ အ၀င် ကျောင်းသားသမဂ္ဂအသီး သီး၏အသံကို နားထောင်ခြင်းမရှိ ဘဲ မူလအဆောက်အအုံဟောင်း နေရာ၌ ပြန်တည်ဆောက်ရန် တစ်ဖက်သတ် ပြင်ဆင်နေခြင်း ကြောင့် မလိုလားအပ်သည့် ဆိုး ကျိုးများဖြစ်ပွားနိုင်ကြောင်း ယင်းပါတီက ထုတ်ပြန်ထားသည်။

ထို့ကြောင့် သမဂ္ဂအဆောက် အအုံကို အလျင်စလို တည် ဆောက်ရန် ပြင်ဆင်နေခြင်းကို ရပ်ဆိုင်းပြီး ကျောင်းသားမျိုးဆက် အသီးသီးနှင့် အကျေအလည်ညှိ နှိုင်းဆွေးနွေးရန် ယင်းထုတ်ပြန် ချက်တွင် တောင်းဆိုထားသည်။

ထို့အပြင် ယခုအခါ ကျောင်းသားသမဂ္ဂအဖွဲ့အစည်း များ လွတ်လပ်စွာဖွဲ့စည်းခွင့် မရှိ သေးသဖြင့် သမဂ္ဂ အဆောက် အအုံကို ဆောက်လုပ်ခြင်းထက် တက္ကသိုလ်များတွင် သမဂ္ဂအဖွဲ့ အစည်းများလွတ်လပ်စွာ ဖွဲ့စည်း ခွင့်ရရှိရေးကို ဦးစွာလုပ်ဆောင် သင့်ကြောင်း ဦးအောင်မိုးဇော်က ဆိုသည်။

‘‘အခုဟာက ပါမောက္ခနဲ့ ရင်းနှီးရင် ဖွဲ့လို့ရတယ်။ မဟုတ် ရင် မရဘူး။ အဲဒီလိုဖြစ်နေတယ်’’ ဟု ဦးအောင်မိုးဇော်ကပြောသည်။

နိုင်ငံတကာတွင် အ ဆောက်အအုံများကို သမိုင်းအ ဖြစ်ထားရှိသည့် ဥပမာများရှိသ လို ယင်းအဆောက်အအုံနေရာ၌ အသစ်ထပ်မံဆောက်လုပ်သည့် ဥပမာများလည်း ရှိကြောင်း၊ သမဂ္ဂအဆောက်အအုံ တည် ဆောက်ရေးနှင့်ပတ်သက်၍ မည် သည့်နေရာတွင်ဆောက်လုပ်မည် ကို ဆွေးနွေးညှိနှိုင်းရန် လိုအပ် ကြောင်း ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးတင့်လွင်က ပြော သည်။

‘‘သဘောထားမတိုက်ဆိုင် ဘူးဆိုရင် အပြန်အလှန်ညှိနှိုင်းပြီး လုပ်ဖို့လိုပါတယ်။ တစ်ဖက်နဲ့တစ် ဖက်တင်းလို့တော့ အဆင်မပြေ ပါဘူး’’ ဟု ၎င်းက ပြောသည်။

အဆိုပါကျောင်းသားသမဂ္ဂ အဆောက်အအုံတည်ဆောက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ကကျပ်ငါးဘီလီယံ ချပေးထားသည်။ ထို့ကြောင့် ယင်းငွေများကို ယခု ဘဏ္ဍာနှစ်အတွင်း အသုံးပြုရန် လိုအပ်ပြီး အသုံးမပြုဘဲဘဏ္ဍာနှစ် ကုန်ဆုံး၍ ပြန်အပ်ရလျှင် အလ ဟဿ ဖြစ်သွားမည်ဖြစ်ကြောင်း ဦးတင့်လွင်ကပြောသည်။

တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံကို အမြန် ဆုံးတည်ဆောက်မည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောထားသည်။