ရော်ဂျာဖက်ဒဲရား ဝင်ဘယ်ဒန် ချန်ပီယံဆုကို စံချိန်တင် ရှစ်ကြိမ်မြောက်ဆွတ်ခူး

Getty Images

လန်ဒန်- ရော်ဂျာဖက်ဒဲရားသည် နာမည်ကျော် ဝင်ဘယ်ဒန်ချန်ပီယံ ဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူး သော  ပထမဆုံးအမျိုးသားဖြစ် လာပြီး ၎င်း၏ ဂရင်းဆလမ် ဖလားရရှိမှု စံချိန်လည်း (၁၉) ကြိမ်အထိ တိုးမြှင့်နိုင်ခဲ့သည်။

ဆွစ်ဇာလန် ဂန္ထဝင်သည် ခရိုအေးရှားမှ မာရင်စီလစ်ကို ၆-၃၊ ၆-၁၊ ၆-၄ ဖြင့် ၁ နာရီ ၄၁မိနစ်ကြာသာ ကစားကာ ၂၀၁၂နောက်ပိုင်း ပထမဆုံးဝင်ဘယ်ဒန် ဆုကို ပြန်လည်ရယူခဲ့ပြီး အသက် (၃၅)နှစ်တွင် အသက်အကြီးဆုံး ဝင်ဘယ်ဒန်ချန်ပီယံလည်း ဖြစ်လာသည်။ နိုင်ခြေအဆင့် (၇) ရှိသူ စီလစ်သည် ဘယ်ခြေထောက် တွင် ရေကြည်ဖုများကြောင့် ရုန်း ကန်ခဲ့ရပြီး ဒုတိယပွဲ၌ မျက်ရည် ကျငိုကြွေးခဲ့သည်။

 ‘‘တစ်ခါတလေမှာတော့ ရက်စက်ရာကျပါတယ်။  ဒါပေမဲ့ လည်း မာရင်က ကောင်းကောင်း တိုက်ပွဲဝင်ခဲ့ပြီး သူရဲကောင်းတစ် ယောက်ပါ’’ဟု ဖက်ဒဲရားက စာ နာစွာ ပြောကြားပြီး ပြိုင်ဘက်ကို ချီးကျူးသည်။

ဖက်ဒဲရားသည် ၂၀၀၀ ပြည့် နှစ်နှင့် ၁၈၈၉ တို့တွင် ဝင်ဘယ်ဒန်ချန်ပီယံဆုကို ခုနစ်ကြိမ်စီရရှိခဲ့ သော ပိဆမ်းပရပ်စ်နှင့် ဝီလီယံ ဝင်းရှောတို့ကို ကျော်တက်ခဲ့ သည်။ ဝင်ဘယ်ဒန်တစ်ဦးချင်း ချန်ပီယံဆုကို အများဆုံးကိုးကြိမ် ရရှိထားသူသည် ချက်အမျိုးသမီး ဂန္ထဝင် နာဗရာတီလိုဗာဖြစ်သည်။

ကလေးလေးဦးအဖေ ဖက်ဒဲရားသည် ယခုနှစ်အတွင်း သြစ တြေးလျအိုးပင်းနှင့် ဝင်ဘယ်ဒန်ဂ ရင်းဆလမ်ဖလားနှစ်လုံး ရရှိခဲ့ပြီး လက်ရှိကစားသမားများတွင် ရာဖေးနာဒယ်ထက် ဂရင်းဆလမ်ဖလားလေးလုံး ပိုမိုရရှိထားကာသမိုင်းတစ်လျှောက် အမျိုးသား ရော၊ အမျိုးသမီးပါ ဖလားအများဆုံးရရှိသူစာရင်း၌ ဟယ်လင်းမီးလ်မူဒီနှင့် အတူ ပူးတွဲနံပါတ် (၄) နေရာရရှိထားသည်။

အမျိုးသားများအနက် ရော် ဂျာဖက်ဒဲရားက အများဆုံးဖြစ်ပြီး အမျိုးသမီးများထဲတွင် ဖလား (၂၄)ကြိမ် ရရှိထားခဲ့သူ မာဂရက် ကော့က အများဆုံးဖြစ်သည်။

ထို့အပြင် ၁၉၇၆ က ဆွီဒင် ဂန္ထဝင်ဘွန်ဘော့နောက်ပိုင်း ပြိုင် ပွဲတစ်လျှောက် ပွဲငယ်တစ်ပွဲမျှမရှုံးသည့် ဝင်ဘယ်ဒန်ချန်ပီယံဖြစ် လာသော ပုဂ္ဂိုလ်လည်းဖြစ်သည်။

‘‘ကျွန်တော်က ပွဲတစ်ပွဲမှာ ဘယ်တော့မှ အလျှော့မပေးပါ ဘူး။ ကျွန်တော်လုပ်နိုင်တာ ဒါပဲ ရှိတယ်’’ဟု ဝင်ဘယ်ဒန်ဗိုလ်လုပွဲ သို့(၁၁)ကြိမ်မြောက် တက်ရောက်ခဲ့ပြီး ရှစ်ကြိမ်မြောက် စံချိန်တင်ဖလားဆွတ်ခူးခဲ့သူ ဖက်ဒဲရားက ပြောသည်။           —Ref:BBC

Top News