ရောဂါသည်တစ်ဦး၏ ပရဟိတအိပ်မက်

အသက် (၁၇)နှစ်အရွယ်မနွေးနွေးက ကျန်ရှိသည့် သူ့ဘ၀ သက်တမ်းတစ်လျှောက်တွင် ၀ဋ် ကြွေးတစ်ခုကို ထမ်းပိုးသွားရ တော့မည်ဟု ခံယူထားသည်။

မိဘနှစ်ဦးကို လူ့ဘ၀မှ ထွက်ခွာစေခဲ့သည့် ရောဂါဆိုးကြီး သည် သူ့ကို ကူးစက်နေပြီဟု သိရှိ လိုက်ချိန်ကစ၍ အမြင်မကြည် လင်တော့သည့် ဆွေမျိုးများ၏ ဆဲဆိုကြိမ်းမောင်းခြင်းကို ခံရ သည့်အချိန်များတွင် သူ့ကိုယ်သူ ယင်းသို့ သတ်မှတ်လိုက်ခြင်းဖြစ် သည်ဟု မနွေးနွေးက ဆိုသည်။

ကူးစက်တတ်သော ရောဂါ ပိုးရှိသည်ဆိုကာ နှစ်လကြာခန့် ရွာပြင်ထုတ်ခံရသည့် မနွေးနွေး သည် ကျောက်ပန်းတောင်းမြို့ နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ဖြစ်သည်။

သူ့ အသက် (၁၀)နှစ်ခန့်တွင် မိဘများဆုံးပါးသွားခဲ့ပြီး ခုခံအား ကျဆင်းမှုရောဂါ   (HIV/AIDS)ဖြင့် သေဆုံးသည်ဟု ပတ်ဝန်းကျင်က ဆိုကြသည်။ ထိုအချိန်က စ၍ သူ့ကို မိခင်ဘက်မှ အဘွားက စောင့်ရှောက်ထားခဲ့သည်။

မိဘမဲ့မနွေးနွေးသည် လွန်ခဲ့ သည့် သုံးလခန့်ကစ၍ ကံကြမ္မာ ဆိုးများကို ကြုံတွေ့ခဲ့ရသည်။ မနွေးနွေးနေမကောင်းဖြစ်၍ အ ဘွားဖြစ်သူနှင့် ဆွေမျိုးများက မသင်္ကာဖြစ်ကာ သွေး၊ သလိပ်တို့ ကို စစ်ဆေးကြည့်သောအခါ သူ့ မှာ HIV ရောဂါ ကူးစက်ခံနေရမှန်း သိခဲ့ကြသည်။ မိဘနှစ်ဦးထံမှ ကူး စက်ခံရခြင်းဖြစ်သည်ဟု မနွေး နွေးနှင့် သူ့ကို စောင့်ရှောက်နေ သည့် ပရဟိတသမားများက ဆို သည်။

မနွေးနွေးရောဂါကူးစက်ခံ နေရသည်ဟု သိရှိချိန်ကစ၍ အ ဘွားဖြစ်သူက တစ်အိမ်လုံးရှိ ပစ္စည်းပစ္စယများကို သူ၏အသား နှင့် ထိခွင့်မပြုတော့။ ထမင်းကို ကိုယ်တိုင်ခူးစားခွင့်မပေးသည့်အ ပြင် သောက်ရေအိုးထဲမှ ရေကို လည်း ကိုယ်တိုင်ခပ်သောက်ခွင့် မရှိ။

‘‘သိပ်ဝမ်းနည်းလာရင် သောက်ရေအိုးထဲ လက်နှိုက်ထား မယ်၊  ထမင်းကိုယ့်ဘာသာကိုယ် ခူးစားမယ်လို့ အော်ပြောမိတယ်’’ ဟု မနွေးနွေးကပြောသည်။

ထိုသို့ပြောဆိုလျှင် အဘွား  က ညစ်တီးညစ်ပတ်ဆဲဆိုအော် ဟစ်ရိုက်နှက်ပြီး ဦးလေးဖြစ်သူက လည်း ဓားဖြင့်ခုတ်မည် တကဲကဲ လုပ်တတ်သည်ဟု မနွေးနွေးက ဆိုသည်။

ဆူပူဆဲဆိုအမြင်မကြည်မှု များကို နေ့စဉ်ကြုံတွေ့နေရသည့် မနွေးနွေးအတွက်  ပို၍၀မ်းနည်း စေသည်မှာ သူသိပ်ချစ်ရသည့် အသက်(၄)နှစ်အရွယ်ခန့် မောင် ၀မ်းကွဲကို  ထိခွင့်၊ ကိုင်ခွင့်၊ မုန့်ကျွေးခွင့် မပြုထားခြင်းပင်ဖြစ် သည်။

ထို့အပြင် ရောဂါရှိမှန်းသိ၍ တစ်လခန့်အကြာတွင်တော့ အ ဘွားဖြစ်သူ မိသားစုက မနွေးနွေး ကို ရွာပြင်ရှိ တဲအိမ်လေး၌ တစ် ယောက်တည်း ထားလိုက်ကြ သည်။ သူ့ထံမှ ရောဂါကူးစက်မည် စိုး၍ဖြစ်သည်။

‘‘သူတို့ (မိသားစု)က သေမှာ တအားကြောက်ကြတယ်လေ’’ ဟု သူက ပြောသည်။

ရွာပြင်က တဲတွင်တစ်ဦး တည်းနေရသည်မှာ နားငြီးစရာ များမရှိ၍ စိတ်ချမ်းသာသည်ဟု သူက ဆိုသည်။ နေ့ခင်းဘက်ဆို လျှင် ရွာထဲရှိအိမ်များသို့ လျှောက် သွားသည်။ သူလာသည်ကို မ ကြိုက်ဟု သတင်း ပြန်ကြားရ သော အိမ်များသို့ မသွား၊ အခြား အိမ်များသို့ သွားသည်။

ရွာပြင်က တဲတွင် နေထိုင်ရ သည့်အချိန်၌ ကျောက်ပန်း တောင်းမြို့နယ်မှ ပရဟိတလုပ် ကိုင်သည့် အမျိုးသမီးများက သူ့ ကို ထမင်းဟင်းချက်ကျွေးရန် ရွာ သားများကို ဆန်၊ ဆီများပေး၍ အရုပ်များကိုလည်း သူ့ထံလာပေး တတ်သည်ဟု ဆိုသည်။ကျန်းမာသည့်အချိန်က ပဲ ဆွတ်၊ နှမ်းနုတ် စသည့် အဘွား ခိုင်းသမျှ အလုပ်လုပ်နိုင်လျှင် ထမင်းကောင်းကောင်း စားရ သည်။ သို့သော် သူ မကျန်းမာ သည့်အချိန်တွင် အလုပ်မလုပ်နိုင် တော့၍ သူ့အပေါ် မိသားစုက အမြင်မကြည်တာလား (သို့မ ဟုတ်) ရောဂါကူးစက်မည်ကို ကြောက်၍ အမြင်မကြည်ဆိုသည် ကို ဝေခွဲမရဟု မနွေးနွေးက ဆို သည်။ မနွေးနွေးက 7Day သတင်းထောက်နှင့် စကားပြောချိန်တစ် လျှောက်လုံးတွင် ‘‘လူတွေက လည်း စိတ်မမှန်ဘူး။ ခုတစ်မျိုး တော်ကြာတစ်မျိုး’’ဟု မကြာခဏ ပြောသည်။

မနွေးနွေးကို အကြီးအကျယ် ကြောက်ရွံ့သွားစေသည့်ဖြစ်ရပ် သည်ရွာပြင်က တဲတွင်နေပြီး နှစ် လအကြာ၌ အမျိုးသားတစ်ဦး တဲ ထဲသို့ ၀င်ရန် ကြိုးစားလာခြင်းဖြစ် သည်။

‘‘အိပ်နေရင်း လန့်နိုးလို့ ကြည့်လိုက်တော့ သူ့ကိုယ်လုံးကြီး နဲ့ အပေါက်နဲ့က တစ်နေတယ်။ သမီးကြောက်လို့ တစ်ရွာလုံးကြား အောင် အော်ပစ်လိုက်တယ်။ ရွာ သားတွေ ပြေးထွက်လာတော့ အဲဒီလူ ခုန်ပြေးသွားတယ်။ ဒါပေ မဲ့ အဘွားက ခုထိ အဲဒါကို မယုံ ဘူး’’ဟု ဆိုသည်။

သူ့ထံတွင် ခိုးစရာ မည်သည့် ပစ္စည်းမှမရှိကြောင်းနှင့် မည် သည့်ရည်ရွယ်ချက်ဖြင့် ခိုးဝင်ရန် ကြိုးပမ်းခြင်းကို မသိရှိကြောင်း ဆိုသည်။ ထိုလူ၏ မျက်နှာကို သူ မှတ်မိပြီး အခြားရွာကဟု ထင် ကြောင်းနှင့် ထိုလူ၏ ပုံပန်း သဏ္ဌာန်ကိုလည်း ရွာသားများသို့ ပြောပြထားသော်လည်း ဖမ်းမမိ သေးကြောင်း သူက ပြောသည်။

ယင်းဖြစ်ရပ်နောက်ပိုင်းတွင် ရွာပြင်ကတဲတွင် သူ မနေတော့။ ပရဟိတလုပ်ငန်းများ ဆောင်ရွက် နေသည့် ရွာထဲရှိ ရပ်မိရပ်ဖတစ် ဦးထံတွင် နေထိုင်သည်ဟု သူက ပြောသည်။

ထို့နောက်တွင်တော့ အခြား ရွာမှ ဘုန်းကြီးတစ်ပါး၏ အကူအ ညီဖြင့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသည့် ရန်ကုန်မြို့မှ ကိုစိုးထိုက် (ဖဒို)နှင့် အဖွဲ့က မနွေးနွေးကို ဒဂုံမြို့သစ်အရှေ့ ပိုင်းရှိ ခုခံအားကျဆင်းသည့် ရောဂါရှင်များအား ကုသပေး သည့် ဂေဟာသို့ ဇူလိုင်လဆန်းက ခေါ်ဆောင်လာခြင်းဖြစ်သည်။

ဂေဟာသို့ ရောက်ရှိလာ သည့်နေ့ကစ၍ မနက်ပိုင်း ဆေး တစ်ပုလင်းချိတ်ပေးနေရပြီး မနွေးနွေး၏ ခန္ဓာကိုယ်တွင်းရှိ ပိုး ကောင်အရေအတွက်နှင့် ကိုယ်ခံ အား အတိုင်းအတာကို စစ်ဆေး ထားကာ အဖြေကို စောင့်နေသည် ဟု ယင်းဂေဟာမှ ခုခံအားကျ ဆင်းသည့် ရောဂါရှင်များအား စောင့်ရှောက်ပေးနေသည့် ဦးမြင့် ဇော်က ပြောသည်။ လက်ရှိတွင် မနွေးနွေးသည် HIV ရောဂါနှင့်အ တူ တီဘီရောဂါပိုးကိုပါ ပူးတွဲခံ စားနေရကြောင်း ဦးမြင့်ဇော်က ဆိုသည်။

မနွေးနွေးကို 7Day က ဇူလိုင် ၆ ရက်၌ တွေ့ဆုံခဲ့ချိန်တွင် ခြေ၊ လက်၊ နှုတ်ခမ်းအရေပြားများ တွင် အရည်ကြည်ဖုကဲ့သို့ အဖု အပိမ့်များစွာ ထွက်နေသည်ကို တွေ့ရသည်။ ဆံပင်က ကုပ်ဝဲနှင့် အသားညို ခန္ဓာကိုယ်မှာ ပိန်လွန်း လှပြီး ခြေလှမ်းကို ခပ်ဖြည်းဖြည်း သာ လှမ်းနိုင်သည်။

ဂေဟာရှိ ရောဂါရှင်များ အား ထိန်းသိမ်းစောင့်ရှောက်သူ အမျိုးသမီးတစ်ဦးကမူ မနွေးနွေး ၏ အရေပြားမှ အပိမ့်များသည် စိတ်ဓာတ်ကျဆင်းခြင်းများ၊ အာ ဟာရမပြည့်ဝခြင်းများကြောင့် ဖြစ်နိုင်သည်ဟု မှတ်ချက်ပြု သည်။

ဦးမြင့်ဇော်က ရန်ကုန်မြို့ တွင် အဆိုပါ ရောဂါရှင်များကို ခွဲခြားနှိမ့်ချမှုများ မကြားရသ လောက် နည်းပါးသွားသော်လည်း ကျန်းမာရေး ဗဟုသုတ၊ အသိ ပညာနည်းပါးနေသေးသည့် အ ရပ်ဒေသများ၌ မနွေးနွေးကဲ့သို့ ဖြစ်ရပ်များရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

နယ်မှ အချို့သော ရောဂါ ရှင်များသည် သူတို့ကိုယ်တိုင် ခုခံ အားကျဆင်းမှုရောဂါခံစားနေရ ကြောင်း မသိဘဲ ထိုရောဂါနှင့်ပင် သေဆုံးသွားရသည်များရှိသည် ဟုလည်း ဦးမြင့်ဇော်က ဆိုသည်။

မနွေးနွေးကတော့ နေပြန် ကောင်းလာ၍ လူကောင်းအတိုင်း ပြန်ဖြစ်မည်ဆိုပါက ရရာအလုပ် လုပ်ပြီး သူ့မိဘများအတွက် အလှူအတန်းလုပ်ပေးချင်သည် ဟု ပြောသည်။

‘‘ဘယ်နှနှစ်ပြည့်ဆိုတာ လေ။ သမီး အဲဒါ သိပ်လုပ်ပေး ချင်တယ်။ အဘွားက တစ်ခါမှ မ လုပ်ပေးဘူး’’ဟု မနွေးနွေးက ဆို သည်။

ထို့အပြင် ရွာပြင်မှ သူ၏ တဲ ဆီသို့ ရောက်လာတတ်ကာ အ ရုပ်ကလေးများပေးတတ်ပြီး ရန်ကုန်သို့လည်း ကိုယ်တိုင် လာ ရောက်နှစ်သိမ့်ပေးတတ်သည့် ကျောက်ပန်းတောင်းမှ ပရဟိတ သမား အမျိုးသမီးတစ်ဦးကိုလည်း မနွေးနွေးက အားကျနေသည်။ မနွေးနွေးက သူကျန်းမာလာပါက အလုပ်လုပ်၍ ရသမျှပိုက်ဆံကို စားလောက်ဝတ်လောက်ရုံသာ ချန်ပြီး ပရဟိတလုပ်ငန်းများ လုပ် ဆောင်မည်ဟု ဆိုသည်။

ကိုစိုးထိုက်ကတော့ မနွေး နွေးကျန်းမာရေးကောင်းမွန်လာ ချိန်တွင်  အလုပ်အကိုင်များ ဖန်တီးပေးမည်ဟု သူ၏ ဖေ့စ်ဘွတ်ခ်အကောင့်၌ ရေးသား ထား သည်။

ဂေဟာတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို လူမှုရေး အသင်းအဖွဲ့များ၏ အကူအညီ ဖြင့် ခံယူနေသည့် မနွေးနွေးက တော့ သူလုပ်ကိုင်လိုသည့် ပရ ဟိတဟူသည့် စကားလုံးကိုသာ အပ်ကြောင်းထပ်အောင် ပြောနေ လေတော့သည်။

‘‘နေကောင်းလာရင် အလုပ် လုပ်ပြီး ရသမျှကို စားလောက် အောင်ပဲ ချန်မယ်။ အကုန်ပရဟိ တလုပ်ပစ်မယ်’’        ။