ပြည်ပခရီးသွား လာရောက်လည်ပတ်မှု အနည်းငယ်မြင့်တက်

ရန်ကုန်မြို့လယ်၌ လည်ပတ်နေသော နိုင်ငံခြားခရီးသွားဧည့်သည်များ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

၂၀၁၇ ဇန်နဝါရီမှ မေလအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီး သွားဧည့်သည် ၁ ဒသမ ၅ သန်း ကျော် ဝင်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၂၅ ရာခိုင် နှုန်း တိုးတက်လာကြောင်း ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

‘‘အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်တွေကနေတစ်ဆင့် ပြည်တွင်းကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းဟာ ယခင်နှစ်က ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါ တယ်။ ဘယ်ဒေသမှာ ဘယ် လောက်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အသေးစိတ်စာရင်းတွေကိုတော့ ကောက်ယူနေဆဲဖြစ်ပါတယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့် ထွေးက ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၂၀၁၆ ဇန်န ဝါရီမှ ဇွန်လအတွင်း ၁ ဒသမ ၂ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်း ၁ ဒသမ ၅ သန်း ဝင်ရောက်ခဲ့၍ ခရီးသွားဧည့်သည် ပြန်လည်မြင့်တက် လာခြင်းဖြစ်သည်။

အာဆီယံ ခရီးသွားဖိုရမ်၏ ထုတ်ပြန်ချက်စာရင်းများအရ ၂၀၁၅ တွင် မြန်မာနိုင်ငံသို့ နိုင်ငံ ခြားသားခရီးသွားဧည့်သည် လေးသန်းခြောက်သိန်းကျော် ဝင်ရောက်ခဲ့သော်လည်း ၂၀၁၆ တွင် နှစ်သန်းကိုးသိန်းကျော်သာ ဝင်ရောက်ခဲ့၍ ၃၈ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ယခုနှစ်တွင် အနည်းငယ် မြင့်တက်လာခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအနေ ဖြင့် ၂၀၁၆ အတွင်း အာဆီယံနိုင်ငံ များတွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်မှု အနည်းဆုံးဖြစ်ကြောင်း အာဆီယံဖိုရမ်၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။