ရွှေမြန်မာတို့ရဲ့ နွမ်းလျအိမ်အပြန်

မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများကို နေရပ်ပြန်နိုင်ရေးအတွက် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများက ကူညီစီမံပေးနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ကျား၊ မ အရွယ်အစားစုံ သည့် လူအုပ်စုတန်းကြီးက တရွေ့ရွေ့ဖြင့် မြန်မာ-ထိုင်းနယ် စပ်မြို့ဖြစ်သော မြဝတီမြို့ ကိုး သုံးလုံးဆိပ်ကမ်းပေါ် တက်လာ သည်။ ၎င်းတို့သည် အထုပ်အပိုး များ၊ သေတ္တာများကို ကိုယ်စီ သယ်ပိုးထားကြပြီး လေးကန် သောခြေလှမ်းများဖြင့် တစ်လှမ်း ချင်း ရွေ့လျားနေကြသည်။


လူအုပ်ထဲတွင် လူရွယ်လူ ငယ်များ၊ အမျိုးသမီးများ၊ ရင်ခွင် ပိုက်ကလေးကို ချီပိုးထားသည့် မိခင်များ၊ အိုမင်းနေသည့် သက် ကြီးရွယ်အိုများ စသည့် လူတန်း စားပေါင်းစုံပါဝင်ပြီး အားလုံးလို လိုသည် ချို့တဲ့၍ နွမ်းပါးသည့် အသွင်ဆောင်နေသည်။

အဆိုပါလူအုပ်သည် ထိုင်း အစိုးရ၏ အလုပ်သမားဥပဒေသစ် ကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ် ၍ ပြည်တော်ပြန်လာကြသော ထောင်နှင့်ချီသည့် မြန်မာတရား မဝင် လုပ်သားများဖြစ်ကြသည်။ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရမည့် အခြေအနေကြောင့် ထိုင်းနယ် စပ်ထဆစ် (အမှတ် ၁၀) ဆိပ် ကမ်းမှ မြန်မာပိုင်နက် မြဝတီမြို့ ကိုးသုံးလုံးဆိပ်ကမ်းသို့ စက် လှေဖြင့်ကူး၍ ပြန်လာနေကြခြင်း ဖြစ်သည်။

ကိုးသုံးလုံး ဆိပ်ကမ်းသည် တစ်ဖက်  ထိုင်းနိုင်ငံ၏ ထဆစ် (အမှတ် ၁၀) ဆိပ်ကမ်းနှင့် ပေ သုံးဆယ်ခန့်သာသာ ဝေးပြီး အလယ်တွင် သောင်ရင်းမြစ်ခြား ထားသည်။ သောင်ရင်းမြစ် ဟို ဘက်ကမ်း ထိုင်းနိုင်ငံ ပိုင်နက် တွင် လူပေါင်းများစွာက အထုပ် အပိုးများ၊ သံသေတ္တာများ ထမ်း ပိုး၍ ဆင်းလာသည်ကို ကိုးသုံးလုံး ဆိပ်ကမ်းဘက်က ထင်ထင်ရှား ရှားပင် လှမ်းမြင်နိုင်သည်။ ရာ ဂဏန်းခန့်ရှိမည့် လူပေါင်းများစွာ က တိုးရင်းဝှေ့ရင်းဖြင့် ဆိပ်ကမ်း သို့ ဆင်းလာနေကြသည်။ စက် လှေဖြင့်ကူး၍ ပြန်လာနေသော လူအုပ်များသည် မိနစ်အနည်းငယ် ခြားတစ်ခါ တစ်အုပ်ပြီးတစ်အုပ် ရောက်လာနေခြင်းဖြစ်သည်။

လူအုပ်ထဲတွင် တစာစာ အော်ငိုနေသော ကလေးငယ်များ လည်းပါဝင်ပြီး အင်အားချည့်နဲ့၍ ဖြူရော်နေသော အမျိုးသမီးများ ကိုလည်းတွေ့ရသည်။ ထို့အပြင် အသက်မပြည့်သေးသော ကလေး များ၊ တိုင်းရင်းသားများလည်း ပါ ဝင်ကြသည်။ အချို့ အလုပ်သမား များ၏ လက်ခုံပေါ်တွင် ထိုင်း ဘက်မှ မင်ဖြင့်ရေးပေးလိုက်သော လူအရေအတွက် နံပါတ်များကို လည်း တွေ့ရသည်။

၎င်းတို့ထဲမှ အချို့သည်ထိုင်း ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ကြုံခဲ့ရ ပြီး အချို့ကလည်း ထိုင်းရဲများ လက်ထဲမှ ရှောင်ပြေးကာပြန်လာ ခဲ့သူများဖြစ်သည်။ အချို့ကမူ ထိုင်းရဲက ဖမ်းဆီး၍ ပြန်ပို့လိုက် သူများလည်း ပါဝင်သည်။နောက်ဆုံးမှာတော့ သူတို့အားလုံးသောင်ရင်းမြစ်ကိုဖြတ်၍ ပြည်တော်ဝင် နိုင်ကြပြီဖြစ်သည်။

ယခုကဲ့သို့ ရာပေါင်းများစွာ သော မြန်မာနိုင်ငံသားများ ပြည် တော်ပြန်ရန် ဖြစ်လာသည်က ထိုင်းအစိုးရ၏ နိုင်ငံခြားသားများ နှင့် သက်ဆိုင်သော ဥပဒေသစ် ကြောင့်ပင်ဖြစ်သည်။ ထိုဥပဒေ သစ်က ၎င်းတို့နိုင်ငံအတွင်းရှိ တရားမဝင် လုပ်သားများကို အ မြန်ဆုံး အမြစ်ပြတ်ရှင်းပစ်ရန် ဦး တည်ခဲ့သည်။ ဥပဒေအရ သြဂုတ် လနောက်ဆုံးထား၍ ထိုင်းနိုင်ငံ အတွင်းမှ တရားမဝင်အလုပ် သမားများကို စစ်ဆေးကာ ရှာဖွေ ဖမ်းဆီး၍ ပြည်တော်ပြန်ပို့ကြမည် ဖြစ်သည်။

ထိုင်းနိုင်ငံရှိ မြန်မာအပါ အဝင် ကမ္ဘောဒီးယား၊လာအိုနိုင်ငံတို့မှ တရားမဝင်အလုပ်သမားများ အတွက်တော့ အဆိုပါဥပဒေ၏ နောက်ဆုံးစီရင်ချက်သည် အိမ် ပြန်လက်မှတ်ပင်ဖြစ်သည်။

ဥပဒေအရ ထိုင်းနိုင်ငံအ တွင်း ဇွန်လ ၂၂ ရက်တွင် တရား မဝင် အလုပ်သမားဖမ်းဆီးရေး စ တင်ခဲ့သည်။ ဖမ်းဆီးရေး စတင် သည့်နေ့မှာပင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမားများရှိသလို ထိုင်းရဲများလက်မှ လွတ်အောင် ထွက်ပြေးပုန်းရှောင်ရင်း ကိုယ့် နည်းကိုယ့်ဟန်ဖြင့် ပြန်လာသူ များလည်းရှိသည်။

ဇွန်လ ၁ ရက်ညနေတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခံ မြန်မာလုပ်သား ၄၀၀ ကျော်ကို မြဝတီတံတားမှတစ်ဆင့် တရား ဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ အပြင် ဇွန်လ ၂ ရက်ကလည်း ဖမ်းဆီးခံ မြန်မာလုပ်သား ၂,၄၃၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ကျောက် လုံးကြီးဂိတ်သို့ လာရောက်ပို့ ဆောင်ခဲ့သည်။

ထိုင်းနိုင်ငံ၏ ဥပဒေသစ် ကြောင့် နေရပ်ပြန်လာသည့် မြန် မာလုပ်သားများသည် ဇွန်လ ၂၉ ရက်ကစ၍ လေးရက်အတွင်း ၂၀,၀၀၀ ခန့်ရှိပြီး ဇူလိုင် ၂ ရက် တွင် ၄,၀၀၀ ခန့် နေရပ်ပြန်လာခဲ့ သည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ယခု ဆိပ်ကမ်းမှသာမက ပြည်တော် ဝင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ထွက်ပေါက်ပေါင်း ၃၂ ဂိတ်မှနေ ၍ အသီးသီးပြန်လာနေကြခြင်း ဖြစ်သည်။ ထိုအထဲတွင်မှ ကိုး သုံးလုံးဆိပ်ကမ်းသည် ကူပြောင်း အလုပ်သမားဦးရေ အများဆုံး ရောက်ရှိလာသည့် ဆိပ်ကမ်းဖြစ် သည်။ ထဆစ် ဆိပ်ကမ်းက ထိုင်း နိုင်ငံမဲဆောက်၊ မဲကျလောင်းမြို့ များနှင့်နီး၍ မြန်မာပိုင်ကိုးသုံးလုံး ဆိပ်ကမ်းက မြဝတီမြို့ ဝါးတော ကျေးရွာနှင့်နီးသည်။ ဂိတ်တွင် ‘မြဝတီမြို့ ပြန်လည်ကြိုဆိုရေး ကွပ်ကဲမှုစခန်း’ဖွင့်၍ တာဝန်ရှိသူ အချို့က ပြည်တော်ဝင် မြန်မာ များကို နေရပ်ပြန်နိုင်ရေး စီစဉ် ပေးနေသည်။

‘‘ဘာမှ မကြောက်ကြပါနဲ့။ ဒီိမှာ ဖမ်းတာဆီးတာ ဘာမှမလုပ် တော့ပါဘူး။ ဒါ ကိုယ့်နိုင်ငံကို ပြန် ရောက်နေတာ။ ကိုယ့်လူမျိုးအ ချင်းချင်းတွေပဲ။ နေရပ်ပြန်နိုင်ဖို့ စီစဉ်ပေးပါ့မယ်’’ဟု ကွပ်ကဲမှု စခန်းရှိ ဦးဆောင်သူတစ်ဦးက ဆိပ်ကမ်းမှ ကမ်းပေါ်အတက် တန်းစီနေသော ရာနှင့်ချီသည့် အလုပ်သမားများကို အော်ဟစ် အားပေးနေသည်။ ထို့နောက် ထမင်းထုပ်နှင့် အအေးအချို့အား အလုပ်သမားများထံ ဝေငှသည်။

နေရပ်ပြန် အလုပ်သမားများ ထဲတွင် ထိုင်းရဲများ ဖမ်းဆီးမည်ကို စိုးရိမ်၍ ထွက်ပြေးခဲ့သူများလည်း ရှိသည်။ ၎င်းတို့သည် ကွပ်ကဲရေး စခန်းမှ ဝေငှသော ထမင်းထုပ် များကို ဟန်မဆောင်နိုင်စတမ်း ချက်ချင်းပင်ဖြေ၍ စားကြသည်။

၎င်းတို့ထဲမှ အများစုက ထိုင်းနိုင်ငံတွင် တရားမ၀င်လုပ် သားအဖြစ် ဖမ်းဆီးခံရပြီးမှ ပြန် လာခွင့်ရသော အလုပ်သမားများ ဖြစ်ကြသည်။ အချို့ကလည်းဖမ်း ဆီးခံရသည့် အသံကြားသည်နှင့် ကိုယ့်အစီအစဉ်နှင့်ကိုယ် မြန်မာ ပြည်ဘက်ခြမ်းသို့ ပြန်လာကြ သည်။

အများစုသည် ချို့တဲ့သည့် အသွင်ဆောင်ပြီး လက်ရှိဖြစ်ပျက် နေသည့် နှစ်နိုင်ငံကြားအခြေအ နေကို နားလည်ကြသူများ နည်း ပါးသည်။ အဖမ်းခံရ၍ ပြည်တော် ပြန်ပို့ခံရသည့်သူနှင့် အဖမ်းအ ဆီးကြမ်းလာ၍ ကြောက်လန့်ကာ ပြန်ပြေးလာသူများသာဖြစ်သည်။

‘‘ဘာကြောင့်ဖမ်းနေသလဲ သိသလား’’ ဆိုသည့် မေးခွန်းကို တိတိပပဖြေဆိုနိုင်သူနည်းပါး သည်။

‘‘အလုပ်ရှင်တွေကလည်း သေသေချာချာမပြောဘူး။ တာ ၀န်မယူနိုင်တော့ဘူးပဲပြောတယ်။ အိမ်ထဲမှာ မနေနဲ့တော့ မောင်း ထုတ်တယ်။ ဖမ်းခံရရင် အချုပ်ထဲ မှာက ဖိသိပ်ပြီး အများကြီးထည့် ထားကြတာ’’ ဟု ပြည်တော်ပြန် အလုပ်သမားတစ်ဦးဖြစ်သူ ပဲခူး မြို့နယ် သပြေတန်းကျေးရွာဇာတိ ကိုမင်းသူက ပြောသည်။

ကိုမင်းသူတို့ အလုပ်ရုံကို ထိုင်းရဲများက ညဘက်တွင်စီးနင်း ကာ ကိုမင်းသူနှင့် ၎င်း၏ ညီအပါ အ၀င် တရားမ၀င်လုပ်သားအချို့ ကို ရဲစခန်းသို့ မပို့ဘဲ အချုပ်ကား ထဲတွင် လေးနာရီခန့်ထည့်ထား ခဲ့သည်။ ထို့နောက် အခြားအလုပ် သမားများကိုပါ ဖမ်းဆီးခဲ့ပြီး အား လုံးကို ထဆစ်ဆိပ်ကမ်းသို့ ခေါ် လာကာ မြန်မာဘက်ကို ပြန်ပို့ခဲ့ ခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသည့် အလုပ်သမားအများစုသည် စက်ရုံ များနှင့် လုပ်ငန်းခွင်များကို ၀င် ရောက်စီးနင်းပြီး ဖမ်းဆီးခံခဲ့ရ သည့်အလျောက် ကိုယ်ပိုင်ပစ္စည်း များယူဆောင်ရန်  ကျန်ရစ်ခဲ့သူ များလည်းရှိသည်။ ထို့အပြင် အ ဖမ်းခံရ၍ မိသားစုနှင့်ကွဲသူများ၊ မိသားစုဝင်က တစ်ဖက်နိုင်ငံတွင် ကျန်ရစ်ခဲ့သူများလည်း ရှိနေ သည်။

‘‘အကြီးတို့က ထိုင်းစကား လည်းနားမလည်ဘူး။ ပြေးပြေး ဆိုပြီး သူများတွေပြောရင် ပြေးရ တာပဲ။ ရောက်တာသိပ်မကြာ သေးဘူး။ နဂိုကလည်းတရားမ၀င် မဟုတ်ရင် ဖမ်းတာမျိုးကြားပေ မယ့် အခုဟာက လုံးဝအဆင်မ ပြေတော့လို့ပါ’’ ဟု မြန်မာဘက် သို့ ပြန်လာရသူ (၅၈)နှစ် အရွယ် ပဲခူးတိုင်း အုတ်ဖိုမြို့ဇာတိသူ ဒေါ် တင်ပပအေးက ပြောသည်။ ၎င်း သည် ထိုင်းနိုင်ငံတွင် ထမင်းချက် လုပ်ကိုင်ခဲ့သူဖြစ်သည်။

‘‘ဟိုမှာ မီးရထားတွဲပြင် လုပ် ရတာ။ ဘာအထောက်အထားမှ မရှိလို့ပြန်လာတာ။ မပြန်ရင် လည်း ဖမ်းခံထိမယ်။ ဆက်နေလို့ လည်း မရဘူးလေ’’ ဟု မော်လ မြိုင်မြို့မှ ထိုင်းနိုင်ငံဘန်ကောက် မြို့သို့ လေးနှစ်ကြာသွားရောက် လုပ်ကိုင်ပြီး ဇွန်လ ၁ ရက်တွင် နေရပ်ပြန်လာသူ (၅၈) နှစ်အရွယ် ကိုသိန်းဇော်က ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံဘက် တွင် နေရပ်မပြန်နိုင်သေးဘဲ အ ဖမ်းမခံနိုင်သောကြောင့် ရှောင် တိမ်းနေသူများလည်း ရှိနေသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် လူဝင်မှု ကြီးကြပ်ရေးက လိုက်လံဖမ်းဆီး နေပြီး အချုပ်ကျမည်စိုးရိမ်၍ ထွက်ပြေး ပုန်းခိုနေသူများရှိနေ ကြောင်း ထိုင်းရောက်မြန်မာအ လုပ်သမားများအား ကူညီပေးနေ သော AAC မဟာမိတ်အဖွဲ့ဝင် ကိုခိုင်ကြီးက ပြောသည်။

ပြန်ရောက်လာသည့် အ လုပ်သမားများကို မေးမြန်းချက် အရအချို့သည် ငွေကြေးစုဆောင်း မိသူ အနည်းငယ်ရှိသောကြောင့် နေရပ်သို့ အလွယ်တကူပြန်နိုင် သော်လည်း ရုတ်ခြည်းအဖမ်းခံ ရပြီး ပြန်ပို့ခံရ၍ အဆင်မပြေသူ များက အများအပြား ဖြစ်နေ သည်။ အချို့သည် အိမ်ပြန်ရန်ပင် စရိတ်လောက်လောက်ငငမရှိဘဲ အ၀တ်အိတ်တစ်အိတ်ဖြင့်သာ ပြန်လာနိုင်သူများလည်းရှိသည်။

အချို့ကလည်း နေရပ်ပြန် ချိန်တွင် ကျန်းမာရေးဆိုးဝါးနေပြီး မြန်မာဘက်ပြန်ရောက်စဉ် မူးမေ့ လဲသူများကို တွေ့ရသည်။

‘‘သူဌေးက အထောက်အ ထားတွေ ပြန်လုပ်ဆိုလို့ပြန်လာ တာ။ အတင်းပြန်ခိုင်းပြီး ပိုက်ဆံ လည်း မပေးလိုက်ဘူး။ မှတ်ပုံ တင်လည်း မေ့ကျန်လာတယ်။ ဒီမှာ အထောက်အထားတွေ လုပ် ပြီး MoU နဲ့ပြန်သွားလုပ်မယ်’’ ဟု ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မှ ထိုင်းနိုင်ငံမဟာချိုင်မြို့တွင် ပုစွန်အခွံခွာလုပ်ငန်းလုပ်ကိုင်ပြီး ဇူ လိုင် ၂ ရက်က ပြန်ရောက်လာသူ (၂၅)နှစ်အရွယ် ကိုမင်းဇော်ဦးက ပြောသည်။

လက်ရှိတွင် ကိုးသုံးလုံးဂိတ် ၌ ပြည်တော်ဝင်လာသူများအ တွက် ကွပ်ကဲရေးစခန်းက နေရပ် ပြန်နိုင်ရန် ကူညီပေးနေသည်။ အဆိုပါစခန်းတွင် အလုပ်သမား ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအပါအ၀င် အစိုးရဌာနအသီးသီးမှ တာဝန်ရှိ သူအချို့က ပြည်တော်ဝင်များကို ကြိုဆိုနေကြသည်။

ထို့အပြင် အရပ်ဘက်လူမှု အဖွဲ့အစည်းများလည်း ပါဝင် သည်။ သို့တိုင်နေ့စဉ် ထောင် ဂဏန်းဝင်ရောက်နေသော လူဦး ရေအတွက် လုံလောက်သည့် စီ စဉ်ဆောင်ရွက်မှုမျိုး လိုအပ်နေ သည်။

ပြည်တော်ဝင်အလုပ်သမား များကို မေးမြန်းချက်အရ အများ စုသည် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ခြင်းသည် ပြည်တွင်း ထက် ၀င်ငွေကောင်းသော ကြောင့် သွားရောက်လုပ်ကိုင်ခြင်း ဖြစ်ပြီး ယခုလိုအဖြစ်မျိုး မကြုံချင် ဟု ဖြေဆိုသည်။ ယခုကဲ့သို့ ပြည် တွင်းပြန်ဝင် လာချိန်တွင် အခြား အလုပ်လုပ် ကိုင်စရာမရှိဟု အ များစုကဆိုသည်။

အချို့ကလည်း နေရပ်ပြန်၍ လယ်အလုပ်နှင့် တောင်ယာ လုပ် ကိုင်မည်ဖြစ်ကြောင်း ဆိုကြ၏။

တရားမ၀င်လုပ်သားအဖြစ် ပြည်တော်ပြန် ၀င်လာခဲ့သူများ သည် ပြည်တွင်းတွင်ဝင်ငွေရသည့် လုပ်သားတစ်ဦးအဖြစ် ရပ်တည် နိုင်ရန် မျှော်လင့်နေကြသည်။

‘‘ကျွန်တော်တို့က ပညာ လည်း မတတ်ဘူး။ ကျွန်တော်တို့ မှာ ခွန်အားပဲရှိတာ။ ဒီမှာကကိုယ့်အလုပ်မရှိရင် ငုတ်တုတ်ထိုင်နေရတယ်။ အလုပ်ကလေး တစ်ခု လောက်ရှိမှလည်း ရပ်တည်နိုင်မှာ လေ’’ ဟု ကိုမင်းသူကပြောသည်။