Sports

  • Fri 03 Mar 2017 - 22:50
     ရတနာပုံတိုက်စစ်မှူး ဝင်းနိုင်စိုးသည် ခြေချင်းဝတ်ဒဏ် ရာကြောင့် ဗီယက်နမ်ကလပ် သန်ကွမ်နင်းနှင့် ယှဉ်ပြိုင်ရမည့် အေအက်ဖ်စီဖလား အုပ်စုပွဲ ဒုတိယပွဲစဉ်ကို လွဲချော်ဖွယ်ရှိ ကြောင်း သတင်းရရှိသည်။  ရတနာပုံအသင်းသည် ၂၀၁၇ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု(ဇ) ဒုတိယပွဲစဉ်အဖြစ် ဗီ ယက်နမ်ကလပ် သန်ကွမ်နင်းအ သင်းနှင့် မတ်လ ၈ ရက်တွင် အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်၌ တိုက်စစ်မှူးဝင်းနိုင်စိုး ပါဝင်ရန် မသေချာကြောင်း ရတနာပုံအသင်း မီဒီယာတာဝန်ခံ ကိုအတာဦးက ပြောသည်။
  • Fri 03 Mar 2017 - 22:50
     ၂၀၁၇ မြန်မာလိဂ်ပွဲစဉ် (၈)တွင် အမှတ်ပေးဇယားထိပ် ဆုံးမှ ရန်ကုန်ယူနိုက်တက်နှင့် ဒု တိယနေရာမှ ရှမ်းယူနိုက်တက် အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ သည်။  မြန်မာလိဂ် ပွဲစဉ်(၈)ကို မတ်လ ၄ ရက်နှင့် ၅ ရက်တွင် သက်ဆိုင်ရာဘောလုံးကွင်းများ၌ ကျင်းပမည်ဖြစ်သည်။ ယခုနှစ် မြန်မာလိဂ် ပွဲစဉ်(၇) ပြီးသည်အထိ ရှုံးပွဲမရှိသေးဘဲ အမှတ်ပေး ဇယားကို ဦးဆောင်ထားသည့်ရန်ကုန်ယူနိုက်တက်က ရှမ်းယူနိုက်တက်အသင်းကို အိမ်ကွင်း ၌ လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုတစ်ပတ် ပွဲစဉ်များအနက် အကြိတ်အနယ် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ်ရှိသည်။ အဆိုပါနှစ်သင်းသည် ၂၀၁၆ မြန်မာလိဂ် ပြိုင်ပွဲ၌ တွေ့ဆုံမှုတွင် တစ်ပွဲ သရေကျပြီး ရှမ်းယူနိုက်တက်က တစ်ပွဲအနိုင် ရရှိထားသည်။
  • Fri 03 Mar 2017 - 22:48
     (၂၉)ကြိမ်မြောက် အ ရှေ့တောင်အာရှ အားကစားပြိုင် ပွဲ (ဆီးဂိမ်း)နှင့် (၉)ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းသူ များ အားကစားပြိုင်ပွဲ အထိမ်းအ မှတ်အဖြစ် (Baton Run) လက် ဆင့်ကမ်းပြေးပွဲကို မြန်မာနိုင်ငံ၌ စတင်မည်ဖြစ်ပြီး အာဆီယံနိုင်ငံ များသို့ လှည့်လည်ကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲကို လာ မည့် သြဂုတ်အတွင်း မလေးရှား နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ပရိသတ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် အာဆီယံနိုင်ငံများ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိစေရန် ယင်းလက်ဆင့်ကမ်း ပြေးပွဲကို ရန်ကုန်မြို့၌ မတ်လ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အားကစားကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကပြောသည်။
  • Fri 03 Mar 2017 - 01:24
    ဘာစီလိုနာ- ဘာစီလိုနာအသင်း ကို တတိယမြောက်ရာသီကိုင် တွယ်ပြီးချိန် ယခုရာသီကုန်တွင် ထွက်ခွာတော့မည်ဟု နည်းပြ အင်းနရစ်က ကြေညာလိုက်ပြီး အနား ယူရန်လိုအပ်သောကြောင့် ယင်း သို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု  ပြောသည်။
  • Fri 03 Mar 2017 - 00:34
    ဗုဒ္ဓဟူးနေ့က ကစားခဲ့ သည့် စပို့တင်းဂီဂျွန်နှင့် ပွဲတွင် ဂိုး မိုးရွာပြီးနောက် ဘာစီလိုနာသည် ရီးရဲလ်ထက် တစ်မှတ် အသာရပြီး ဇယားထိပ်ရောက်ရှိလာသည်။ မက်ဆီက ယခုနှစ်ရာသီ ဘာကာအတွက် လာလီဂါဂိုး ၂၁ ဂိုးမြောက်ကို ပွဲချိန် ၉ မိနစ်တွင် သွင်းယူခဲ့ပြီး လက်ဆောင် တစ်ဂိုးအပါအ၀င် ဆွာရက်ဇ်၊ ပါကို၊ နေမာနှင့် ရာကီတစ်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြသည်။ ဘာကာသည်ယခုနိုင်ပွဲကြောင့် တစ်ပွဲကစားရန် ကျန်ရှိနေသေးသော ရီးရဲလ်ထက် တစ်မှတ်ပိုကာ ပထမဆုံးအကြိမ် အမှတ်ပေးဇယားကို ဦးဆောင် ခွင့်ရခဲ့သည်။
  • Fri 03 Mar 2017 - 00:32
     ပရိသတ်များ၏ ဆန္ဒပြ မှုနှင့် လူမျိုးရေးခွဲခြားမှုများရှိခဲ့ သော်လည်း အီတာလီယာဖလားပြိုင်ပွဲနောက်ဆုံးရှစ်ပွဲတွင် ပထမ ဆုံးအဖြစ် လာဇီယိုက ရိုးမားကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့သည်။ အီတလီဖလားဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ယှဉ်ပြိုင်ခဲ့ သည့် ယင်းပွဲစဉ်တွင် လာဇီယို အတွက် ဆာဗစ်နှင့် အင်မိုဘိုင်းလ် တို့က ပွဲချိန် ၂၉ မိနစ်နှင့် ၇၈ မိနစ်၌ သွင်းယူခဲ့ပြီး နောက်တစ်ကျော့ အတွက် အခြေအနေကောင်းခဲ့ သည်။ လာဇီယိုသည် ၂၀၁၃ ကအီတာလီယာ  ဖလားပြိုင်ပွဲတွင် ရိုးမားကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့ သည်မှာ နောက်ဆုံးနိုင်ပွဲဖြစ် သည်။
  • Fri 03 Mar 2017 - 00:31
    ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၇ တိုက်ကြီးများဖလားပြိုင်ပွဲ၌ သတ်မှတ်ထားသော ခန္ဓာကိုယ်အလေးချိန်ထက်ပိုများနေသူများအတွက်အထူးလက်မှတ်များကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကမိတ်ဆက်ခဲ့သည်။ .......................................................................................................
  • Fri 03 Mar 2017 - 00:30
     ပေါင်ဒဏ်ရာမှ ပြန် ကောင်းလာသော တောင်ပံ ကစားသမားခြေစွမ်းပြပြီး လီဝမ် ဒေါစကီးနှစ်ဂိုးသွင်းယူမှုနှင့်အတူဘိုင်ယန်က ရှော်လ်ကေးကို ၃-၀ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဂျာမန်ဖလားဖိုင်နယ်သို့ တက်ရောက် သွားသည်။ ဘိုင်ယန်သည် ဆီမီးဖိုင်နယ် တွင် ဒေါ့မွန် (သို့) တတိယတန်း မှ စပေါ့ဖရန်ဒီလော့တီအသင်း နှင့် ရင်ဆိုင်တွေ့မည်ဖြစ်သည်။ ဒေါ့မွန်နှင့် လော့တီတို့၏ ပွဲစဉ်မှာ နှင်းများထူထပ်မှုကြောင့် ပွဲပျက် သွားပြီး ပြန်လည်ကစားရမည်ဖြစ်သည်။
  • Thu 02 Mar 2017 - 21:00
    ထိုင်းအသင်းနှင့် ခြေ စမ်းပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ကစားနိုင်သော်လည်း အဆုံးသတ်အားနည်းမှုနှင့် အသင်းလိုက် ကစားပုံ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း မြန်မာအသင်း နည်းပြ ရော်ဂျာက ပြောသည်။
  • Thu 02 Mar 2017 - 20:59
     ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၇)ကြိမ်မြောက် အလွတ် တန်းစစ်တုရင်ပြိုင်ပွဲ (7th HD Bank Cup International Open Chess Tournament 2017) တွင် ပထမဆု ကန်ဒေါ်လာ ၁၃,၀၀၀ ချီးမြှင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကစားသမားနှစ်ဦး သွား ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Thu 02 Mar 2017 - 20:42
    ၂၀၁၈ အာရှဖလားခြေစစ်ပွဲအကြို မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် ထိုင်းအသင်းတို့ မတ်လ ၃ ရက်တွင် ကစားရန်စီစဉ်ထားသည့် ဒုတိယခြေစမ်းပွဲသည် ပျက်ပြယ်ခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 02 Mar 2017 - 01:24
    လန်ဒန် - နည်းပြအန်တိုနီယိုကွန် တီ၏ ချယ်လ်ဆီးအသင်းတွင် တစ်သားတည်းကျအောင် ကစား နိုင်ကြောင်း ပြသခဲ့ပြီးနောက် နိုင် ဂျီးရီးယားလက်ရွေးစင် ဗစ်တာမို ဆက်စ်သည် ချယ်လ်ဆီး၌ ၂၀၂၁ အထိ ဆက်ရှိနေမည့်  စာချုပ်သစ် တစ်ရပ်ချုပ်ဆိုခဲ့သည်။
  • Thu 02 Mar 2017 - 01:24
    ဘာလင် - ဂျာမနီအသင်းနှင့်အတူ ၂၀၁၄ ကမ္ဘာ့ဖလားရရှိခဲ့သော ဘိုင်ယန်ကြယ်ပွင့် မာရီယို ဂေါ့ဇီ သည် ဇီဝဖြစ်ပျက်မှု ကမောက် ကမဖြစ်ခြင်း အခြေအနေနှင့်ကြုံ တွေ့နေရပြီး လက်ရှိရင်ဆိုင်နေရ သော ပြဿနာများကို လမ်း ကြောင်းမှန်ပေါ် ပြန်ရောက် အောင်မလုပ်ဆောင်နိုင်ပါက ၎င်း ၏ ကစားသမားဘ၀ ပျက်စီးသွားနိုင်သည့် အန္တရာယ် ရှိနေသည်။
  • Wed 01 Mar 2017 - 23:24
     မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားသည့် ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့ရှိ ဘောလုံးအကယ်ဒမီများအတွက် ပဏာမကစားသမား ၂၀၀ ဦးကို မြို့နယ် ၅၂ ခု၌ ကွင်းဆင်းရွေးချယ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရွေးချယ်ရေးအဖွဲ့ လေးဖွဲ့ခွဲ ကာ ကွင်းဆင်းရွေးချယ်မှုများ ပြု လုပ်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံ လုံးရှိ မြို့နယ် ၅၂ မြို့နယ်မှ အ သက် (၁၁)နှစ်အောက်နှင့် အ သက်(၁၂)နှစ်အောက် ကလေး များအား ရွေးချယ်မည်ဖြစ် ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။
  • Wed 01 Mar 2017 - 23:23
     (၁၁)ကြိမ်မြောက်အာရှ အမျိုးသားယူ-၁၉ ချန်ပီယံရှစ် ဘော်လီဘောပြိုင်ပွဲ (11th Asian Boy’s U-19 Volleyball Cham- pionship)ကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန် မာ အပါအ၀င် ပြိုင်ပွဲဝင် ၁၄ သင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
  • Wed 01 Mar 2017 - 23:22
     ၂၀၁၈ အာရှဖလားခြေ စစ်ပွဲအကြို မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီး လက်ရွေးစင်အ သင်းတို့ ခြေစမ်းပွဲ၌ အနိုင်အရှုံး မပေါ်ဘဲ ဂိုးမရှိသရေရလဒ် ထွက် ပေါ်ခဲ့သည်။ မတ်လ ၁ ရက်က မန္တလေး မြို့ မန္တလာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်သည့် ယင်းပွဲတွင် မြန်မာ အမျိုးသမီးအသင်းက အဓိကက ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ထိုင်းအမျိုးသမီးအသင်းက လူ ငယ်ကစားသမားအများစုဖြင့် ပွဲ ထုတ်ခဲ့သည်။
  • Wed 01 Mar 2017 - 23:21
    ၂၀၁၇ ဖူဆယ်လိဂ်ပြိုင်ပွဲ ၀င် ကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်းများကို စနစ်တကျ လိုက်နာရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော် ဇော်ကပြောကြားသည်။  ‘‘ကစားသမားတွေအနေနဲ့ ပြိုင်ပွဲမှာ ပြိုင်ပွဲရဲ့ စည်းမျဉ်းအ တိုင်းပဲ ကစားစေချင်တယ်။ ဖူ ဆယ်လိဂ်အဆင့်မြင့်မှ လက်ရွေး စင်အသင်းကလည်း တိုးတက် လာမှာဖြစ်ပါတယ်။ ကစားသမား တွေအနေနဲ့ မလိုအပ်ဘဲ ဥပဒေပ ကစားခဲ့တဲ့ ဖြစ်ရပ်တွေရှိတာ ကြောင့် ပင်နယ်တီပေးခံရပြီး ရှုံး နိမ့်ခဲ့တဲ့ပွဲစဉ်တွေလည်း ရှိခဲ့ တယ်။ နောက်ဆုံး ကိုယ့်အသင်းပဲ နစ်နာခဲ့ရတာ။ ဒါကြောင့် ပြိုင်ပွဲ စည်းမျဉ်းအတိုင်းပဲ ယှဉ်ပြိုင်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်’’ဟု မတ်လ ၁ ရက်က အမျိုးသားအား ကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ပြု လုပ်သည့် ၂၀၁၇ ဖူဆယ်လိဂ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ဦး ဇော်ဇော်ကပြောသည်။
  • Wed 01 Mar 2017 - 22:44
     ရုန်းကန်နေရသော ချန်ပီယံ လက်စတာကွင်းတွင် ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူး မှ ကစားသမားများသည် အမှတ်ပေးဇယား၏ အနာဂတ်အတွက် ကစားနေခြင်းဖြစ်သည်ဟု မန်နေဂျာကလော့ပ်က ပြောကြားသည်။ ယင်းရှုံးပွဲကြောင့် ၂၀၁၇ အ တွင်း နိုင်ပွဲတစ်ပွဲသာ ရထားသော လီဗာပူး၏ ဖလားမျှော်လင့်ချက် များ လမ်းလွဲသွားကာ ၁၂ ပွဲသာ ကစားရန် ကျန်ရှိချိန်၌ ပဉ္စမနေရာ သို့ ရောက်ရှိသွားသည်။
  • Wed 01 Mar 2017 - 22:39
    အီတလီဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် ၃-၁ ဂိုးဖြင့် နိုင်ခဲ့ရာ၌ ဒုတိယပိုင်း စောစောတွင် ဂျူဗင်တပ်ကို ပင်နယ်တီနှစ်လုံးပေးခဲ့ရာ နာပိုလီအသင်း ဒေါသူပုန်ထနေသည်။ ပိုဆိုးသည်မှာ ဂျူဗီ၏ ဒုတိယပင်နယ်တီမတိုင်မီနာပိုလီ၏ ပင်နယ်တီတောင်းခံမှုသည် ပယ်ချခံခဲ့ရသည်။ ဂျူဗီ၏ ပင်နယ်တီနှစ်လုံး စလုံးကို ဒိုင်ဘာလာက သွင်းယူခဲ့ ပြီး နာပိုလီမှ ဂျူဗင်တပ်သို့ ပြောင်း လာသူ ဟီဂူအင်က တစ်ဂိုး သွင်းယူခဲ့သည်။
  • Wed 01 Mar 2017 - 22:38
    မန်စီးတီးအသင်း ပိုင်ရှင်များက မိမိကို ကလပ် တွင် အချိန်ကြာမြင့်စွာနေစေလို ကြောင်း ဂွါဒီယိုလာက ထုတ်ဖော်ပြောကြားသည်။ ဂွါဒီယိုလာသည် ပြီးခဲ့သည့် နွေရာသီက အသင်းနှင့် သုံးနှစ်စာ ချုပ်ချုပ်ဆိုခဲ့ပြီး ထိုထက်ပို၍ ကြာမြင့်နိုင်ကြောင်း အမြဲပြော ကြားခဲ့သည်။ ဂွါဒီယိုလာနှင့် မန်စီးတီးအ သင်းသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အဘူဒါဘီတွင် လေ့ကျင့်ခဲ့ပြီး အသင်းပိုင်ရှင် ရှိက်မန်ဆာနှင့် စကားပြောခဲ့သည်။

Pages

Subscribe to Sports