Sports

  • Sat 11 Mar 2017 - 22:51
    ဘာကာကို ၆-၁ ဂိုးဖြင့် မထင်မှတ်ဘဲ အရေးနိမ့်ကာ ချန်ပီယံလိဂ် မှ ထွက်ခဲ့ရသော်လည်း ပီအက်စ်ဂျီနည်းပြအမ်မရီကို အသင်းဥက္ကဋ္ဌ အယ်လ်စီလိုင်ဖီက ဆက်လက်ထောက်ခံနေဆဲဖြစ်သည်။ ၂၀၁၇ ပုံမှန်ဘောလုံးရာသီအတွင်း ပွဲစဉ် ၂၂ ပွဲကို ထုတ်လွှင့်ပြ သရေး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက အမေရိကန်မေဂျာလိဂ်နှင့် စပိန်စကား ပြောရုပ်သံလိုင်း Univision Communication ကုမ္ပဏီတို့နှင့် သဘော တူညီမှုတစ်ရပ် လက်မှတ်ရေးထိုးလိုက်သည်။
  • Sat 11 Mar 2017 - 22:51
    မန်စီးတီးအသင်းကို ကိုင်တွယ်သည့် ပထမဆုံးရာသီတွင် ဖလားတစ်လုံးမျှ မရယူနိုင်ပါက ကျရှုံးမှုတစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်ကာ ၎င်းအနေဖြင့် အသင်း တွင် အချိန်ကြာကြာဆက်ရှိမည်မဟုတ်ဟု မန်စီးတီးနည်းပြ ဂွါဒီ ယိုလာက ပြောကြားသည်။ ဂွါဒီယိုလာသည် ဘာစီလို နာနှင့် ဘိုင်ယန်အသင်းတို့နှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့ပြီး နောက် ပြီးခဲ့သည့်နွေရာသီက မန်စီးတီးသို့ ရောက်လာခဲ့ရာ ၎င်း တို့အသင်းသည် ပရီးမီးယားလိဂ် တွင် လက်ကျန် ၁၁ ပွဲကစားရန် ကျန်သော အခြေအနေ၌ ထိပ် ဆုံးရှိ ချယ်လ်ဆီးထက် ၁၀ မှတ် လျော့နည်းနေသည်။
  • Sat 11 Mar 2017 - 22:50
     တနင်္လာနေ့တွင် အိမ်ကွင်း၌ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် မန်ယူအသင်းကို လက်ခံမကစားမီ ချယ်လ်ဆီး နည်းပြကွန်တီက ပွဲကို ကိုင်တွယ်ရာ၌ ပြုမူလေ့ရှိသည့် ပုံစံများ ကို လျှော့ချလိုစိတ်မရှိဟု ပြော ကြားသည်။ ပြီးခဲ့သည့် အောက်တိုဘာ က မန်ယူအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ကွန်တီ ၏ အောင်ပွဲခံပုံနှင့် ပတ်သက် ပြီး ချယ်လ်ဆီးနည်းပြဟောင်းနှင့် လက်ရှိမန်ယူနည်းပြ မော်ရင်ဟို က မနှစ်မြို့ခဲ့ပေ။
  • Sat 11 Mar 2017 - 22:49
     သောကြာနေ့က ယှဉ်ပြိုင် ခဲ့သည့် စီးရီးအေပွဲစဉ်တွင် ဂျူ ဗင်တပ်က အေစီမီလန်အသင်းကို အငြင်းပွားဖွယ် နောက်ကျပင်နယ် တီဂိုးဖြင့် အနိုင်ယူပြီး အိမ်ကွင်း၌  ၃၁ ပွဲဆက်တိုက် အနိုင်ရသည့် စံချိန်ကို ဆက်ထိန်းနိုင်ခဲ့သည်။ ဘနာတီယာ၏ အဖွင့်ဂိုးကို ကားလို့စ်ဘက်ကာက ပြန်လည် ချေပခဲ့ပြီးနောက် အေစီမီလန် သည် ဂျူဗင်တပ်၏ ၁၇ လဆက် တိုက် အိမ်ကွင်းနိုင်ပွဲရရှိသော စံချိန်ကို သရေရလဒ်ဖြင့် ချိုးဖျက် ရန် နီးစပ်ခဲ့သော်လည်း နာကျင် အချိန်ပို ခုနစ်မိနစ်တွင် ခွင့်ပြုခဲ့ရ သည့် ပင်နယ်တီဂိုးကြောင့် ၂-၁ ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။
  • Sat 11 Mar 2017 - 22:47
     ဂျပန်နိုင်ငံတွင် တတိယ အကြိမ် ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာပြည် ချန်ပီယံဟောင်း စောငမန်းနှင့် ဂျပန်နိုင်ငံသား တာရိုဟီကိုခူဘို တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။ ဧပြီ ၁၈ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် လက်ဝှေ့ စိန်ခေါ်ပွဲတွင် ပွဲစဉ်(၇)ပွဲ ပါဝင် မည်ဖြစ်ပြီး ကမ္ဘာ့လက်ဝှေ့အ လွတ်တန်းချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နှင့် ဩစတြေး လျနိုင်ငံသား အက်ဒမ်တို့ ယှဉ်ပြိုင်မည့်ပွဲလည်း ပါဝင်မည်ဖြစ် သည်။ ဒေ့ဗ်လက်ဒပ်နှင့် အက်ဒမ် တို့သည် ၈၀ ကီလိုတန်းတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြည်ပလက် ဝှေ့သမားနှစ်ဦး ယှဉ်ပြိုင်မည့် ပွဲစဉ်တစ်ပွဲသာ ပါဝင်မည်ဖြစ်ပြီး အခြားပွဲစဉ်ခြောက်ပွဲတွင် မြန်မာလက်ဝှေ့သမားနှင့် ပြည်ပလက် ဝှေ့သမားတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။
  • Sat 11 Mar 2017 - 22:46
     အိန္ဒိယနိုင်ငံ၌ ကျင်းပ မည့် အာရှချန်ပီယံရှစ်ဘိလိယက် ပြိုင်ပွဲသို့ မြန်မာအဖွဲ့က ပြိုင်ပွဲအမျိုးအစားနှစ်မျိုး၌ ကစားသမား ငါးဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ မတ်လ ၁၃ ရက်မှ ဧပြီ ၇ ရက်အထိ ကျင်းပမည့် ယင်းပြိုင်ပွဲတွင် အာ ရှနိုင်ငံများအပြင် အာဆီယံနိုင်ငံ များ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ကစားသမားများ အတွေ့အ ကြုံကောင်း ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်ကပြောသည်။
  • Sat 11 Mar 2017 - 22:45
     မြန်မာလိဂ် ပွဲစဉ်(၉) ဒုတိယရက်ပွဲစဉ်တွင် GFA နှင့် ရခိုင်အသင်းတို့ပွဲ၌ အပြန်အလှန်သွင်းဂိုးများဖြင့် ရခိုင်ယူနိုက်တက်အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်။ မတ်လ ၁၁ ရက်က ရန်ကုန် မြို့ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ခဲ့သည့်ပွဲတွင် GFA အသင်းက ပွဲ အစ လေးမိနစ်တွင် ပင်နယ်တီ ပြစ်ဒဏ်ဘောရရှိခဲ့ပြီး ယင်းပင် နယ်တီကို အသင်းခေါင်းဆောင် မိုင်းအိုက်နိုင်က အမှားအယွင်းမရှိ ကန်သွင်းကာ ဦးဆောင်နိုင်ခဲ့ သည်။
  • Sat 11 Mar 2017 - 22:44
    အသစ်ဖွဲ့စည်းမည့် မြင်းစီးအားကစားအဖွဲ့ကော်မတီတွင် မြန်မာတစ်နိုင်ငံလုံးရှိ မြင်းစီးဝါ သနာရှင်များနှင့် ကလပ်အသင်း များမှ ကစားသမားများ၊ ဒိုင်များ ကို အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်စေလိုကြောင်း မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) ဦး သန်းဝင်းက ပြောသည်။
  • Fri 10 Mar 2017 - 23:55
     ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံး မန်နေဂျာဆုအား မန်စီးတီးမှ ဂွါဒီ ယိုလာက ရရှိသွားပြီး အကောင်း ဆုံးကစားသမားဆုကို စပါးမှ ခြေ စွမ်းပြနေသော တိုက်စစ်မှူး ဟယ်ရီကိန်းက ဆွတ်ခူးသွားသည်။
  • Fri 10 Mar 2017 - 23:26
     ၂၀၁၇ မြန်မာလိဂ် အ သက်(၁၈)နှစ်အောက် လူငယ် အမှတ်ပေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၀ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ပြီး မတ်လ ၁၀ ရက်၌ စတင် ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ မြန်မာလိဂ် လူငယ်ပြိုင်ပွဲ MNL YOUTH (U-18) ပြိုင်ပွဲ တွင် ဖုန်ဂန်၊ ဒဂုံ၊ စီးတီးရန်ကုန်၊ မဟာယူနိုက်တက်၊ မောရဝတီ၊ မြဝတီ၊ တက္ကသိုလ်၊ စီးတီးစတား၊ ငွေကြယ်ပွင့်လေးများနှင့် ယူနိုက် တက်သန်လျင်အသင်းတို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။
  • Fri 10 Mar 2017 - 23:25
     မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ နိုင်ငံတကာ ခြေစမ်းပွဲကြောင့် ၂၀၁၇ မြန်မာလိဂ်-၂ ပွဲစဉ်နှစ်ပွဲကို ရက်ပြောင်း လဲကျင်းပမည်ဖြစ်ကြောင်း မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရေးက ထုတ်ပြန်သည်။ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် ကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းထား သည့် ပဏာမမြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည်  မတ်လ၁၄ ရက်တွင် စတင်စခန်းသွင်းလေ့ကျင့်မည်ဖြစ်ပြီး မတ်လ ၂၂ ရက်တွင် ရန်ကုန်မြို့၌ အီကွေတိုရီရယ်ဂူနီယာ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစား ရန် စီစဉ်ထားသည်။
  • Fri 10 Mar 2017 - 23:24
    ၂၀၁၇ မြန်မာလိဂ်ပွဲစဉ်(၉) ပထမရက်ပွဲတွင် ရှမ်းယူနိုက်တက်က မကွေးအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မတ်လ ၁၀ ရက်က သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ယင်းပွဲ တွင် ရှမ်းယူနိုက်တက်အသင်းက မကွေးအသင်းကို ဖိအားပေးကစားကာ ပထမပိုင်းသွင်းဂိုးများ ဖြင့် အနိုင်ရရှိခဲ့သည်။ ရှမ်းယူနိုက် တက်အတွက် အနိုင်ဂိုးများကို ပွဲ ချိန် ၁၂ မိနစ်တွင် တိုက်စစ်မှူး ခရစ္စတိုဖာနှင့် ၄၅ မိနစ်၌ ကွင်းလယ်ကစားသမား ရန်နိုင်ဦးတို့က သွင်းယူခဲ့သည်။
  • Fri 10 Mar 2017 - 23:23
    ဖီဖာအသိအမှတ်ပြု အမျိုးသမီး ကွင်းလယ်ဒိုင် ဒေါ်သိန်းသိန်းအေး အပါအဝင် မြန်မာအမျိုးသမီး ဒိုင်သုံးဦးသည် မြောက်ကိုရီးယားနိုင်ငံ၌ ကျင်းပ မည့် ၂၀၁၈ အာရှဖလားအမျိုးသမီးခြေစစ်ပွဲ အုပ်စု(ခ)ပွဲစဉ်များတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Fri 10 Mar 2017 - 22:09
    ဘာစီလိုနာအသင်းအိမ်ကွင်းတွင် ၆-၁ ဂိုးဖြင့် ရှုံးကာ ချန်ပီယံလိဂ် မှ ထွက်ခဲ့ရပြီးနောက် လေဆိပ်၌ ပီအက်စ်ဂျီကစားသမားများကို လူတစ်စုက ထိပ်တိုက်တွေ့ခဲ့သည်ဆိုခြင်းကို ရဲတပ်ဖွဲ့က စတင်စုံစမ်းစစ်ဆေးနေသည်။
  • Fri 10 Mar 2017 - 22:01
    ယူရိုပါလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပထ မအကျော့တွင် ရော့စတော့ဗ်အ သင်းကွင်းသို့ သွားရောက်ယှဉ် ပြိုင်ရာ မစ်ခီတာယန်၏ အဖိုးတန် အဝေးဂိုးဖြင့် တစ်ဂိုးစီသရေကျခဲ့ ပြီးနောက် ဆိုးရွားသော ကွင်း အခြေအနေကြောင့် ယခုထက် ပိုကောင်းအောင် ကစား၍ မရဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြော ကြားသည်။ ယင်းပွဲမတိုင်မီကပင် ကွင်း အခြေအနေဆိုးရွားကြောင်း အ ပြစ်တင်ပြောကြားခဲ့သော မော် ရင်ဟို၏ မန်ယူသည် မစ်ခီတာယန်၏ အဖွင့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အလက်ဆန္ဒားဘူခါ ရော့ဗ်က ချေပဂိုးသွင်းခဲ့၍ ဒုတိ ယအကျော့တွင် ရော့စတော့ဗ်၌ မျှော်လင့်ချက်ရှင်သန်နိုင်ခဲ့သည်။
  • Fri 10 Mar 2017 - 21:59
    အသင်းကွင်းလယ် ကစားသမား ရာကီတစ်သည် လေးနှစ်သက်တမ်းရှိ စာချုပ်တွင် လက်မှတ်ရေးထိုးရန် သဘောတူ ခဲ့သည်ဟု ပီအက်စ်ဂျီကို ၆-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ်အနိုင်ယူ ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် သို့ တက်ရောက်ခဲ့ပြီးနောက် တစ်ရက်အကြာ၌ ဘာစီလိုနာ အသင်းက ပြောကြားသည်။  ဘာစီလိုနာသည် ပထမ အကျော့တွင် လေးဂိုးပြတ်ရှုံးနိမ့် ခဲ့သော်လည်း ဒုတိယအကျော့ တွင် ၆-၁ ဂိုးဖြင့် အနိုင်ရခဲ့သဖြင့် နှစ်ကျော့ပေါင်း ၆-၅ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သည်။
  • Fri 10 Mar 2017 - 21:58
    မန်စီးတီးအသင်းက ၎င်း ကို အလိုမရှိကြောင်း တိုရီနိုဂိုးသ မား ဂျိုးဟတ်က ပြောကြားလိုက် ပြီး အီတီဟတ်ကွင်းသို့ပြန်ရန် လမ်းမမြင်ဟု ဆိုသည်။ ၎င်း၏ဦးစားပေးပွဲထွက်စာ ရင်းတွင် ဂျိုးဟတ်မပါဝင်သဖြင့် လွတ်လွတ်လပ်လပ်ထွက်ခွာနိုင် ကြောင်း နည်းပြဂွါဒီယိုလာက ပြောကြားခဲ့ပြီးနောက် အဆိုပါ အသက် (၂၉)နှစ်အရွယ် ဂိုးသမားသည် ပြီးခဲ့သည့် သြဂုတ်က စီးရီး အေကလပ် တိုရီနိုသို့ တစ်နှစ် အငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့သည်။
  • Thu 09 Mar 2017 - 23:36
     ဘာစီလိုနာအသင်း ချန် ပီယံလိဂ်ကွာတားဖိုင်နယ်သို့ အံ့ အားသင့်ဖွယ်ရာတက်လာခြင်း သည် ချန်ပီယံဖြစ်လိုသော အခြားအသင်းများအတွက် သတင်းဆိုးဖြစ်သည်ဟု ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ပြောကြား သည်။
  • Thu 09 Mar 2017 - 21:55
     ၂၀၁၇ မြန်မာလိဂ်ပွဲစဉ် (၉)တွင် မကွေးနှင့် ရှမ်း၊ ဇွဲကပင် နှင့် ရန်ကုန်တို့ ထိပ်တိုက်တွေ့ဆုံ နေသည်။ မြန်မာလိဂ်ပွဲစဉ်(၉)ကို မတ်လ ၁၀၊ ၁၁၊ ၁၂ နှင့် ၁၄ ရက်တို့တွင် သက်ဆိုင်ရာ ဘောလုံးကွင်းများ၌ ကျင်းပမည်ဖြစ်သည်။ယခုနှစ်ရာသီတွင် ရုန်းကန်နေရ သော်လည်း ကစားပုံမာကျော သည့် မကွေးအသင်းက အမှတ် ပေးဇယား အဆင့်(၃)နေရာမှရှမ်းနှင့် ထိပ်တိုက်တွေ့ဆုံနေပြီး အကြိတ်အနယ် ပွဲကောင်းတစ်ပွဲဖြစ်လာဖွယ်ရှိသည်။
  • Thu 09 Mar 2017 - 21:53
     ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က မတ်လအတွက် ထုတ် ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် ယခင်လထက် အဆင့် ၁၃ ဆင့် လျော့ကျကာ ကမ္ဘာ့အဆင့်(၁၇၂)၌ ရပ်တည်နေသည်။

Pages

Subscribe to Sports