Sports

Schedule:

Standing:

Toplist:

Teams:

  • Tue 03 Oct 2017 - 00:02
     အင်္ဂလန်အသင်းခေါင်း ဆောင် ဝိန်းရွန်းနေ၏ နေရာကို အမြဲတမ်းအစားထိုးယူရန် ကြိုး ပမ်းမှုအဖြစ် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ၎င်းသည် အင်္ဂ လန်လက်ရွေးစင်အသင်း ခေါင်း ဆောင်များအနက် တစ်ဦးလို ခံစားရကြောင်း ပြောကြားသည်။
  • Tue 03 Oct 2017 - 00:02
    စပိန်နိုင်ငံ၏ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ကတ်တာလိုနီး ယားဒေသသည် ဗဟိုအစိုးရထံမှ ခွဲထွက်၍ သီးခြားနိုင်ငံအဖြစ် ရပ် တည်နိုင်ခြေရှိနေစဉ် ဘာစီလိုနာ အသင်း၏ လာလီဂါပြင်ပအခြား လိဂ်တစ်ခုသို့ ပြောင်းရွှေ့ကစား မည်ဆိုသော ပြောဆိုမှုများ ထွက် ပေါ်လာခိုက် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဘာစီလိုနာသာ ပရီးမီးယားလိဂ်သို့ြေ
  • Mon 02 Oct 2017 - 22:51
    ပရီးမီးယားလိဂ်အမှတ် ပေးဇယားတွင် ၎င်းတို့နှစ်သင်း ကြား တစ်မှတ်သာ ကွာခြားသော် လည်း အာဆင်နယ်နှင့် လီဗာပူး ကစားသမားသည် မတူခြားနား သော စိတ်ခံစားချက်ကိုယ်စီဖြင့် နိုင်ငံတကာပွဲများသို့ ခြေဦး လှည့်ခဲ့သည်။
  • Mon 02 Oct 2017 - 22:50
    အိမ်ကွင်းတွင် ဘန်လေကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အဲ ဗာတန်နည်းပြ ရော်နယ်ကိုးမန်းက ၎င်း၏ ကစားသမားများကို ကာ ကွယ်ပြောဆိုခဲ့ပြိး ၎င်း၏ အနာဂတ်နှင့် ပတ်သက်သော မေးခွန်းများ ကို ပယ်ချခဲ့သည်။  
  • Mon 02 Oct 2017 - 22:49
    စီးရီးအေတွင် ဂျူဗင် တပ်က အတ္တလန်တာနှင့် နှစ်ဂိုးစီ သရေကျခဲ့စဉ် နာပိုလီက ဂယ် ဂလီယာရီကို သုံးဂိုးပြတ်အနိုင်ရခဲ့ ပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် အမှတ် ပေးဇယားကို ဦးဆောင်နိုင်ခဲ့ သည်။
  • Mon 02 Oct 2017 - 22:49
    ကတ်တာလိုနီးယား ဒေသလွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲအပေါ် မိမိ ထောက်ခံမှုကို ပြဿနာတစ်ရပ် ဟု ယူဆပါက ကမ္ဘာ့ဖလားမတိုင် မီ လက်ရွေးစင်အသင်းမှ အနား ယူမည်ဟု ဘာစီလိုနာ နောက် တန်းလူ ဂျာရက်ပီကေးက ပြော သည်။
  • Mon 02 Oct 2017 - 22:32
    MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် နှင့် ဟဲဗီးဝိတ်တိုက်ခိုက်ရေးသမား ကင်မရွန်းနွယ်ဖွား အလိန်းဂါလာနီတို့ ယှဉ်ပြိုင်မည့်ပွဲအတွက် ကြိုတင်လက်မှတ်များကို အွန်လိုင်းမှ ရောင်းချပေးနေကြောင်း ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးကပြောသည်။
  • Mon 02 Oct 2017 - 22:32
     မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ထိုင်းခရီးစဉ် ပထမခြေစမ်းပွဲအ ဖြစ် ထိုင်းဖူဆယ်ကလပ် ဟိုင်း ဝေးအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ် သည်။ မြန်မာအသင်းနှင့် ထိုင်းဖူ ဆယ်ကလပ် ဟိုင်းဝေးအသင်းတို့ ခြေစမ်းပွဲကို အောက်တိုဘာ ၃ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံ ဘန် ကောက်မြို့၌ ယှဉ်ပြိုင်မည်ဖြစ် သည်။
  • Mon 02 Oct 2017 - 22:31
    မန္တလေးမြို့တွင် ယှဉ် ပြိုင်မည့် ခြေစမ်းပွဲတွင် အိမ်ရှင် မြန်မာအသင်းကို အနိုင်ရရန် အာရုံစိုက်ပြင်ဆင်ထားကြောင်း ထိုင်း လက်ရွေးစင်အသင်း နည်းပြချုပ် မီလိုဗန်ရာဂျီဗစ်ကပြောသည်။ မြန်မာ့လက်ရွေးစင်အသင်း နှင့် ထိုင်းလက်ရွေးစင်အသင်း သည် အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီခွဲတွင် မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ခြေ စမ်းမည်ဖြစ်သည်။ မြန်မာအသင်းသည် ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ရမည့် အာရှဖလား ခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်းအသင်းနှင့် ခြေစမ်းခြင်းဖြစ် သည်။
  • Mon 02 Oct 2017 - 22:30
    ရှမ်းနှင့် ရန်ကုန်အသင်း ယှဉ်ပြိုင်ခဲ့သည့် မြန်မာလိဂ်ပွဲစဉ် (၁၉)၌ တာဝန်ယူကိုင်တွယ်ခဲ့ သော ကွင်းလယ်ဒိုင် ဦးဝင်းထွဋ် ကို ယင်းပွဲတွင် တာဝန်ယူကိုင်တွယ်မှု အားနည်းချက်များရှိသ ဖြင့် ၂၀၁၇ မြန်မာလိဂ် လက်ကျန်ပွဲစဉ်အားလုံး၌ တာဝန်ပေးအပ်ခြင်း ရပ်စဲထားရန် ပြစ်ဒဏ်ချမှတ်ကြောင်း ဒိုင်လုပ်ငန်းဌာန စည်းကမ်းထိန်းသိမ်းရေးကော်မတီက သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၂၄ ရက်က တောင်ကြီးမြို့တွင် ယှဉ်ပြိုင်သည့် ယင်းပွဲ၌ ကွင်းလယ်ဒိုင် ဦးဝင်း ထွဋ်၏ တာဝန်ထမ်းဆောင်မှု သည် မျှတမှုမရှိကြောင်း ရှမ်းအသင်းက ပြိုင်ပွဲကျင်းပရေးထံ တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့ သည်။
  • Mon 02 Oct 2017 - 00:09
    လန်ဒန်- မန်စီးတီးကို စတမ်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအတွင်း ရရှိခဲ့ သည့် ကြွက်သားဒဏ်ရာကြောင့် တိုက်စစ်မှူး မိုရက်တာသည် လက်ရွေးစင်စပိန်အသင်း၏ ပွဲ များအတွက် ပါဝင်ကစားနိုင်မည်  မဟုတ်ကြောင်း ချယ်လ်ဆီးနည်း ပြအန်တိုနီယိုကွန်တီက ပြော ကြားသည်။
  • Mon 02 Oct 2017 - 00:08
    ဘာစီလိုနာ- စပိန်နိုင်ငံ၏ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ကတ်တာလိုနီး ယားဒေသတွင် နိုင်ငံရေးအခြေ အနေကြောင့် ဘာစီလိုနာနှင့် လာ ပါးမတ်စ်ပွဲကို ဖျက်သိမ်းရန် တိုက် တွန်းမှုများရှိခဲ့ပြီးနောက် ယင်းနှစ်သင်း တံခါးပိတ်၍ ပရိသတ်မပါဘဲ ယှဉ်ပြိုင်ခဲ့ရကာ ဘာကာက ၃−၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
  • Sun 01 Oct 2017 - 23:29
    ဒီဘရိုင်ကဲ့သို့ နှိမ့်ချတတ်သည့် ကစားသမားတစ်ဦးကို အသင်းအနေဖြင့် ပိုင်ဆိုင်ခွင့်ရရှိခြင်းမှာ ကံကောင်းကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောသည်။
  • Sun 01 Oct 2017 - 23:29
    စနေနေ့က အေမီယန်ကွင်းတွင် ကစားသော ဘောလုံးပွဲ၌ အရံအတားတစ်ခု ပြိုကျခဲ့ပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူ ငါးဦးအပါ အ၀င် လိုင်လီပရိသတ် ခုနစ်ဦး ဆေးရုံတင်ထားရပြီး ယင်းအဖြစ်အ ပျက်တွင် လူ ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။
  • Sun 01 Oct 2017 - 23:28
    မက်ဆီဒိုးနီးယား၊ အယ်လ် ဘေးနီးယားတို့နှင့် ကစားမည့်  ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အီတလီ၏ ၂၅ ဦး လူစာရင်းတွင် ယခင်ကစားသမားများ ပါဝင် သော်လည်း ခြေစွမ်းမှန် ပြန်ရနေ သော နိစ်တိုက်စစ်မှူး ဘာလော့ တယ်လီပါဝင်လာခြင်းမရှိပေ။
  • Sun 01 Oct 2017 - 23:27
    ချန်ပီယံလိဂ်တွင် ချယ်လ်ဆီးကို ရှုံးနိမ့်ပြီးနောက် အက်သလက်တီကိုမက်ဒရစ် သည် လာလီဂါတွင်လည်း လီဟာ နက်စ်ကို အနိုင်မကစားနိုင်ဘဲ ဂိုး မရှိသရေကျခဲ့သည်။
  • Sun 01 Oct 2017 - 20:59
     (၆)ကြိမ်မြောက် ရိုးမ- ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရ သွန်ပြိုင်ပွဲကို ၂၀၁၈ ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲဝင်ကစားသမား တစ်သောင်းခန့် ပါဝင်ယှဉ်ပြိုင်ရန် မျှော်မှန်းထားကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းပြိုင်ပွဲကို ၂၀၁၃ က စ တင်ကာ နှစ်စဉ်ကျင်းပနေပြီး ပ ထမအကြိမ်တွင် ပြိုင်ပွဲဝင်တစ် ထောင်ခန့် ပါဝင်သော်လည်း နှစ် စဉ် ပြိုင်ပွဲဝင်တိုးလာကာ နောက် ဆုံးကျင်းပခဲ့သည့် ၂၀၁၇ ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ရှစ်ထောင်ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။
  • Sun 01 Oct 2017 - 20:58
    ရန်ကုန်မြို့တွင် တတိယ အကြိမ် ကျင်းပမည့် ကမ္ဘာ့ချန်ပီ ယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC-3)၌ မြန်မာ့လက်ဝှေ့ ကျော် တူးတူး၊ စိုးလင်းဦး၊ စော ငမန်းတို့ ပြည်ပလက်ဝှေ့သမား များနှင့် ထိုးသတ်မည့် အဓိကတွဲဆိုင်းသုံးဆိုင်း ထွက်ပေါ်လာ သည်။
  • Sun 01 Oct 2017 - 20:57
     မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း နည်းပြချုပ်ရော်ဂျာကို လာမည့် ၂၀၁၈ အာဆီယံပြိုင်ပွဲအတွက် စာချုပ် သက်တမ်းတိုးမည်ဟု မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။
  • Sun 01 Oct 2017 - 20:56
     မြန်မာလိဂ် လက်ရှိချန် ပီယံ ရတနာပုံအသင်းအနေဖြင့် လိဂ်ပြိုင်ပွဲထက် ဗိုလ်ချုပ်အောင် ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကိုသာ အဓိကထားပြင်ဆင်မည်ဟု ရတ နာပုံနည်းပြချုပ် ရီနီကဆိုသည်။ ရတနာပုံအသင်းသည် မြန်မာလိဂ် ပွဲစဉ်(၁၉)အပြီးတွင် ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေး ဇယား တတိယနေရာ၌ ရပ်တည် နေပြီး အမှတ်ပေးဇယားထိပ်ဆုံး မှ ရှမ်းအသင်းနှင့် လေးမှတ်ကွာ ဟနေသည်။ လိဂ်လက်ကျန်သုံး ပွဲသာ ကျန်ရှိတော့ချိန်၌ လက်ရှိ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရန် ခက် ခဲကြောင်း ရီနီက၀န်ခံသည်။

Pages

Subscribe to Sports