Sports

Schedule:

Standing:

Toplist:

Teams:

  • Sun 28 Sep 2014 - 23:37
    ဘာစီလိုနာ−အသက် (၂၅) နှစ် အရွယ်မှာပင် လာလီဂါ၌ ဂိုး ပေါင်း ၂၀၀ သွင်းနိုင်ခဲ့သည့် ဘာစီလို နာတိုက်စစ်မှူးမက်ဆီသည် ဘာစီလိုနာအသင်းက ဂရန်နာဒါအသင်းကို ခြောက်ဂိုး ဂိုးမရှိ နိုင်ခဲ့သောပွဲတွင် ဂိုး ၄၀၀ ပြည့်နှင့် ၄၀၁ ဂိုးမြောက်ဂိုးများသွင်းယူနိုင်ခဲ့သည်။
  • Sun 28 Sep 2014 - 23:36
    ၂၀၁၄ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ၏ လေး စာအတွက် အကောင်းဆုံး နည်း ပြနှင့် အကောင်းဆုံးကစားသမား ဆုများကို လိဂ်ပြိုင်ပွဲနောက်ဆုံးရက်ဖြစ်သည့် စက်တင်ဘာ ၂၈ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
  • Sun 28 Sep 2014 - 23:35
    မြန်မာနေရှင်နယ်လိဂ် ရာသီပိတ်ပွဲ ပွဲစဉ်များအပြီးတွင် ချန်ပီယံ ရတနာပုံအသင်းမှာ ရမှတ်အများဆုံးဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး ရန်ကုန်အသင်းက ဒုတိယရရှိခဲ့သည်။
  • Sun 28 Sep 2014 - 23:33
     အင်ဒိုနီးရှားနိုင်ငံတွင် ဒီဇင်ဘာလ၌ကျင်းပမည့် အာဆီ ယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲ ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် တက္ကသိုလ်လက်ရွေးစင် ဘောလုံးသမား ၃၀ဦးကို ပဏာမ ရွေးချယ်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
  • Sun 28 Sep 2014 - 23:29
    (၁၇)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ၏ အသင်းလိုက် ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲ တွင် မြန်မာအမျိုးသမီးအသင်းက ထိုင်းအသင်းကို ရှုံးနိမ့်ကာ ငွေ တံဆိပ်သာ ရရှိခဲ့သည်။
  • Sun 28 Sep 2014 - 00:24
    စနေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်(၆) ပွဲများတွင် လီဗာပူး-အဲဗာတန် မာဆေးဆိုက်ဒါဘီမှာ ၁-၁ ဂိုးစီ သရေဖြင့်ပြီးခဲ့ပြီး မန်ယူ-ဝက်စ်ဟမ်းပွဲမှာ ၂-၁   ဂိုးဖြင့်လည်းကောင်း၊ ဟူးလ်စီးတီးကို အဝေးကွင်းတွင် သွားရောက်ကစားခဲ့သည့် မန်စီးတီးမှာ ၄-၂ ဂိုးဖြင့်လည်းကောင်း၊ ချယ်လ်ဆီးမှာ ဒဏ်ရာသက်သာလာသော ကော်စတာ ဂိုးသွင်းနိုင်
  • Sat 27 Sep 2014 - 23:42
    မက်ဒရစ်− စပိန်ထိပ်သီးအသင်းများဖြစ်သော ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့သည် ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ မူပိုင်ခွင့်များမှ ယူရိုသန်း ၁၄၀ ခန့်စီရခဲ့ပြီး ဂျာမန်ချန်ပီယံ ဥရောပထိပ် သီး ဘိုင်ယန်မြူးနစ်၏ ရုပ်သံမူပိုင်ခွင့် ရငွေများထက် လေးဆပိုများ ခဲ့သည်။
  • Sat 27 Sep 2014 - 23:41
    မန်ချက်စတာ− အောင်မြင်သော အသင်းများ တည်ဆောက်ရာတွင် နည်းပြလူးဝစ်ဗန်ဂါးလ်မှာ အထူး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဟု မန်ယူကွင်းလယ်လူ ဒါလီဘလိုင်း က ပြောကြားသည်။
  • Sat 27 Sep 2014 - 23:40
    ဆော်ပေါ်လို− နည်းပြများ၊ ကစား သမားများနှင့် ကလပ်ဒါရိုက်တာ များထံမှ ဝေဖန်ပြောဆိုမှုများ ပို များလာသောကြောင့် ဘရာဇီး နိုင်ငံတွင် ဘောလုံးဒိုင်လူကြီးများ က သပိတ်မှောက်မည်ဟု ခြိမ်း ခြောက်လျက်ရှိသည်။
  • Sat 27 Sep 2014 - 23:37
    ၂၀၁၄ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံရတနာပုံအသင်း ဂုဏ်ပြုပွဲ အခမ်းအနားကို စက်တင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့ အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 27 Sep 2014 - 23:36
  • Sat 27 Sep 2014 - 23:32
    အာရှယူ-၁၉ ပြိုင်ပွဲ  ပွဲစဉ်တစ်လျှောက် ကြည့်ရှုနိုင် မည့် လက်မှတ်များကို အောက်တိုဘာ ၁ ရက်မှစတင်၍ ကျပ် ငါးသောင်းဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ဦးဟိန်းစိုးထွန်းက ပြောသည်။
  • Sat 27 Sep 2014 - 23:30
     တောင်ကိုရီးယားနိုင်ငံ တွင် ကျင်းပလျက်ရှိသည့် (၁၇) ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲ၏ အသင်းလိုက်ပိုက်ကျော်ခြင်းပြိုင်ပွဲအကြိုဗိုလ်လုပွဲစဉ်တွင်  မြန်မာအမျိုးသမီးအသင်းက အင်ဒိုနီးရှားအသင်းကို အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
  • Sat 27 Sep 2014 - 20:13
    ပဏာမ မြန်မာ့လက်ရွေးစင် သဲသောင်ပြင်ဘောလုံးအသင်းသည် အာဆီယံပြိုင်ပွဲမတိုင်မီ မန္တလေးမြို့သို့ သွားရောက်လေ့ကျင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Fri 26 Sep 2014 - 23:07
    လီဗာပူးနည်းပြ ရော်ဂျာက  နွေအပြောင်းအရွှေ့ကာလတွင် အားထားရသော တိုက်စစ်မှူး ဆွာ ရက်ဇ်ကို လက်လွှတ်ခဲ့ရ၍ အသင်း၏ တည်ငြိမ်မှု ပျက်စီးခဲ့ရကြောင်း၊ သို့သော် အဲဗာတန်နှင့် မာဆေး ဆိုက်ဒါဘီပွဲတွင် ရလဒ်ကောင်း ပြန်လည်ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးသည် ပရီးမီးယား လိဂ်ရာသီအဖွင့် ငါးပွဲတွင် သုံးပွဲ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယား အဆင့် ၁၁ ၌ ရပ်တည်နေရသည်။“ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းတည်ငြိမ်မှုမျိုး ပြန်လည်ပြသနိုင်ဖို့ အာရုံစိုက်သွားရမှာ ဖြစ်ပါတယ်။ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပြီး ဆွာရက်ဇ်အပါအ၀င် အဓိကကစားသမားအချို့ကို ထွက်ခွာခွင့်ပြုခဲ့ရတဲ့အတွက် တည်ငြိမ်မှုရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ အဲဗာတန်နဲ့ ဒါ ဘီပွဲစဉ်မှာ ကစားသမားတိုင်း သူရဲကောင်းဖြစ်ခွင့်ရှိနေပါတယ်”ဟု နည်းပြ ရော်ဂျာက ဆိုလိုက်သည်။
  • Fri 26 Sep 2014 - 23:03
    ပြီးခဲ့သည့် နွေရာသီအ ပြောင်းအရွှေ့ ဈေးကွက်တွင် ပေါင်သန်း ၁၅၀ ကျော်အသုံးပြု ခဲ့ပြီးနောက် စိတ်ကျေနပ်လောက် စရာ ရလဒ်များ မစွမ်းဆောင်နိုင် သေးသည့် မန်ယူအသင်းအပေါ် မေးခွန်းထုတ်စရာများစွာ ရှိလာခဲ့ ရသည်။ အထူးသဖြင့် အမ်ကေဒွန်းကဲ့သို့ ပထမတန်းအသင်းမျိုး ကို လေးဂိုးပြတ်၊ လက်စ်တာစီးတီးကဲ့သို့ ချန်ပီယံရှစ် တန်းတက်အ သင်းမျိုးကို ၃-၁ဂိုးဖြင့် နိုင်နေရာမှ ၅-၃ဂိုးဖြင့် ပြန်လည်အရှုံးပေးခဲ့ ရသော ပွဲစဉ်များကြောင့် ဘော လုံးပွဲဝေဖန်လေ့လာသူများ၏ အာရုံသည် မန်ယူအသင်း နောက်တန်းအပေါ် ရောက်ရှိလာခဲ့ကြသည်။ ယခုအခါ ၀က်စ်ဟမ်းအသင်းနှင့် ရင်ဆိုင်ရမည့် မန်ယူအသင်းသည် နောက်တန်းပြဿနာကို အကြီး အကျယ်ရင်ဆိုင်ရနေပြီဟု မီဒီယာ များက သုံးသပ်ထားကြသည်။
  • Fri 26 Sep 2014 - 23:02
    ဘာစီလိုနာနည်းပြ လူးဝစ် အန်းနရစ်သည် နေမာနှင့် မက်ဆီ အပါအ၀င် အသင်းကစားသမား  များ လေ့ကျင့်ကွင်းသို့ အရောက် နောက်ကျပါက ဒဏ်ငွေ ပေါင် ၁,၂၀၀ အထိ ချမှတ်သွားရန် ပြင် ဆင်ထားကြောင်း သိရသည်။ မာ လာဂါနှင့် ဂိုးမရှိ သရေကျကာ လာလီဂါနိုင်ပွဲဆက် စံချိန်ရပ်တန့် ခဲ့ရပြီးနောက် နည်းပြ အန်းနရစ်က ကစားသမားများအနေဖြင့် လေ့ ကျင့်ရေးကွင်းသို့ လာရောက်ရာ တွင် တစ်မိနစ်နောက်ကျပါက ပထမဆုံးအကြိမ်တွင် ဒဏ်ငွေ ပေါင် ၁၅၀၊ ဒုတိယအကြိမ်တွင်  နှစ်ဆတိုးကာ ပေါင် ၃၀၀ နှင့် တတိယအကြိမ်တွင် ပေါင် ၆၀၀ ဒဏ်ငွေချမှတ်သွားမည် ဖြစ် သည်။ ဘာစီလိုနာနည်းပြ အန်းန ရစ်အနေဖြင့် အေဂျက်ဇ်အသင်း အား မန်ယူနည်းပြ ဗန်ဂါးကိုင် တွယ်စဉ်က စည်းကမ်းတင်းကျပ် မှုမျိုး အတုယူလုပ်ဆောင်နေခြင်း ဟု စပိန်သတင်းများက သုံးသပ် ဖော်ပြကြသည်။
  • Fri 26 Sep 2014 - 23:01
    အာဆင်နယ်နှင့် ရင်ဆိုင်ရ မည့် မြောက်လန်ဒန် ဒါဘီပွဲစဉ်မ တိုင်မီ စပါးနည်းပြ ပိုချက်တီနိုက မိမိအနေဖြင့် အသင်းတွင် အာ ဆင်နယ်နည်းပြ ၀င်းဂါးကဲ့သို့ ကာလရှည်ဖြတ်သန်းနိုင်ရန် မျှော်လင့် မိကြောင်း ပြောကြားလိုက်သည်။ အာဆင်နယ်နည်းပြ ၀င်းဂါးသည်  နည်းပြဘ၀တွင် စပါးအသင်းကို ပရီးမီးယားလိဂ်ပွဲစဉ် ၄၆ ပွဲအထိ  ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သည်။ “နည်း ပြ ၀င်းဂါးနဲ့ ကျွန်တော့်ကြားမှာ ဆက်ဆံရေးကောင်းရှိပါတယ်။သူဟာ အရည်အသွေးရှိတဲ့ နည်းပြကောင်းဖြစ်လို့ လေးစားမိပါ တယ်။
  • Fri 26 Sep 2014 - 23:00
    မန်ယူအသင်းသည် ရီးရဲလ် မက်ဒရစ်မှ ၎င်း၏တိုက်စစ်မှူး ဟောင်း စီရော်နယ်ဒိုကို ပြန် လည်ခေါ်ယူခဲ့ပါက ပြောင်းရွှေ့ ကြေး ပေါင်သန်း ၆၀ အပြင် ကစားသမား၏ တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၂၀ အပါအ၀င် ပေါင် သန်း ၁၄၀ ကျော်အထိ သုံးစွဲရ ဖွယ်ရှိကြောင်း သိရသည်။ ရော် နယ်ဒိုသည် ရီးရဲလ်တွင် မပျော်မ ရွှင်ဖြစ်နေရာ မန်ယူသို့ ပြန်လာရန်ဆန္ဒရှိနေပြီး မန်ယူနည်းပြ ဗန်ဂါး ကလည်း ၎င်းအားခေါ်ယူရန် ဆန္ဒ ရှိကြောင်း ပြောကြားထားသည်။  ရော်နယ်ဒို၏ ကိုယ်စားလှယ်များ က မန်ယူအသင်းထံမှ တစ်ပတ် လုပ်ခလစာ ပေါင် ၃၈၅,၀၀၀ နှင့် ညီမျှသော ပမာဏကို တောင်းဆို ဖွယ်ရှိနေသည်။ မန်ယူသည် နည်း ပြဟောင်း မိုရက်စ်လက်ထက်က  ရော်နယ်ဒိုအား ပြန်လည်ခေါ်ယူ ရန် ကြိုးပမ်းခဲ့သော်လည်း မ အောင်မြင်ခဲ့ပေ။
  • Fri 26 Sep 2014 - 22:50
    လီဗာပူးသို့ ယခုရာသီတွင် ယူရို သန်း ၂၀ ဖြင့် ပြောင်းရွှေ့လာသော အီတလီတိုက်စစ်မှူး ဘာလော့တယ်လီသည် အသင်းမှ ဘာစီလိုနာသို့ ပြောင်းသွားသော ဆွာရက်ဇ်ကဲ့သို့ပင် ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း နည်းပြဘရန်ဒန်ရော်ဂျာက ထုတ်ဖော်ပြောကြားလိုက် သည်။

Pages

Subscribe to Sports